ဒီအရှိန်အတိုင်းသွားရင် မြန်မာ့ရုပ်ရှင်လောက မတိမ်ကောနိုင်ပါဘူး ထွန်းထွန်းဝင်း

0
566

Tun Tun Win

သရုပ်ဆောင်မင်းသားကြီး ဦးထွန်းထွန်းဝင်းက အနုပညာလောကထဲကို ရောက်ရှိလာတာ အခုဆိုရင် ၄၅ နှစ်တိတိရှိပြီလို့ သိရပါတယ်။ အခုခေတ်အနုပညာလောကနဲ့ အရင်တုန်းက အနုပညာလောက ကွာခြားမှုကိုလည်း ဦးထွန်းထွန်းဝင်းက ” အခုခေတ် အနုပညာ လောက တိုးတက်နေတာကို မြင် တွေ့ရပါတယ်။ ရိုက်ချက်တွေလည်း ကောင်းလာတယ်။ အသံပိုင်း၊ အရုပ် ပိုင်းဆိုင်ရာ ပြောင်းလဲလာတယ်။ နိုင်ငံတကာ စံချိန်မီလာပါပြီ။ ဒီလိုပဲ ဇာတ်လမ်းကောင်းလေးတွေ အမြဲတမ်းရိုက်ကူးသွားမယ်ဆိုရင်တော့ မြန်မာရုပ်ရှင်လောက အဆင့်အတန်းက မနိမ့်ပါဘူး” လို့ ပြောပါတယ်။

အခုချိန်မှာ ဗီဒီယိုဇာတ်ကား တွေ ရိုက်ကူးတာနည်းပါးလာတာဖြစ်တဲ့အတွက် ဗီဒီယိုနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်ရပြီး ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတွေးထားပြီးသားပါ ဆိုတဲ့ ဦးထွန်းထွန်းဝင်းက

” အခုချိန် ဗီဒီယိုဇာတ်ကားတွေ အရိုက်နည်းလာပြီဆိုတော့ ဗီဒီယိုနဲ့ အသက်မွေးနေတဲ့ အနုပညာရှင်တွေအတွက်တော့ စိတ်တော့မကောင်းပါဘူး။ ဒါပေမယ့် ဟိုတုန်းကတည်းက စိတ်ကကြိုတွေး မိတယ်။ ဦးတို့ခေတ်တုန်းက ကက်ဆက်ဇာတ်လမ်း ဆိုတာရှိတယ်။ အဲဒီတုန်းကလည်း တစ်ခေတ်ပါပဲ။ ဒီခေတ်ကလေးတွေကို အရင်တုန်းက ကက်ဆက်ဇာတ်လမ်း ရှိတယ်ပြောလို့ မယုံတော့ဘူး။ ဗီဒီယိုခေတ်လည်း တစ်ချိန်မှာ ဒီလို ဖြစ်လိမ့်မယ်လို့ ဦးတို့က ကြိုတွေးပြီးသားပါ” လို့ ဆိုပါတယ်။အခုခေတ် သရုပ်ဆောင်တွေအပေါ်မှာ ဦးထွန်းထွန်းရဲ့ အမြင်ကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ “အခုခေတ် သရုပ်ဆောင်တွေကလည်း များပြားလာတယ်။ ခေတ်မီတိုးတက်နေတဲ့ ခေတ်ရောက်လာတော့ သူတို့အတွက် အတုယူစရာ ဖြစ်နေတယ်။ သူ့ခေတ်နဲ့သူ့အခါ အကုန်လုံး တော်ကြပါတယ်။ ဒီအရှိန်အတိုင်းသွားရင်တော့ မြန်မာ့ရုပ်ရှင်လောက မတိမ်ကောနိုင်ပါဘူး” လို့ ပြောပြပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here