အကယ်ဒမီ ဓီရာမိုရ် နဲ့ တွဲလုပ်ထားတဲ့ သီချင်း တစ်ပုဒ်ကို မကြာမီ ဖြန့်ချိမယ့် ရွှေထူး

0
590

 Shwe-Htooဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်နဲ့အတူ တွဲဖက်ပြီးရွှေထူးက  Music Arrangement  လုပ်နေပါတယ်။ ဒီသီချင်း နဲ့ပတ်သက် ပြီး ရွှေထူး ကိုမေးတဲ့အခါမှာတော့

“ကိုဓီရာမိုရ် နဲ့ကတော့ ကျွန်တော် V7 Page ကနေ မကြာခင်မှာ ကျွန်တော့် အမ်တီဗီ အနေနဲ့ ထွက်ရှိမှာပေါ့။ Music Arrangement လုပ်ရတာ ဘာတွေကောင်းလဲ ဆိုတော့ ပညာရှင်တွေဗျာ။ ဆရာဓီရာမိုရ် နဲ့တွဲလုပ်ရတာ ကျွန်တော် ဟိုးအရင်း ကတည်းက လုပ်ချင် ခဲ့တာပေါ့နော်။ သူနဲ့ သီချင်းကို လုပ် ချင်ခဲ့တာ ကျွန်တော် အခုလုပ်ရပြီ။ ပြီးတော့ ကျွန်တော် သွားချင်တဲ့ သီချင်းပုံစံကို လုပ်ထား တာဖြစ် တဲ့ အတွက် ကျွန်တော်ကတော့ တော်တော် စိတ်ကျေနပ်တယ်ဗျ” လို့ ရွှေထူးက ပြောပါတယ်။

ရွှေထူးကို ဇာဂနာ၊ မြင့်မြတ် တို့နဲ့အတူ ရုပ်ရှင် ရိုက်ကူးဖို့ ရှိတယ်လို့ ကြားသိရ တယ်၊ အဲဒါဘယ်လို အခြေအနေ ရှိသလဲ ဆိုတာကို လည်း မေးကြည့်တော့ ရွှေထူးက “ကိုမြင့်မြတ် နဲ့ရုပ်ရှင်က ကျွန်တော့်ကို ပြောထားတာတော့ ရှိပါတယ်။ လောလော ဆယ် ရိုက်ကူးဖို့ မရှိသေးဘူးဗျ။ ကျွန်တော့် ဒုတိယ အယ်လ်ဘမ် ထွက်ရှိပြီးတော့မှ ရိုက်ကူးဖြစ်ဖို့ များပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကိုယ် ကျွန်တော် လည်း အားမရသေးသလို ကျွန်တော့် သရုပ်ဆောင်မှုအပိုင်းကလည်း လိုအပ်ချက်တွေ အများ ကြီး ရှိသေးတဲ့ အတွက် ကျွန်တော် အများကြီး ပြင်ဆင်ပြီးမှ ရိုက်ကူးချင်ပါတယ်။ အထူးသဖြင့် ဦးဇာဂနာတို့၊ ကိုမြင့်မြတ် တို့ဆိုတာ ဝါရင့်သရုပ်ဆောင်တွေ ဆိုတော့ ကျွန်တော့် အတွက်လည်း တာဝန်ကြီးတယ်လေ။ အဲဒီအတွက်လည်း ကျွန်တော် အများကြီး ကြိုးစားချင်သေးလို့ပါ။ ဒုတိယ အယ်လ် ဘမ် ထွက်ရှိပြီးတော့မှ ကျွန်တော့် ကိုယ် ကျွန်တော်လည်း သေသေချာချာ ပြင်ဆင်ပြီးမှ ရိုက်ကူးမယ်ဗျ” လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here