ဒွါဒသမ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲနဲ့ ရွှေတို့ပျော်တဲ့ည

0
223

MIN_0307ရွှေအမြုတေရဲ့ စာပေဆုပေးပွဲ ကျင်းပလာခဲ့တာ အခုဆိုရင် ဒွါဒသမ အကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စာပေ လောကရဲ့ထူးချွန်ဆု အဖြစ် အစဉ် အလာ ကြီးမားစွာ နဲ့စည်ကားခဲ့တဲ့ ဒွါဒသမ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကိုတော့ မေလ၂၇ ရက်နေ့ ညချမ်းချိန်ခါမှာ ရန်ကုန်မြို့ အရှေ့ မြင်းပြိုင်ကွင်းလမ်းက  Sky Star ဟိုတယ်မှာ စည်ကားစွာ ကျင်း ပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ တော့ ဆရာဦးဝင်းငြိမ်း(ရွှေအမြု တေ)က  ပြောကြားရာမှာတော့..

“အခုဆိုရင် ရွှေအမြုတေ ဆုပေးပွဲ ကျင်းပလာတာ ဒွါဒသမ အကြိမ်မြောက် ရှိခဲ့ပါပြီ။ ကျွန်တော် နှစ်စဉ် ရွှေအမြုတေ စာပေ ဆုပေးပွဲ ကျင်းပနိုင်ခဲ့တာ ကျွန်တော့်မိတ်ဆွေ တွေ ဝိုင်းဝန်းပံ့ပိုး ကူညီကြလို့သာ ကျွန်တော် ဒီပွဲကို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါ တယ်။ နှစ်တိုင်းပွဲ တစ်ခု နီးလာပြီ ဆိုရင် ကျွန်တော် ညည်းလေ့ရှိပါ တယ်။ နောက်နှစ်တော့ မလုပ်တော့ပါ ဘူးကွာ ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့ ဒွါဒသမ အကြိမ် နှစ်ပြည့်မြောက်ခဲ့ ပါပြီ”လို့ ပြောပါတယ်။

အခုနှစ် ရွှေအမြုတေစာပေ ဆုပေးပွဲမှာတော့ ရွှေအမြုတေ စာပေ ဆုအမျိုးအစား ၈မျိုးကို ဆုရွေးချယ် ပေးအပ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ပရိသတ် အကြိုက် ရွှေနှလုံးသားဆုကို ပေးအပ် ခဲ့ရာမှာတော့ ဆရာတိုးနောင်မိုးရဲ့ ခြေဖျားထောက် စီးတဲ့မြစ် ဝတ္ထုတို (၂ဝ၁၆ခုနှစ် – ဇန်နဝါရီလ- ရွှေအမြု တေမဂ္ဂဇင်း) နဲ့ ဆရာစိုးသူရရဲ့ တော မီးဝတ္ထုတိုက ပရိသတ် အကြိုက် ရွှေ အသစ်ဝတ္ထုတို ဆုရရှိခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ကလေးငယ်များရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အကာအကွယ်ပေးမယ့် ပုံကို ဖော်ကျူး ထားတဲ့ ဆရာမမိကုဋေရဲ့ ပုန်းခိုစရာ အခွံပါမလာတဲ့ ဒဏ်ရာ (၂ဝ၁၇ခုနှစ်- ဇန်နဝါရီလ – နှင်းဆီဖြူ မဂ္ဂဇင်း) က ရွှေအမြုတေ ကဗျာဆု၊ ဆရာမ မသီ တာ (စမ်းချောင်း)ရဲ့  ပန်းပုခုတ်ခြင်း အနုပညာ ရသစာတမ်းက ရွှေအမြု တေရသ စာတမ်းဆု၊ ရွှေအမြုတေ ဆောင်းပါးဆု ကိုတော့ အမုန်းတရား ကြောင့် ဖြစ်ခဲ့တဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေနဲ့ အမုန်းကြောင့်ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ ကို သင်ခန်းစာ ယူနိုင်အောင် တင်ပြ ခဲ့တဲ့ ဆရာမ ကေတုမာလာရဲ့ အမုန်း ကပေးသော သင်ခန်းစာများက ရရှိခဲ့ ပြီး မျိုးဆက်သစ် ရွှေအသစ်ဆုကို လွယ် အိတ်လေး လွယ်ခွင့်ဝတ္ထုတိုဖြင့် ဆရာမမြယမင်းသူ၊ ရွှေဝတ္ထု တိုဆုကို ဆရာရေအေးရဲ့ဘွန်ဇိုင်း ဝတ္ထုတိုနဲ့ ဝတ္ထုရှည်ဆုကို ဆရာမဆေးဆေရဲ့သူ့ သစ္စာ မဂ္ဂဇင်း ဝတ္ထုရှည်တို့ကဆုရရှိခဲ့ ကြပါတယ်။

မျိုးကျော်(ကနောင်သွေး)
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here