ရတနာပုံ ဇာတ်လမ်းတွဲမှာ ကိုယ့်ကိုယ်ကိုယ် အားမရသေးဘူး ဆိုတဲ့ ဇွန်သံစဉ်

0
196

Zun-Than-ZinMiss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ်က ပြိုင်ပွဲ အတွက်လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ် နေတဲ့အပြင် မျက်နှာ ခွဲစိတ်ဖို့လည်း လုပ်နေတယ်လို့ ဆိုပါ တယ်။ “ပြိုင်ပွဲကာလက ၆လ လောက်တော့ လိုပါသေး တယ်။ ပြိုင်ပွဲအတွက် အကောင်းဆုံး ကြိုးစား မယ်။ ညီမ မျက်နှာ ခွဲစိတ်ဖို့ တော့ရှိတယ်။ ဒါပေမဲ့ ကိုယ့်ရုပ်ကြီး လုံးဝ ပြောင်းထွက် သွားအောင် ခွဲစိတ်မှာတော့ မဟုတ်ဘူး။ ဒီအရုပ်ခံ ကိုပဲပိုပြီးကြည့်ကောင်း အောင် လိုအပ်တာလေး ပြင်ဆင်သွားမှာပါ” လို့ ဇွန်သံစဉ်က ပြောပါတယ်။

ဇွန်သံစဉ်ကသူ့ရဲ့ ပထမဦးဆုံး “ရတနာပုံ” ဇာတ်လမ်းတွဲမှာ ကိုယ့် ကိုယ်ကိုယ် အားမရသေးတဲ့ အတွက် နောက်ဇာတ်ကား တွေမှာ ထပ်ကြိုးစား သွားမယ်လို့ ဆိုပါတယ်။

“ရတနာပုံ ဇာတ်လမ်းတွဲ လေးထွက်လာတော့ ညီမ သရုပ်ဆောင်တာကို ပရိ သတ်တွေက အားပေးကြ တာကိုတွေ့ရတယ်။ အား လည်း အားရတယ် လို့ ပြော ကြတယ်။ ဒါပေမဲ့ ညီမက အား မရသေးဘူး။ ထပ်ပြီးတော့ကြိုးစား သွားမှာပါ။ ညီမက စကားပြောမြန် တဲ့အတွက် အဲဒါလေးကို နည်းနည်းလေး ထိန်း ပြီးတော့ နောက်ဇာတ်ကားတွေ ရိုက် ကူးတဲ့ အချိန်ကြိုးစားသွားမှာပါ” လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here