ရဲရင့်အောင် ရဲ့ငယ်စဉ်ကအမှတ်တရဖြစ်ဖွယ်ပုံရိပ်တစ်ခု

0
227

Ye Yint Aung

လူတိုင်း၊ လူတိုင်းမှာ ငယ်စဉ်အခါက ချစ်စဖွယ်အမှတ်တရပုံရိပ်လေးတွေများစွာရှိတတ် ကြပါတယ်။ ငယ်စဉ်ကလေးဘဝ အတိတ်ကာလဆိုတာ ဘယ်တော့မှပြန်လည် မရရှိနိုင်တော့ တဲ့၊ ပြန်တွေး လိုက်တိုင်း လွမ်းစရာတွေ အပြည့်နဲ့ ဖြစ်နေတဲ့ ခံစားမှုအတွေး ပုံရိပ်လေးတွေပါ။ အနုပညာ ရှင်တွေမှာလည်း ငယ်စဉ်က အမှတ်တရဖြစ်ဖွယ် ချစ်စရာပုံရိပ်တချို့ရှိတတ်ကြပါတယ်။ အခုက လူမှုကွန်ရက်ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ခေတ်ဆိုတော့တချို့သောအနုပညာရှင်တွေက သူတို့ရဲ့ငယ်ဘဝ ပုံရိပ်လေးတွေကို သူတို့ပရိသတ်တွေအတွက် အမှတ်တရအနေနဲ့ သူတို့လူမှုကွန်ရက်တွေမှာ တင်လေ့ရှိကြပါတယ်။ ဘာပဲပြောပြော ကြည့်ရတဲ့ ပရိသတ်လည်း သူတို့ချစ်တဲ့ အနုပညာရှင်ရဲ့ ငယ်စဉ် ကလေးဘဝက ဒီလိုပုံလေးလားပေါ့ဆိုပြီး အမြင်ဆန်းစေပါတယ်။

အဆိုတော် ရဲရင့်အောင်ဆိုရင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ဓာတ်ပုံတင်လေ့မရှိပေမယ့် သူတင်လိုက်တဲ့ ပုံလေးတွေဟာ သူ့ပရိသတ် (Family) တွေအတွက်တော့ သဘောကျနှစ်ခြိုက် ဖွယ်ပုံလေးတွေပါ။ ရဲရင့်အောင် ငယ်ငယ်တုန်းက ပုံလေးတစ်ပုံကို သူ့ဖေ့စ်ဘုတ်မှာတင်ခဲ့တုန်းက သူ့ပရိသတ်တွေကြားမှာ အမှတ်တရ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရဲရင့်အောင်ပြောခဲ့တာက “ကိုယ်ငယ်စဉ်နုစဉ် သူငယ်တန်းဆိုတဲ့ ကာလတစ်ခုဆီကပေါ့။ ကျောင်းသားဟောင်းအနေနဲ့ကျောင်းရောက်တိုင်း၊ လမ်းမှာတွေ့တိုင်း ဘယ်တော့မှမမေ့တတ်တဲ့ဆရာမ ဒေါ်တင်တင်မြင့် (R.I.P)ကိုလည်း အရမ်းသတိရပါတယ်။ အဲဒီအချိန်က ကိုယ်နဲ့အတူတူ ၃ အလီမရလို့  ဒဏ်ပေးခံရတဲ့ ကိုယ့်သူငယ်ချင်း တောင် ၁ဝတန်း ကလေးတွေကို စာပြပေးတဲ့ Guide ဆရာဖြစ်နေပြီ။သြော်….. Time flies …” လို့ဆိုပြီး လွမ်းလွမ်း ဆွေးဆွေး ရေးသားထားတာဖြစ်ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here