ဝေဠုကျော် ဇာတ်မင်းသားလို ကပြပြီး ဝင်းနောင်၊ ဖိုးချစ်၊ စွမ်းတို့ လူရွှင်တော်အဖြစ် တင်ဆက်မယ့် သဘင် လူမှုကူညီ စောင့်ရှောက်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲ

0
407

Thu-Htoo-Sanမန္တလေးတိုင်း ဒေသကြီး၊သဘင် လူမှု ကူညီစောင့်ရှောက်ရေး ရန်ပုံငွေပွဲ တော်ကြီးကို ဇူလိုင်လ၁ရက်၊ ၂ရက်နေ့ မန္တလေးမြို့၊ အမျိုးသား ဇာတ်ရုံတွင် ဖျော်ဖြေ တင်ဆက် သွားမှာဖြစ်ပါတယ်။ အဆိုပါဖျော်ဖြေပွဲမှာ ဘုရားကန်တော့ ခန်း၊ အပျိုတော်၊ အမျိုးသားရေး အတွက် သဘင် ပဏာမ၊ မင်းသား ယိမ်း၊ အော်ပရာ၊ မြန်မာသံ၊ ပြဇာတ်၊ နှစ်ပါးသွား တို့ကို မြိုင်မြိုင်ဆိုင် ဖျော်ဖြေတင် ဆက်သွားမှာဖြစ်ပါတယ်။ အထူး အစီစဉ် အနေနဲ့ ရုပ်ရှင် သရုပ်ဆောင် ဝေဠု ကျော်က သဘင် မင်းသား အသွင်ဖြင့် ကပြ တင်ဆက်သွားမှာ ဖြစ်ပြီး လူရွှင် တော်များ အဖြစ် ဝင်းနောင်၊ ဖိုးချစ်၊ စွမ်း၊ သူထူးစံ၊ မင်းရာဇာက တင်ဆက် သွားကမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ မြန်မာ့ ဇာတ်သဘင်ရဲ့အနှစ်ရသ စစ်စစ်တွေကို တင်ဆက် ကပြသွားကြ မှာဖြစ်ပြီး မြန်မာ့သဘင် အလှဆင်သူ များအဖွဲ့၊ လူရွှင်တော်အသင်း၊ ဂီတကွန်ရက်၊ ရွှေလက်များ အဖွဲ့တို့ကလည်း ပါဝင်တင်ဆက်သွားမှာဖြစ်ပါတယ်။

“ကိုဝေဠုကျော် မင်းသား အကကိုတော့ ကျွန်တော် သင်ပေးမှာပါ။ ကျွန် တော်တို့ လူရွှင်တော်တွေ အတွက် ပြက်လုံးတွေ ကတော့ အခု ရေးခိုင်းထား နေပါပြီ။ သဘင်ကလုပ်တာ ဆိုတော့ နည်းနည်းလေး သတိလေးထားပြီး လုပ်ရ မှာပေါ့။ မြန်မာ့ရိုးရာနဲ့ ပတ်သက်တာ မှန်သမျှအားလုံး တင်ဆက်မှာပါ။ နောက် ပိုင်း ဇာတ်တော်ကြီးတော့ မပါဘူး။ ကျန်တာတော့ အကုန် ပါပါတယ်။ အကောင်း ဆုံးဖြစ်အောင် တင်ဆက်ကြမှာပါ” လို့ မန္တလေးတိုင်းဒေသကြီး၊ သဘင်လူမှု ကူညီစောင့်ရှောက်ရေး ဥက္ကဋ္ဌ ကိုဝင်းနောင်က ပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ လက်မှတ်ဈေးနှုန်း ကတော့ ၃သောင်း၊ ၂သောင်း၊ ၁သောင်း ဖြစ်ကြောင်း သိရ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here