အသည်းကွဲ သီချင်းတွေ ပါဝင်မယ့် မေမြတ်နိုး ရဲ့ တစ်ကိုယ်တော် စီးရီး

0
214

May-Myat-No-(1)မေမြတ်နိုးက တစ်ကိုယ်တော် အခွေ ထွက်ရှိလာအောင် ကြိုး စားပြင်ဆင်နေပြီး ဒီအခွေမှာ Pop, R & B သီချင်း ပုံစံတွေနဲ့ သီချင်း ပုဒ်ရေ ၁ဝ ပုဒ်လောက် ပါဝင်မယ်လို့ သိရပါတယ်။ ဒီစီးရီးခွေ နဲ့ ပတ် သက်ပြီး မေမြတ်နိုးက …”ဒီနှစ်ကုန် လောက်တော့ မှန်းထားပါတယ်။ MTV  တစ်ခါတည်း ထွက်ရှိဖို့ကိုတော့ ကြိုးစားနေတယ်။ အကယ်၍ နောက်ဆုံး မရခဲ့ရင်တော့ ရိုးရိုး Audio တော့ထွက်ရှိမှာပါ။ မြတ်နိုး သီချင်းတွေမှာ အချစ် သီချင်းတွေပါမယ်။ အသဲကွဲသီချင်းတွေ လည်းပါမယ်။ ခံစားချက် များစွာနဲ့ သီချင်းတွေပါမယ်ပေါ့နော်။ အခုထိတော့  Title ကတော့ မပေးရသေးဘူး။ သီချင်းအားလုံး ခြုံပြီးပေးမှာ ဆိုတော့ မပေးရသေးဘူး။ မြတ်နိုး ဒီစီးရီးခွေကို ပြင်ဆင်နေတာ ကြာတော့ ကြာပြီ။ အလုပ်တွေ ရှုပ်နေတာလည်း ပါ သလို သီချင်းခွေကို ကောင်းကောင်းလေး နဲ့ ထွက်ရှိစေချင်တာ ကြောင့်လည်း အချိန် နည်း နည်းလေး ကြာနေတာပါ။ သီချင်းခွေ ထွက်လာရင်လည်း ပရိသတ်တွေ အားပေးကြပါဦး” လို့ ပြောပြပါ တယ်။ မေမြတ်နိုးက သရုပ်ဆောင်၊ အဆိုတော်၊ အလှမယ် ဆိုတဲ့ အလုပ်များကို ဝါသနာ ပါတာကြောင့် ဒီအလုပ် ၃ခုစလုံးကို မျှတ အောင် လုပ်ဆောင် သွားမှာဖြစ်ကြောင်း ပြောပါတယ်။

“မြတ်နိုး ဒီအလုပ် ၃ခု စလုံးကို ဝါသနာပါတယ်။ မြတ်နိုးတယ်။ လေးစားတယ်။ အဲဒီ အတွက်ကြောင့် ကြိုးစားပြီး လုပ်ဆောင် သွား မှာပါ။ မြတ်နိုး က အမြဲတမ်း လက်မလျှော့တဲ့ သူ။ ဇွဲမလျှော့တဲ့သူဖြစ်တဲ့ အတွက် အကောင်းဆုံးတော့ ကြိုးစားနေပါ တယ်။ ပရိသတ် ရင်ထဲမှာ မြတ်နိုးရဲ့ အနုပညာကို လက်ခံလာ တဲ့နေ့အထိ ကြိုးစားသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here