အနုပညာရှင်တွေ အနေနဲ့ ဘဝကိုပျိုတယ်လို့ပဲ ပုံသေမထားဘဲ အိုမှာပဲ ဆိုတာ တွေးပြီးတော့ ကြိုတင် ပြင်ဆင်သင့်ကြောင်း ဆရာတော် ဒေါက်တာ အရှင်ခေမာသီရိ (လှတော)မိန့်ကြား

0
228

Hla-Taw-Saya-Taw-2မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာ တည်ဆောက်လျက်ရှိနေတဲ့စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ကာတွန်းအနုပညာရှင် တို့ရဲ့ ခိုနားရာ နေရာ တစ်ခုဖြစ်တဲ့ အနုပညာဆည်း ဆာရိပ် ဘိုးဘွားရိပ်သာ မြေနေရာ ကိုတော့ ဒေါက်တာ အရှင်ခေမာ သီရိ(လှတော) ၊ သာသနာဓဇဓမ္မာ စရိယ ၊M.A, Ph.D. ကလှူဒါန်းထား တာဖြစ်ပါတယ်။ မေလ၂၅ရက်နေ့  မှာတော့ အဲဒီမြေနေရာမှာ ဆောက် လုပ်ထားတဲ့ သဘင် ဘိုးဘွားရိပ် သာကို ဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။ ဆရာတော် အနေနဲ့လည်း အခုလိုဖွင့်လှစ် လိုက်နိုင်ပြီဖြစ်တဲ့ အတွက် ဝမ်းသာ ပီတိဖြစ်နေရပြီး ဘိုးဘွား ရိပ်သာ အဆောက်အအုံတွေကိုလည်း ဆရာတော် ကိုယ်တိုင်ကြီးကြပ်ပြီး လုပ်ဆောင်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။

ဘိုးဘွားရိပ်သာမှာလာရောက် နေထိုင်လိုတဲ့ အနုပညာရှင် အဘိုး အဘွား များအနေနဲ့ အသက်၇ဝ နဲ့ အထက်ဖြစ်ရမှာ ဖြစ်ပြီး ခိုကိုးရာမဲ့ပြီး ကျောထောက်နောက်ခံ မရှိသူများဖြစ် ရမှာဖြစ်ကာ ဘိုးဘွားရိပ်သာ အနေနဲ့ အဘိုးအဘွားများ ကွယ်လွန်တဲ့အထိ တာဝန်ယူပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။ “ဘိုးဘွားရိပ်သာ ရဲ့မြေနေရာ အကျယ်က ၂၆ဧကကျယ် ပါတယ်။ ဆူညံသံတွေ မရှိဘူး။ အဲဒီ့အတွက်  အဘိုးအဘွားတွေ အတွက် အသက်ရှည်ဖို့ရာ ကောင်းမွန် တဲ့ နေရာပေါ့။ တိတ်ဆိတ် ငြိမ်သက် တယ်။ အခုဆိုရင် သရုပ်ဆောင်ဦး တင်ထွန်း၊ ဂစ်တာနိုင်ဝင်း၊ ဒါရိုက်တာ မောင်စိတ္တ၊ ဒေါ်စိမ်းစိမ်း (ရွှေမန်း ဆီသို့) တို့ဒီကိုရောက်နေပြီ။ သူတို့ ဟာ တစ်ချိန်တုန်းက အနုပညာ လောကမှာ လျှမ်းလျှမ်းတောက် တွေလေ။ ဒါပေမယ့် တစ်နေ့ကျတော့ ကံရဲ့အလှည့် အပြောင်းကြောင့် အရောင် တောက်ပနေပြီးတော့မှ အ မှောင်အောက်ကို ရောက်သွားကြ တယ်။ အဲဒါက ကံရဲ့အလှည့်ပြောင်း ကြောင့်ပဲလေ။ အနုပညာ ရှင်တွေ ဟာ သူရဲ့အရောင်တောက်နေတဲ့ အချိန်မှာ သူက မာနဝင်တာကိုး။    ကိုယ့်ကိုယ်ကိုယ် မဆင်းရဲဘူး ဆိုတဲ့ အထွတ် အထိပ်ကို လှမ်းကိုင်ထားတာ လေ။

Hla-Taw-Saya-Tawဘုန်းဘုန်းတို့ တရား သဘောနဲ့ ကြည့်ရင် အနိစ္စဟာ မတည်မြဲခြင်း လို့ပြောတာကိုး။ ဒါပေမယ့် သူတို့ကနိစ္စလို့ ထင်မှတ်ထားကြတာလေ။ စန်းထ နေတဲ့ အချိန်မှာ လျှမ်းလျှမ်း တောက် သလို စန်းကျချိန်မှာ အမှောင်အောက် ရောက် သွားဖို့ ခြေ လှမ်းပြင်လိုက်တာ ပဲလေ။ တော်တော် လည်း သံဝေဂ ရစရာပါ။ အဖွား ဒေါ်စိမ်းစိမ်း တို့ ဆိုရင်လည်း ဝင်းဦး တို့နဲ့ အတူတူ ပဲလေ။ တကယ့်ကို နာမည် ကြီးတွေ လေ။ ဒါကြောင့် အနုပညာရှင်တွေက လည်း ဘဝကို ပျိုတယ်လို့ ပုံသေ မထားနဲ့။ အိုမှာပဲ ဆိုတာကို ကြိုတင် ပြီးတော့မြင် သင့်တယ်။ ကြိုတင် ပြီးတော့ ပြင်သင့်တယ်။ လူငယ်တွေ အနေနဲ့လည်း “အရှေ့မှာ အဘိုးတွေ အဘွားတွေ ဘယ်လိုပုံရိပ်နဲ့ ဘဝနိဂုံး အဆုံး သတ်သွားသလဲ ဆိုတာမြင် အောင်ကြည့်ပြီး ဒါတွေကို များများ သင်ခန်းစာ ယူနိုင်ပါစေ”လို့ အနု ပညာရှင်တွေ အနေနဲ့ ဘဝနေဝင် ချိန်အတွက် ကြိုတင်ပြင် ဆင်ထား နိုင်ဖို့ ဆရာတော်က မိန့် ကြားပါတယ်။ ဘိုးဘွား ရိပ်သာ မှာ ရောက်ရှိနေကြ တဲ့အနုပညာရှင် သက်ကြီး ဝါကြီး တွေဆီကိုလည်း မျိးဆက်သစ် လူငယ် တွေ အနေနဲ့ လာရောက်ကာ ဘော် လန်ဒီယာ အနေနဲ့ လုပ်ဆောင် ပေး နိုင် ကြစေ လိုပြီး သံဝဂစိတ်လည်း ရနိုင်ပါစေကြောင်း ဆရာတော် က မိန့်ကြားခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here