အမျိုးသား စာပေဆုရ ဇာတ်ကားကို ရိုက်ကူးရမှာ ဖြစ်တဲ့ အတွက် တာဝန်ကြီးပါတယ် ကျော်ထက်

0
275

Kyaw-Htat-Aungအစီအစဉ် တင်ဆက်သူ အနေနဲ့ အောင်မြင်မှု ရရှိခဲ့ပြီး ပရိသတ်တွေရဲ့  အားပေးမှုတွေကြောင့် သရုပ်ဆောင် လောကထဲကို ဝင်ရောက် လာတဲ့ ကျော်ထက်က ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်၊ ဖွေးဖွေး၊ ရတနာဗိုတို့နဲ့ သရုပ်ဆောင် ခဲ့ပါတယ်။  “ပထမ ရှေ့ဇာတ်ကားမှာလည်း ကျွန်တော့်ရဲ့ ဆရာလို့ ပြောလို့ရတဲ့ ကိုအောင်ဇော်လင်း ရဲ့ သင်ကြားမှုနဲ့၊ ကိုဝိုင်းရဲ့ သင်ကြားမှု နှစ်ခုပေါင်း လိုက်တော့ သရုပ်ဆောင်ပညာ ဆိုတာ ဘယ်လောက် လေးနက်တယ်။ ဘယ် လောက် တည်ကြည်ပြီး ရင့်ကျက်တယ် ဆိုတာ သိရပါတယ်။ ဖွေးဖွေး ဆိုရင် အင်မတန်မှ ချစ်ဖို့ကောင်းတဲ့ ညီမလေးပါ။ အရမ်း ချစ်ဖို့ကောင်း ပါတယ်။ အင်မတန် မှ သဘောလည်း ကောင်းတယ်။ စိတ်ထားလည်း ကောင်းတယ်။ အတွေ့အကြုံသစ်တွေ လည်း အများကြီးရပါတယ်။ ကျွန်တော် နဲ့ ဖွေးဖွေး ကတောက်လျှောက်တွဲပြီး သရုပ်ဆောင်ရတာ ဆိုတော့ ဖွေးဖွေးနဲ့ ပိုပြီး စကားတွေ ပြောဖြစ် တယ်။ ရတနာဗိုက ကျတော့ သရဲ ခန်းတွေ၊ ညီမလေးခန်းတွေ များတယ်။ အလင်းရောင် နဲ့ကျတော့ တွဲရတဲ့ အခန်း နည်းတယ်။ ပျော်ဖို့ လည်း ကောင်းသလို ကိုယ့်ထက် အသက်ငယ်ပေမယ့် ဝါအရကြီး တဲ့ကလေးတွေ အားလုံး တော်နေ တာ တွေ့ခဲ့ ရပါတယ်” လို့ပြောပါတယ်။

ကျော်ထက်က ဇွန်လမှာ ဒီမိုကရေစီ ရက်သတ္တပတ် အတွက် နေခြည်မှာ ရွှေရည်လောင်း ဆိုတဲ့ ဇာတ်ကား ကို ကျောက်ပန်းတောင်း ဘက်မှာ သွားရောက် ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကား အတွက် အများကြီး ပြင်ဆင်ထားသလို တာဝန်လည်း ကြီးတယ်လို့ ဆိုတဲ့ ကျော်ထက်က

“ဆရာကြီး လယ်တွင်းသား စောချစ်ရဲ့ ပန်းမြိုင်လယ်က ဥယျာဉ် မှူး ဆိုတဲ့ ဇာတ်ကိုရိုက်မှာပါ။ အရင်က ပန်းမြိုင်လယ်က ဥယျာဉ်မှူး မဟုတ်ပါဘူး။ နာမည်တူတာပါ။ အဲဒါကို နေခြည်မှာ ရွှေရည်လောင်းဆိုပြီး ပေးထား ပါတယ်။ ထူးထူးခြားခြား အဲဒီ နာမည်လေး ကို ကျောင်းနဲ့ လည်း ဆက်နွှယ်နေအောင် ဘယ်လိုပေး ကြမလဲ ဆိုပြီး စဉ်းစားကြတော့ ကျွန်တော်က နေခြည်မှာ ရွှေရည်လောင်း ဆိုပြီး ငယ်ငယ်က သင်ခဲ့တဲ့ ကဗျာထဲက စာကြောင်းလေး တစ်ကြောင်းကို ပေးဖြစ်တဲ့အခါမှာ ကျွန်တော်ပေး တဲ့နာမည် လေးပေးဖြစ်တဲ့ အတွက် အင်မတန်မှ ဝမ်းသာမိပါတယ်။ ၁၉၇ဝခုနှစ် လောက်က ပုံစံမျိုးတွေ ပြန်ရိုက်မှာ ဆိုတော့ အများကြီး ပြင်ဆင် ရပါတယ်။ နောက် ပြီး အမျိုးသား စာပေ ဆုရတဲ့ ဇာတ်လမ်းကို ရိုက်ရမယ် ဆိုတော့ တာဝန်လည်း ကြီးပါတယ်။ ဆရာကြီး လယ်တွင်းသား စောချစ်ရဲ့ ဆရာဘဝကို ပြန်ရိုက်ရမှာ ဆိုတော့ အကောင်းဆုံး ကြိုးစားရမှာပေါ့။ ဆရာကြီးဆီ ကိုလည်း သွားပြီး လေ့လာစရာရှိပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here