ပြည်သူ့ဂုဏ်ရည် အထူးဆု ချီးမြှင့်ခံရတဲ့ ကိုစိုးထိုက်(ဖဒို)

0
430

SoeHtikeကိုစိုးထိုက်(ဖဒို) က ဇွန်လ ၄ရက်နေ့မှာ ပြည်ပရောက် မြန်မာများ က ပေးအပ် ချီးမြင့်တဲ့ ပြည်သူ့ ဂုဏ်ရည် အထူးဆုကို ရန်ကုန်မြို့ တော် ဝင်နှင်းဆီ မှာ လက်ခံရယူ ရတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ပြည်သူ့ ဂုဏ်ရည်ဆု ကိုတော့ ပြည် ပရောက် မြန်မာနိုင်ငံ သားများ က မြန်မာပြည်တွင်း လူမှုလုပ်ငန်း စဉ် ဆက်မပြတ် လုပ်ဆောင် နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို နှစ် စဉ်ရွေးချယ် ပေး အပ်ခြင်း ဖြစ်ပြီး အခု အကြိမ်မှာတော့ အဋ္ဌမ အကြိမ်မြောက်ဖြစ် ပါတယ်။ အဆိုပါဆု ကို ရရှိလိုက်တဲ့ အကြောင်း ကိုတော့ ကိုစိုးထိုက် (ဖဒို)က

“ကျွန်တော့်ကို ၂၈ရက်နေ့ညက အကြောင်းကြားတယ်ပေါ့။ ဒီဆုက ကျွန်တော့် အတွက်တော့ တကယ့်ကို ခွန်အားပါပဲ။ ဒီနှစ်ထဲမှာ ကျွန်တော့် အနေနဲ့ အရင်ပညာရေး ပရဟိတ လုပ်ရင်း Single Mother တွေကို ကူညီ မယ်။ ကိုယ်ဝန် ဖျက်ချတာတွေ မဖြစ်အောင်ပေါ့။ အဲဒါတွေ လုပ်ပေး တဲ့အချိန် နိုင်ငံခြား မှာတော့ရှိတယ်။ မြန်မာနိုင်ငံ မှာတော့ အထူးအဆန်း ကြီး ဖြစ်ပြီး ကျွန်တော် ဝေဖန်ခံရတာတွေ ခံနေ ရချိန်မှာ ကျွန်တော် ဒီဆု ရသွားပြီ ဆိုတာ သိတော့ ဒီဆုက ကျွန်တော့်အတွက် တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ခွန်အား တစ်ရပ်ပါပဲ” လို့ ကိုစိုးထိုက်(ဖဒို) က သူ့ရဲ့ ဆုရရှိမှု အပေါ် ရင်တွင်းပီတိကို  ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကိုစိုး ထိုက်(ဖဒို) အနေနဲ့ ပြည်သူ့ ဂုဏ်ရည် အထူးဆု အတွက် ချီးမြှင့်ခံရမယ့် ဆုငွေများ ထဲမှ ငွေကျပ် ၂သိန်းကို အုတ်တွင်းမြို့နယ် မသန်စွမ်း ကလေးငယ် ၁၆ ဦးရဲ့ ပညာရေး စရိတ် အဖြစ် ထောက်ပံ့လှူဒါန်း သွားမှာဖြစ်ပြီး လက်ရှိ သူကိုယ်တိုင် လုပ်ဆောင်နေတဲ့ တောင်ပေါ် ဒေသက ကလေးငယ် တွေ ပညာရေးနဲ့ Single Mother ဂေဟာလေး အတွက်လည်း အရှိန်မြှင့် လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here