မိဘနဲ့ သားသမီးကြား ရိပ်ဖြန့်မိုးထား ချစ်ခြင်းမေတ္တာတရား

0
114

familyဇွန်လ ၁ ရက်နေ့က နိုင်ငံတကာ ကလေးများ နေ့ဖြစ်ပါတယ်။ ပေါ်ပြူလာ ဂျာနယ် အနေနဲ့ကလည်း ဒီဇွန်လမှာ နှစ် ၂ဝပြည့် ကာလ လည်းဖြစ်ပြန်တော့ အမှတ်တရ တင် ဆက်မှု ကဏ္ဍ တစ်ခုအဖြစ် သားသားမီးမီးလေး တွေရှိတဲ့ အနုပညာ ရှင်တွေနဲ့အတူ ရိုက်ကူး တင်ဆက်မှုတစ်ခုကို ပြုလုပ်ဖြစ်ပါတယ်။

ဒီစိတ်ကူးပုံဖော်ဖြစ်တဲ့ အထူးတင်ဆက်မှု ကဏ္ဍမှာ ပါဝင်တဲ့ အနုပညာရှင်တွေ ကတော့ သားစိုးနဲ့ သားလေးပန်းသီး၊ ရတနာခင်နဲ့  သားကြီးဇွဲဦးထက်၊ သားလတ် ထွန်းမြတ်ဦး၊ သားငယ် ကောင်းဆက်ဦး၊ မျိုးစန္ဒီကျော်နဲ့ သမီးလေး အိမ်စည် မြင့်မိုရ်ကျော် တို့ရဲ့ ချစ်စဖွယ်၊ ကြည်နူးဖွယ် ပုံရိပ်တွေကို ရိုက်ကူး တင်ဆက် ဖြစ်ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ ကလေးများနေ့ကို ဂုဏ်ပြုရင်း ပေါ်ပြူလာနှစ် ၂ဝပြည့် အထူးထုတ်မှာ တင်ဆက်တဲ့ မိဘနဲ့ သားသမီးကြားရိပ်ဖြန့်မိုးထား ချစ်ခြင်းမေတ္တာတရား ကဏ္ဍလေးကို တင်ဆက်လိုက်ပါတယ်။

ZAW_9091ရတနာခင်

“အစ်မ သားသုံးယောက် မွေးထားတယ်။ သားအကြီးဆုံးက ဇွဲဦးထက်။ အသက် ၁၁ နှစ်၊ အလတ် က ထွန်းမြတ်ဦး၊ အသက် ၄ နှစ်၊ အငယ်ဆုံးလေး က ကောင်းဆက်ဦး အသက် ၂ နှစ်ခွဲပါ။ မိဘမေတ္တာ ဆိုတာက မိဘဖြစ်လာ လို့ရှိရင် ကိုယ့် သားသမီးကို အကောင်း ဆုံး ဖြစ်စေ ချင်တဲ့ စိတ်တွေ၊ စိတ်ပူတဲ့ စိတ်တွေ က မိဘတိုင်းမှာ ရှိကြမှာပဲ။ ဘယ်မိဘမှတော့ လျော့ကြမှာ မဟုတ်ဘူး။ အစ်မ တို့က လည်း ကိုယ်တကယ် သားသမီးရလာတဲ့အခါမှာ ကိုယ့်မိဘကို ကိုယ်ချင်းစာ တတ် လာတယ်။ ကိုယ့်သားသမီးကို အရမ်း စိုးရိမ်တတ် တယ်။ တစ် ခုခု မှားယွင်းသွားမှာ လည်း စိုးရိမ်တယ်။ သူတို့ မလိမ္မာမှာလည်း စိုးရိမ်တယ်။ အဘက် ဘက် က စိုးရိမ်နေလို့ မရတာတွေ ရှိတယ်။ အစ်မတို့ဘက် ကလည်း သူတို့ကို ငယ်သေးတော့ ဒီအရွယ်မှာ ပညာ ရေးဘက်ကို အားပေးပေးရတယ်။ သူတို့ ဘာကို ဝါသနာပါလဲ။ အား ကစားပဲဖြစ်ဖြစ် အဲဒါကို အားပေးရတယ်။ အ ခုခေတ် မှာက အဖေရော၊ အမေရော အလုပ်တွေ လုပ်ကြ တယ်။ နိုင် ငံခြားတွေ သွားကြတယ်။ အိမ်မှာ အဘိုး အဘွားနဲ့ပဲဖြစ်ဖြစ် အထိန်းတွေနဲ့ပဲဖြစ်ဖြစ် ထားကြ တာ များတယ်။ အစ်မတို့ ငယ်ငယ် တုန်းက ခေတ်မှာ အဲဒီလို သိပ်မရှိဘူး။ အစ်မ တို့ငယ်ငယ်တုန်းက ခေတ် မှာ အမေတွေက အလုပ် မလုပ်ကြတာများတယ်။ အခု ဒီဘက်ခေတ် အစ်မတို့ ကိုယ်တိုင် မိဘဖြစ်လာမယ့် အရွယ်မှာ အမေတွေက အလုပ်လုပ် ကြတာ များတယ် ။ ကျောင်း လခတွေ လည်း ဈေးကြီးနေတယ် ဆိုတော့ အဖေရော၊ အမေရော နှစ် ယောက်စလုံး ရှာကြတာ။ ဒါပေမဲ့ ရသမျှ အချိန် ကိုတော့ ကိုယ့်သားသမီး အတွက် ပေးကြပါလို့။ ကလေးတွေက ဒီအချိန်ပဲ ကိုယ်နဲ့ နီးနီးကပ်ကပ်နေရမှာ။ သူတို့ ကျောင်းသွားတက်တဲ့ အရွယ်တွေ ဖြစ်လာပြီ ဆိုရင် ကိုယ့် အနားမှာ ကပ်ပါလို့ ပြောရင်တောင် ကပ်ချင်မှာမဟုတ်ဘူး။ ဒီအရွယ်မှာ သူတို့ကို နွေးထွေး တဲ့ မေတ္တာ နဲ့ ပေး ရမယ်။ ငယ်ငယ်လေး ကတည်းက ကိုယ်လိုချင်တဲ့ ပုံစံလေး ဖြစ်အောင် ဆုံးမပြီး ပုံသွင်းပေးရမယ်။ အစ်မအနေနဲ့က သားတွေကို အိမ်ထောင်တစ်ခုမှာ ယောက်ျား လေးက အဓိကပဲ။ အစ်မမွေးထားတာ သားတွေဆိုတော့ သူတို့ မိသားစုကို ရှာဖွေကျွေးမွေး ရမှာဆိုတော့ သူတို့မိသားစုကို တင့်တင့်တယ်တယ် ထားနိုင်တဲ့၊ သူတို့ ခြေထောက်ပေါ် သူတို့ ရပ်နိုင်တဲ့ သားတွေ ဖြစ်စေ ချင်တယ်။ အလုပ် တစ်ခုကို အောက်ခြေ ကနေ စပြီးတော့ လုပ်နိုင်မယ့် သားလေးတွေ ဖြစ်စေချင်တယ်။ အောက်ခြေ အကုန်လုံးကို နားလည်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေ ဖြစ်စေချင် တယ်။ သူတို့က ငယ်သေးတော့ ဒီအရွယ်မှာ ဘာဝါသနာပါလဲ ဆိုတာ ပြောလို့မရ သေးဘူး။ သားအကြီးဆုံး ကတော့ အခု ရေကူးတာ ဝါသနာပါတယ်။ အငယ်လေး တွေက အရမ်း ငယ်သေးတော့ သူတို့ ဘာဝါသနာပါလဲ ဆိုတာ မသိရသေးဘူး။

ZAW_9248သားစိုး

“ပန်းသီးကတော့ အိမ်မှာ စူပါဟီးရိုး ဇာတ်လမ်းတွဲတွေ အကြည့် များတယ်။ သီချင်းတွေ ဘာတွေလည်း သူလိုက်ဆိုတယ်။ သူက အခု လေးနှစ်ကျော် ပြီ။ ကျောင်းစ ထားနေပြီ။ ကျွန်တော့် အနေနဲ့ ကတော့ သူ့ကိုဘာဖြစ် စေချင်တာ၊ ညာဖြစ်စေ ချင်တယ်တော့ မရှိပါဘူး။ သူဖြစ်ချင်တာ ကိုပဲ ဘေးကနေ ပံ့ပိုးပေးမှာပါ။ အဓိက က တော့ သူ့ကို ပညာတတ်အောင် သင်ပေးမယ်။ ဦးနှောက် ရှိအောင် သင်ပေးမယ်ပေါ့။ ကလေး အရွယ်မှာ ကတော့ မိဘနဲ့ နီးနီး ကပ် ကပ်နေတာ ကောင်းပါတယ်။ တချို့အကြောင်းကြောင်းကြောင့် မိဘနဲ့အတူ မနေ နိုင်တဲ့ ကလေးတွေလည်း ရှိတယ်။ အဲဒါကတော့ ကျောင်းမှာပဲ သင်ကြား ရတာပေါ့။ သူတို့ လည်း နောက်ပိုင်းဆို မိဘနဲ့ အတူနေတဲ့ အချိန်ထက် ကျောင်း သွားရမယ့် အချိန်က ပိုများလာတော့မှာ။ အဲဒီ တော့ ကျောင်းတွေ အနေနဲ့လည်း ပညာရေး သာမက အစစအရာရာ ကလေး တစ်ယောက် အတွက် ပြည့်စုံတဲ့ သင်ကြားမှုမျိုး ရှိသင့်ပါတယ်”

ZAW_8973မျိုးစန္ဒီကျော်    

“သမီးလေး နာမည်က အိမ်စည်မြင့်မိုရ်ကျော်။ အိမ်နာမည် က Jowel  လို့ ခေါ် ပါတယ်။ အသက်က ၂နှစ်ခွဲ ရှိပါပြီ။ ကလေး တစ်ယောက် ကို ပြုစု ပျိုးထောင်ရတာ ပင်ပန်း ခက်ခဲ ပါတယ်။ ပင်ပန်းတယ် ဆိုတာ အစ်မ အပျိုဘဝ ကတည်းက အမေ ကပဲ အကုန် လုံး နောက်ကလိုက်လုပ် ပေးခဲ့တာမျိုး ဆိုတော့ ကလေးရတဲ့ အခါမှာ အစ်မ ဘာမှ မလုပ်တတ်ဘူး။ မလုပ်တတ်တဲ့ အခါ ကျတော့ စာတွေ ဖတ်တယ်။ စာအုပ်တွေ ဖတ်တယ်။ ခက်ခဲမှုက မွေးခါစတုန်းက ကလေး သေးသေး လေးကို အနှီး လဲပေးတာတွေ အစ်မ မလုပ် တတ်ဘူး။ လုံးဝလည်း မကိုင်ရဲဘူး။ အစ်မက သူ့ကို မကိုင်ရဲဘူး။ ဒါပေမယ့်  Nurse ဆိုလည်း ခဏပဲ ငှားပါတယ်။ ကိုယ်တိုင်ပဲ အနီးကပ် ကလေး ကို ပြုစုချင်တယ်။ အဲဒီ အတွက် ကိုယ်တိုင်ပဲ အသေးစိပ် သင်ပြီး ငယ်ငယ်လေး ကတည်းက သူရေချိုးတာ က အစ အစ်မကိုယ် တိုင်ပဲ လုပ်ခဲ့တယ်။ ကလေး ကို ဒီအရွယ်မှ မဟုတ်ဘူး။ ငယ်ငယ် က နေ တော် တော် ကြီးတဲ့ အထိ လွှတ်ထားလို့ မရဘူး။ သူတို့ကို မျက်ခြည် မပျက် လိုက်ကြည့်ဖို့လိုတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က နားမလည်ဘူး။ ဒါကို လုပ်ရမယ်၊ မလုပ်ရဘူး ဆိုတာကို နားမ လည် ဘူး။ လုပ်ချင် လုပ်လိုက်မှာပဲ။ ဒီတော့ အစ်မက နေ့ညမပြတ် အနီးကပ်က အစ်မ အမေ ရှိတယ်။ အမေ ညီမ ရှိတယ်။ အစ်မ ကတော့ အနီးကပ် ၂၄ နာရီ အမြဲရှိတဲ့ အတွက်  သူ့ကို အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်ပါတယ်။ အစ်မက အနီး ကပ်နေတဲ့ အ တွက် သမီးအပေါ်ကို အမိရော၊ အဖ ရော အဲဒီနှစ်နေရာ စလုံး အတွက် မေတ္တာတွေကို အပြည့်အဝ ပေးနိုင်တယ်လို့ အစ်မထင်တယ်။ သမီးလေး ရဲ့ လိုအပ်မှု မှန်သမျှကို မိခင် တစ်ယောက် အနေနဲ့ရော၊ မိဘရဲ့ တာဝန်ဝတ္တရားအရပါ အပြည့်အဝ ကို ဖြည့် ဆည်း ပေး ချင်တာပါ။ အစ်မကတော့ သမီးလေးကို ပညာ တအားတတ်ပြီး တော့ သူများကို အားကိုးတာ မဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုယ် ကိုယ့်ဒူး ကိုယ်ချွန် ပြီးတော့ သူများက ချစ်ခင်ရတဲ့ လေးစားရတဲ့ သူဖြစ်စေချင်တယ်။ သူ့အတွက် ပညာရေး ကိုတော့ အဓိက လုပ်ပေး သွားမယ်။ အနုပညာ ဝါသနာ ပါတယ်။ အစ်မရဲ့အနုပညာပိုးက သမီးလေးဆီမှာ ပါလာတယ် ဆိုလည်း အစ်မက နောက်ကနေ အကောင်းဆုံး ပံ့ပိုးပေးသွားမယ်။ သမီးလေးက အခု ပြက္ခဒိန်တွေ အတွက် ဓါတ်ပုံတွေ ရိုက်နေပြီ။  ကြော်ငြာ ရိုက်ကူးမှုတွေ အတွက် လာကမ်းလှမ်း လာရင်တော့ သမီးတ အား မပင်ပန်းစေဘူးဆိုရင် ပေး ရိုက်မှာပါ။ သူက လည်း ဓာတ်ပုံရိုက်ရ တာ ဝါသနာပါနေပြီ။ အိုက်တင်တွေလည်း လုပ် တတ်နေပြီ”

တွယ်တာ၊ ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here