အတွဲစီးရီးခွေ ထွက်ရှိမယ့် အဆိုတော်နာမည်ကို လျှို့ဝှက်ထားတဲ့ Sophia Everest

0
252

So-Fiyaဖေဖော်ဝါရီလ ကုန်လောက်က ပထမဆုံး တစ် ကိုယ်တော် “NVM”  တေးစီးရီးထွက်ရှိထားသူ ဆိုဖီ ယာ (Myanmar idol season 1)က ဗီဒီယို ဇာတ်လမ်း  ကလေးတွေမှာ ပါဝင်သရုပ်နေ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရိုက်ကူး ထားတဲ့ ဇာတ်ကား နှစ်ကားမှာ သရုပ် ဆောင်မှု ကာရိုက်တာပိုင်း နဲ့ ပတ် သက်ပြီး ဆိုဖီယာက “ကိုယ့်ဇာတ် ကားကိုတော့ ဘယ်တော့မှ မကြည့်ဘူး။ အွန်လိုင်းပေါ် သူများ တင်လိုက်တော့မှပဲ ဟိုဖြတ်ကြည့် ဒီဖြတ်ကြည့်နဲ့ ဘာလို့လဲဆိုတော့ ရှေ့ကနှစ် ကားက ခပ်ကြမ်းကြမ်းပိုင်း သရုပ် ဆောင်ရတော့ ငါ့ ကိုဗီလိန်လို့ ထင်သွား ရင် ဒုက္ခပဲပေါ့။ ပရိ သတ်က ကြိုက်ပါတော့ မလား ဆိုပြီး စိတ်ပူ တာပေါ့။ ညီမသီချင်း စဆိုတော့လည်း Crush on you သီချင်း နဲ့ စဆိုရတော့ ကိုယ်ကပဲ ကြိုက်ရတယ်။ ရုပ်ရှင် ဗီဒီယို ကျတော့လည်း ကိုယ်ကပဲ စကြိုက်ရတယ်။ အဲဒီတော့ ဒါရိုက်တာရွေးတဲ့ ဇာတ်ညွှန်းကို ပြောထားတယ်။ အစ်မရယ် ဒီတစ်ခေါက် ကျရင်တော့ သမီးက လိုက်ကြိုက်ရတာမျိုး မလုပ် ပါနဲ့ ။ သမီးကို ကြိုက်ကြပါဦး။ မင်းသားကိုလည်း နှစ်ယောက် သုံးယောက်နဲ့ အကြိုက်ခံချင်လို့ ဆို ပြီး စနောက်ပြီး ပြောထားတယ် (ရယ်လျက်)” လို့ သူကပြောပါတယ်။ Sophia Everest  က NVM စီးရီးအတွက် Music Video ကို ဒီလကုန်မှ စတင်ကာရိုက်ကူး သွားမှာဖြစ်ပါတယ်။

“နာမည်ကြီး အဆိုတော် ကောင် လေးတစ်ယောက် နဲ့ဒီသြဂုတ်လမှာ အခွေ ထွက်ဖို့ရှိပါတယ်။ သူနဲ့ နှစ်ယောက် ပေါင်းပြီး လုပ်မှာပါ။ လက်ရှိ ကတော့ ဒီလပိုင်း ၉ရက် နေ့ လောက် ဘန်ကောက်မှာ ရံပုံ ငွေ ဂီတပွဲတော် ဖျော်ဖြေပွဲ သွားရောက်ဖို့ရှိနေပါတယ်” လို့ ဆိုဖီယာက ပြောပါတယ်။

နက္ခတ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here