လူသားတိုင်း အချစ်နဲ့ မကင်းနိုင်တာက လောကဓမ္မတာပါ။ သို့သော် အချစ်မှာတော့ ဝိဝါဒကွဲပြားနေတာမျို့း ဖြစ်တည်နေတာကလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ချစ်ခြင်းအသွင်သဏ္ဌာန်အပေါ်မူတည်ပြီး ပူလောင်တဲ့ အချစ်နဲ့ အေးချမ်းတဲ့အချစ်ဆိုတာလည်း ဖြစ်တည်တတ်ကြပါတယ်။
အခုခေတ်မှာတော့ အချစ်နဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတွေ၊ ချစ်သူနှစ်ဦးကြားကြီးထွားတဲ့ ပြဿနာမျိုးတွေကို များသောအားဖြင့် တွေ့ရပါတယ်။ အရင်ခေတ်ကာလများကတော့ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေက အခုခေတ်လောက် ကြီးထွားမှုမရှိခဲ့တာ တွေ့ရပါတယ်။ အဲဒီအပေါ်မှာ ဆရာမဂျူးရဲ့အမြင်ကို မေးကြည့်တဲ့အခါမှာတော့…
” အဲဒါကတော့ လူမှုရေးပေါ်မှာ မူတည်သွား ပြီလေ။ ဒီခေတ်ကတော့ ပြောင်းလဲတာအမှန်ပဲ။ တန်ဖိုးထားမှုတွေ ပြောင်းကုန်တာပါ။ အရင်ခေတ်တုန်းကဆိုရင် ချစ်ခြင်းမေတ္တာပေါ့။ နှလုံးသားနဲ့ စိတ်၊ ချစ် ခြင်းမေတ္တာ၊ နူးညံ့တယ်။ ပျော့ပျောင်းတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီခေတ်ကတို့တွေဟာ ဂီတကိုလည်း စိတ်ဝင်စားတယ်။ အဲဒီခေတ်တုန်းက ဂီတဟာလည်း နည်းနည်းသာယာငြိမ့်ညောင်းတဲ့ ဂီတမျိုး။ အဲဒီ ဂီတထဲမှာလည်း သဘာဝပတ်ဝန်းကျင်ကို ဖွဲ့တာတို့၊ ချစ်ခြင်း မေတ္တာကို ဖွဲ့တာတို့က များတယ်။ အခု ဒီဘက် ခေတ်မှာကျတော့ ကိုယ့်ဆီကို ဝင်လာတဲ့ ဂီတတွေ ရုပ်ရှင်တွေ၊ အကြမ်းဖက်ခြင်းကို လှုံ့ဆော်ပေးတယ်လို့ ခံစားရတဲ့ဂီတမျိုးတွေ။ အဲဒါတွေက အများကြီးပဲ ဝင်လာတယ်လေ။ ပြီးတော့ တို့တွေငယ်ငယ်တုန်းကဆိုရင် ဆရာကြီး မင်းသုဝဏ်ရဲ့ကဗျာတွေ၊ ဆရာ ကြီးဇော်ဂျီရဲ့ကဗျာတွေနဲ့ ကြီးပြင်းခဲ့ကြတယ်ပေါ့။ အဲဒီလို ကြီးပြင်းခဲ့တဲ့အခါကျတော့ သူတို့ရဲ့ စိတ် ခံစားမှုက ကိုယ့်ဆီကို ဝင်လာတယ်။ အဲဒီလိုဝင်လာ တဲ့အခါ စိတ်က နူးညံ့တယ်၊ ဖြူစင်တယ်၊ သိမ်မွေ့တယ်။ တော်ရုံတန်ရုံ မမိုက်ဖြစ်တော့ဘူးပေါ့နော်။ အခုကျ တော့ အဲဒီကဗျာတွေနဲ့ တို့ရဲ့ လူငယ်တွေက ဝေးကြ တယ်။ ဝေးကြပြီးတဲ့ နောက်မှာပေါ့။ ဥပမာ တီဗီဂိမ်းတို့၊ ကွန်ပျူတာဂိမ်းတို့၊ အင်တာနက်ဂိမ်း တို့ အဲဒီ ဂိမ်းတွေက အနိုင်ရဖို့ဆိုတာ အရေးကြီးလာပြီ။ အဲဒီလို အရေးကြီး တဲ့အခါကျတော့ သူတို့ရဲ့ စိတ်ဓာတ်တွေ၊ အမူအကျင့်တွေကလည်း အဲဒီဘက်ကို နည်းနည်းရောက် လာမယ်ပေါ့။ အဲဒီတော့ ခြုံကြည့်လိုက်လို့ ရှိရင် စာဖတ်ခြင်းနည်းလာပြီးတော့ ဒီလှုပ်ရှားမှု ကြမ်းတမ်းမှု၊ အဲဒီဟာတွေပေါ်မှာ ညွတ်လာတဲ့ စိတ်က ချစ်သူချင်း မှာလည်း တန်ဖိုးထားမှုတွေ လျော့သွားစေလိမ့်မလား ပေါ့။
တို့ တွေးကြည့်တာပေါ့။ ဟုတ်ချင်မှလည်း ဟုတ် မယ်ပေါ့။ ဒါတစ်ယောက်တည်းရဲ့ အမြင်ပေါ့။ အဲဒီလို တွေးကြည့်ရင်းနဲ့ မြတ်နိုးတွယ်တာတဲ့စိတ်။ လူတစ်ယောက်က ကိုယ်ချစ်တဲ့အရာ တစ်ခု၊ ကိုယ်မြတ်နိုးတဲ့ အရာတစ်ခုကို ဘယ်တော့မှ မဖျက်ဆီးဘူး။ အဲဒီတော့ အချစ်နဲ့ တကယ်တမ်း လိင်နဲ့မတူဘူးလေ။ လိင်ဆွဲ ဆောင်မှုကြောင့် ဆိုလို့ရှိရင် ဒါဟာ ချစ်တာနဲ့မဆိုင်ဘူး။ ကိုယ်ချစ်တဲ့အရာတစ်ခုကို ဘယ်တော့မှ မဖျက်ဆီးဘူး။ ပန်းကလေးတစ်ပွင့်ကို ကိုယ်ချစ်ရင် အဲဒါကို မခြွေဘူး။ အခုဖြစ်နေတဲ့ ကိစ္စတော်တော်များများဟာ အချစ် နဲ့မဆိုင်ဘဲနဲ့ စိတ်ြ<ွကမှုနဲ့ဆိုင်မယ်။ နောက်ပြီးတော့ အမုန်းတွေနဲ့ ဆိုင်မယ်။ နာကြည်းမှုတွေနဲ့ ဆိုင်မယ်။ ကြမ်းတမ်းမှုတွေနဲ့ ဆိုင်မယ်။ တချို့က ဆေးအကူ အညီတွေနဲ့လည်း ဆိုင်မယ်ပေါ့။ အဲဒီတော့ အားလုံးကို ပြန်ပြီး နူးညံ့အောင် ဆိုလို့ရှိရင် နူးညံ့သော ကဗျာလေး တွေ၊ စာလေးတွေကိုဖတ်ဖို့ တွန်းအားပေးရမယ်လို့ ကျွန်မကတော့ ထင်ပါတယ်။ အဲဒါဆိုလို့ရှိရင် လူတွေက စိတ်ထဲမှာ ပိုပြီးတော့ နူးညံ့သိမ်မွေ့လာမယ်။ တကယ့် ချစ်ခြင်းမေတ္တာကို နားလည်လာမယ်။ ကရုဏာကို နားလည်လာမယ်၊ ရသကိုးပါးကို နားလည်လာမယ်။ ကိုယ့် ကိုယ်ကိုယ် လိမ္မာလာအောင် စာတွေထဲကနေပဲ ယူရတာလေ။ စာဖတ်ခြင်းအားဖြင့် အဆိုးအကောင်းအကျိုးအကြောင်းအမှားအမှန် ခွဲခြားသိတယ်လေ။ စာများ များ မဖတ်ရင်ဒီလိုအဖြစ်မျိုး ဖြစ်မယ်လို့ မထင်ပါဘူး” လို့ ပြောပါတယ်။
မျိုးကျော် (ကနောင်သွေး)