သမိုင်းဝင် အရိပ်မထွက် ဆုတောင်းပြ ည့် စေတီတော်ကြီး

0
440

pagodaမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ ရပ်ကွက်၊ သူရဲဈေး အနီးတွင် သမိုင်းဝင် အရိပ်မထွက် ဆုတောင်းပြည့် စေတီတော် တည်ရှိသည်။ တကောင်းပြည်ကြီး တည်ထောင်ခဲ့သည့် သတိုးမင်းဆက် ၁၇ ဆက်အနက် သတိုးဥစ္စနမင်း လက်ထက်တွင် တည်ထားခဲ့သည် ဆိုပေ၏။ သတိုး ဥစ္စနမင်း၏ စစ်သူကြီး အာကာဗလသည် လက်နက် ဗိုလ်ပါ အခြံအရံများဖြင့် တိုင်းပြည်တစ်ခွင် လှည့်လည် စစ်ဆေးရင်းအ ရိပ်မထွက်ဘုရား တည်ထားမည့် နေရာသို့ ရောက်ရှိ ခေတ္တစခန်းချခဲ့၏။ တပ်ဦးတွင် အမြဲဆောင်၍ ကိုးကွယ် သည့် ဘုရားရှင်၏ မွေတော်ဓာတ် မှ ခြောက်ဖြာရောင်ခြည် ကွန့်မြူးသည် ကိုဖူးမြင်ခဲ့ရ၏။ ထို့ကြောင့် ဤနေရာ တွင် စေတီတည်ထား ကိုးကွယ်ရန် အရပ် ဖြစ်သည်ဟုသိမြင်၏။ မွေတော် ဓာတ်တော်များ ထည့်သွင်းဌာပနာပြီး၊ သူပုန်ကွယ်ဆိတ်၊ ရန် နိမိတ်လည်း၊ အရိပ် မထွက်စေသော၊ မနောရည်သန်၊ အဓိဌာန်ကြပြီး နောက် စေတီတော်၏ ဘွဲ့အမည်အား အရိပ်မထွက် ဆုတောင်းပြည့် စေတီဟု အမှည်မှည့်လေ၏။

သာသနာနှစ် ၃၂၃ ခုနှစ် တွင် သတိုးမင်းဆက် ဥပရာခ်သည် ရွှေထီးတော် တင်လှူခဲ့ပြန်၏။ ထို့အပြင် မဟာရာဇာမင်း၊ ကျန်စစ်သား မင်း၊ ဘိုးတော်မင်း၏ သားတော် တို့မှလည်း အသီးသီး ရွှေသင်္ကန်းကပ်လှူခြင်း ရွှေထီးတော် တင်လှူခြင်းများ ဆောင်ရွက်ခဲ့ကြ၏။ သမိုင်း မှတ်တမ်းများ အရသက္ကရာဇ် ၄၂၆ ခုနှစ်တွင် ပေါက္ကံပြည့်ရှင် ကျန်စစ်သားမင်းပြန်လည် တည်ထားစဉ် “နောင်ဘဝတွင် အကျွန်ုပ် လူပြန်မဖြစ်မချင်း အရိပ်မထွက်ပါစေနှင့်” ဟု အဓိဌာန်ခဲ့ကြောင်း လည်းသိရလေ၏။ ကောဇာ သက္ကရာဇ် ၁၂၅ ခုနှစ် တွင် သီပေါ ကုန်းဘောင် စော်ဘွား၏ အမတ်ကြီး ဟော်ရွက်နှင့် ကမ္ဘောဇ တိုင်းသား ကုန်သည်များမှ သပိတ်မှောက် အထိ ရွှေ သင်္ကန်း ကပ်ခြင်း၊ ရွှေထီးတင် လှူပူဇော်ခြင်း တို့ပြုခဲ့ကြလေ၏။ ၁၂၅၇ ခုနှစ်တွင် တုန်လှုပ် သောမြေငလျင်ကြောင့် စေတီတော် ပြိုကျတော်မူ၍ အမရစံခေါင်၊ အမရဌာနနီ ရပ်ကွက်သူ ရပ်ကွက်သား များမှ ပြုပြင် ခဲ့ကြပြန်ရ၏။ သဒ္ဓါရှင် ကြည်ဥပသကာ အပေါင်းက ထီးတော်ဟောင်း နွမ်းမှုမရှိစေရန် ၁၂၉၃ ခုနှစ်တွင် ကန်ထရိုက်တာ ဦးလှတင်နှင့် ဇနီး ဒေါ်ချူတို့မှ လည်းကောင်း ၁၉၈ဝ ပြည့်နှစ်တွင် အမရဌာနီ အရှေ့ (၃၂) ရပ်ကွက် နေမျိုးချစ်မြမြ ဆေးလိပ်ခုံမှလည်းကောင်း၊ ၁၃၁၄ ခုနှစ် တန်ဆောင်မုန်းလတွင် အမရဌာနီ ရပ်ကွက် များနှင့် အမရစံခေါင် ရပ်ကွက်ပြည်သူလူထု များမှလည်းကောင်း၊ ၂ဝ၁၃ ခုနှစ် မတ်လတွင် စိန်စပ္ပါယ်ဖူး စိန်တိုက်ပိုင်ရှင် ဦးအေးမောင်နှင့် ဇနီးဒေါ်နီနီ မိသားစုမှလည်း ကောင်းလုံးတော် ပြည့်ရွှေ သင်္ကန်း ကပ်လှူခြင်း၊ စိန်ဖူးတော် အသစ် တင်လှူခြင်း၊ မှန်စီပြုပြင်ခြင်း ၊ စိန် စံပယ်ဖူးခေါင်းလောင် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြလေ၏။ ၁၉၉၁ ခုနှစ်မှ စတင်ပြီး ဘုရားဂေါပက အဖွဲ့ ဖွဲ့စည်းပြီး ဘက်စုံ မွမ်းမံပြင်ဆင်မှု များဆောင်ရွက်ခဲ့ရာ ကြည်ညို သဒ္ဓါပွားများဖွယ်ရာ ဖြစ်လေတော့၏။ ယနေ့ အချိန်တွင် ဘုရားမှာ အရိပ် ထွက်နေသဖြင့် ကျန်စစ်သားမင်းကြီး လူပြန်ဖြစ်နေပြီဟု ယုံကြည် ကြသူများလည်း ရှိ၏။ သို့ပါ၍ ရှေးဟောင်း သမိုင်းဝင် ကြည်ညိုဖွယ်ရာ အရိပ်မထွက် စေတီတော်ကြီးအား ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်စေ ကြောင်း နှိုးဆော်လိုက်ရပေသည်။

နိုင်ထွန်း(TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here