မွေးနေ့မှာ One Lady Show ပြုလုပ်မယ့် ဝိုင်းစုခိုင်သိန်း

0
372

Wine-Suဝိုင်းစုခိုင်သိန်းက ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့မွေး နေ့မှာ One Lady Show ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒီဇင်ဘာလ မှာ ပွဲလမ်း သဘင်တွေ များတာကြောင့် ရှိုးပွဲလုပ်ရမှာကို နည်းနည်းတော့ ကြောက်နေတယ် လို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်းက..

“ဒီဇင်ဘာလ ၂၄ရက်နေ့က Christmas Eve ဆိုတော့ တခြားပွဲတွေ လည်း ရှိတယ်။ မိသားစုတွေ ကျတော့ ဟိုတယ်ပွဲတွေ သွားတာ များတယ်။ ဝိုင်း စုရှိုးက မိသားစုတွေ လာကြည့်ကြတာ များတယ်။ လူငယ် တွေလည်း လာကြည့် ကြတယ်လေ။ ကိုယ့်ပရိသတ် တွေက အဲဒီလူတွေ ဖြစ်နေတော့ နည်းနည်း ကြောက်တယ်။ ပရိသတ်တွေကို ဖေ့စ်ဘုတ်မှာ မေးကြည့်တော့ တော်တော်များ များက မွေးနေ့မှာ လုပ်ပါ။ သူတို့လည်း အမှတ်တရ လက်ဆောင်တွေပေး ချင်တယ်။ ကိတ်မုန့် ခွံ့ကျွေးပါလား ဆိုပြီးလည်း ပြောကြတယ်။ အဲဒါကြောင့် ပရိသတ်တွေက အဲဒီနေ့ဆို ပိုပြီး လာချင်တယ် ထင်တယ် ဆိုပြီး အဲဒီနေ့မှာ ပွဲ လုပ်ဖို့ မှန်းထားတယ်။ ကြောက်တော့ ကြောက်နေတယ်။ ဒီတစ်ခါ Show မှာ လည်း Performance တွေ အကုန်သေချာ စဉ်းစားပြီး လုပ်ဖို့ ရှိပါတယ်။ မွေးနေ့ ရှိုးဆိုရင်တော့ သေချာလုပ်စရာ ပိုများတာပေါ့” လို့ ပြောပါတယ်။ ဂီတဘက်မှာ ပရိသတ်တွေ အတွက် အမြဲ မပြတ် ကြိုးစားနေတဲ့ ဝိုင်းစုခိုင်သိန်းက “မယ်သီတာ” Mini Album ကို ဇွန်လကုန်မှာ ထွက်ဖို့ရှိသလို “ဂါ” စီးရီး ကြ” Music Video ကိုလည်း အောက်တိုဘာလမှာ ထွက်ရှိနိုင်ဖို့ စီစဉ်နေပါတယ်။ ဂီတဘက်မှာ အရင်ထက် ပိုကြိုးစားနေတဲ့ဝိုင်းစု ခိုင်သိန်းက…

“အရင်ထက် အများကြီးပိုကြိုး စားထားပါတယ်။ ဝိုင်းစုရဲ့အမာခံ ပရိသတ်တွေ၊ ဝိုင်းစု ဘက်မှာ အမြဲတမ်း ရပ်တည်တဲ့ ပရိ သတ်တွေ အတွက် ဒီအခွေတွေမှာ အရင်ထက် အများကြီးအစ ပေါင်းများစွာ ကြိုးစား နေပါ တယ်” လို့ ပြောပါ တယ်။ ဝိုင်းစုခိုင် သိန်းက မက် လောက်စရာ၊ မျက်လှည့်၊ အာ ဘွား၊ ဂါနဲ့ခါချ နေရတယ်တေး စီးရီးများကို ထွက်ရှိထား ပြီး အခွေတိုင်း ကိုလည်းပရိ သတ်တွေ အား ပေးမှုရရှိခဲ့ပါ တယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here