ရုပ်ရှင်ဇာတ်ကားကြီးမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်မယ့် ဖိုးချစ်ရဲ့တူ ကောင်းစစ်မင်း

0
215

Kaung sit Min

မြို့ရွှေမန်းသားဖိုးချစ်ရဲ့တူဖြစ်တဲ့ ကောင်းစစ်မင်းက မြို့ တော်မောင်ယဉ်အောင်ရိုက်ကူးတဲ့ “နောင်တွင်ဥဒါန်းတွင်စေသတည်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက သူ့ရဲ့ပထမဆုံးရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ဦးလေးဖြစ်သူနဲ့အတူ သရုပ် ဆောင်ရမှာဖြစ်တဲ့အပြင်မြို့တော်မောင်ယဉ်အောင်လို ဝါရင့် ဒါရိုက်တာကြီး တစ်ဦးနဲ့ဇာတ်ကားရိုက်ကူးရမှာဖြစ်တာ ကြောင့်လည်း သူ့အနေနဲ့စိတ်တွေ လှုပ်ရှားနေရပါပြီ။ ကောင်းစစ်မင်းက ဇာတ်မင်းသားတစ်ဦးအနေနဲ့လည်း ဦး လေးဖြစ်သူဖိုးချစ်ရဲ့ပြဇာတ်တွေမှာ သရုပ်ဆောင်နေကျဖြစ်တဲ့ အတွက် သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ အစိမ်းသက်သက်မဟုတ်ဘူးလို့ပဲပြောရမှာပါ။ ဒါပေမဲ့လည်း ပြဇာတ်နဲ့ရုပ်ရှင်မတူတဲ့ကွဲပြားမှုကိုတော့ သူ့အနေနဲ့ရင်ခုန် မိနေပြန်ပါ တယ်။ ရုပ်ရှင်ရိုက်ရတော့မှာဖြစ်တာကြောင့် သူကြိုက်နှစ်သက်တဲ့ မင်းသားတွေရဲ့ ဇာတ်ကားတွေကိုလေ့လာတဲ့ အနေနဲ့ ကြည့်ရှုဖြစ်နေပြီး သူအကြိုက်ဆုံးမင်းသားကတော့ မြင့်မြတ်ဖြစ်ကြောင်းလည်း ပြောပြပါတယ်။

” ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်ပါတယ်။ လုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်က ဒီဇာတ်ကားထဲမှာ ရပ်ကွက်ထဲက ဂျလေဘီတစ်ယောက်လို သရုပ်ဆောင်ရမှာပါ။ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော့်ရဲ့ကြိုးစားမှုကို စောင့်ကြည့်စေချင်ပါတယ်။ ရုပ်ရှင် ဇာတ်ကားထွက်လာရင် ပရိသတ်တွေကလည်း ဝေဖန်ပေးပါ” လို့ ကောင်းစစ်မင်းက ပြောပါတယ်။

ဦးလေးဖြစ်သူဖိုးချစ်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ် ဆောင်မယ့် ကောင်းစစ်မင်းက လက်ရှိမှာတော့ အသက်၁၃နှစ် အရွယ်ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့အနေနဲ့အဖေဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင်ကြိုးစားသွားမှာဖြစ်ပြီး ၁ဝတန်းအောင်မြင်ပြီးမှသာ အနုပညာပိုင်းကိုဆက် လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ကျောင်းပိတ်ရက်တွေမှာ လည်း ဆို၊ငို၊ပြောပညာရပ်နဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားသွားမှာ ဖြစ်ပြီး ကောင်းစစ်မင်းရဲ့ မိဘနှစ်ပါးကလည်း သားဖြစ်သူဖြစ်ချင် တာကို ပံ့ပိုးပေးသွားမှာဖြစ် တယ်လို့လည်းသိရပါတယ်။ ကောင်းစစ် မင်းရဲ့ဖခင်ဖြစ်သူ ကိုမင်းမင်းကတော့ ” နောင်တွင်ဥဒါန်းတွင်စေ သတည်း” ရုပ်ရှင်ဇာတ်ကားမှာပဲ သားဖြစ်သူကို ကလေးသရုပ်ဆောင် အဖြစ် ရိုက်ကူးစေခဲ့တာဖြစ်ပြီး နောက်ထပ်ရုပ်ရှင်ဇာတ်ကား တွေမှာတော့ သားဖြစ်သူကို ကလေးသရုပ်ဆောင်အနေနဲ့ ရိုက်ကူး ခိုင်းတော့မှာမဟုတ်ကြောင်းလည်း ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here