မိသားစုနဲ့ အတူ အပန်းဖြေ ခရီးထွက်နေတဲ့ မင်းသား Ajay

0
237

ajay ဘောလိဝုဒ်မင်းသား Ajay Devgn  ဟာ သူ့ရဲ့မိသားစုနဲ့ အတူ မော်လ်ဒိုက်မှာ အပန်းဖြေ အနားယူဖို့ ရောက်ရှိနေတယ်လို့ သိရပါ တယ်။ မင်းသားက ဆိုရှယ် မီဒီယာမှာသူ့ရဲ့ဇနီး Kajol ကမ်းခြေကို ငေးကြည့်ရင်း ရပ်နေတဲ့ပုံနဲ့ သမီးပုံတို့ကို ဝေမျှခဲ့ ပါတယ်။ မင်းသား က သူ့ရဲ့မိသားစုကို ချစ်စနိုးနဲ့ Vitamin F လို့ နာမည်ပေးထားပါတယ်။ Ajay ကသူ့ရဲ့ ကိုယ်ပိုင်ဘဝကို သူ့ရဲ့ကလေးတွေဖြစ်တဲ့ Nysa နဲ့ Yug  တို့နဲ့ပဲ ကုန်ဆုံးလေး ရှိပါတယ်။ ဓာတ်ပုံတွေ ကြည့်ခြင်းအားဖြင့် မင်းသား Ajay နဲ့ မင်းသမီး Kajol တို့က မိသားစုနဲ့ အချိန်တော်တော်များများ ကုန်ဆုံးလေ့ ရှိတာပြသနေပါတယ်။ မင်းသား Ajay ဟာဒါရိုက်တာ Rohit နဲ့ ဇာတ်ကားရိုက်ကူးခဲ့ပြီး အခုတော့ မိသားစု နဲ့ အတူအပန်း ဖြေ ခရီးထွက်နေပါတယ်။ မင်းသားဟာ ပြီးခဲ့တဲ့ လတွေ ကဇာတ်ကားတွေ ကို ဆက်တိုက် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here