နိုင်ငံတကာဂီတကိုလည်း လေ့လာရမှာဖြစ်သလို မြန်မာ့ဂီတကိုလည်း ပစ်မထားရဘူး ဆိုင်းပညာရှင် ဦးစိန်မွတ္တား

0
218

Sein Mutt Thar (2)

မြန်မာ့ဆိုင်းဝိုင်းဖျော်ဖြေမှုမှာ အနောက်တိုင်းတူရိယာတွေထည့်သွင်းတီးခတ်မှုမပြုရခြင်းကို သူ့ အနေနဲ့ ကြိုဆိုပါကြောင်း ဆိုင်းပညာရှင်ကြီးဦးစိန်မွတ္တားက ပြောပါတယ်။ မြန်မာ့ဆိုင်းဝိုင်းမှာအနောက်တိုင်း တူရိယာတွေ မထည့်ဖို့အတွက်ကို သူ့အနေနဲ့အရင်ကတည်းက ပြောဆိုခဲ့တာမျိုးရှိခဲ့ပြီး သူ့ကိုအဲဒီ့အတွက်ကြောင့်လည်း တိုက်ခိုက် မှုတွေရှိခဲ့တယ်လို့ ပြောပြပါတယ်။ ” ခေတ်ပေါ်ဂီတကိုဝါသနာပါတယ်ဆိုရင် သီးသန့်ထောင်စားပါ။ ဆိုင်းနဲ့ လာမရောယှက်နဲ့။ တစ်ဖက်ကိုမလိုလားလို့မဟုတ်ဘူး။ ဒီမှာတအားနိမ့်ကျသွားလို့ပါ။ ဆိုင်းပညာရပ်ပိုင်းတွေကိုပါ ကလေးတွေက မလိုက်စားတော့ဘူး။ နောင်၁ဝနှစ်ဆိုရင် ဆိုင်းဝိုင်းက အခွံပဲရှိတော့မှာလေ။ အထဲက အဆန် ရှိတော့မှာ မဟုတ်ဘူး။ ဆိုင်းဝိုင်းကြီးသာရှိပေမယ့် ဆိုင်းဝိုင်းအလယ်မှာက အော်ဂင်ဖြစ်နေတယ်။ အမြင်ကတော့ ဆိုင်းဝိုင်း ကြီးပဲ။ တူရိယာတွေက နိုင်ငံခြားတူရိယာတွေပဲ ဖြစ်နေတယ်။ သိပ်စော်ကားလွန်းတယ်လေ” လို့ ဆိုင်း ပညာရှင်ကြီး ဦးစိန်မွတ္တားက ပြောပါတယ်။

ဆိုင်းပညာကိုသင်ယူလေ့လာလိုတဲ့လူငယ်တွေကို သင်ကြားပေးဖို့အတွက်လည်း သူတို့အနေနဲ့ အဆင်သင့် ရှိနေပြီး သင်ယူဖို့ကတော့ လူငယ်တွေရဲ့တာဝန်ပဲဖြစ်ပြီး သင်ကြားပေးဖို့ကတော့ သူတို့တာဝန်ပါလို့ ဦးစိန်မွတ္တားက ဆက်ပြောပါတယ်။ ” ဒါမှလည်းဆိုင်းကပြန်ပြီးတော့ ခေါင်းမော့လာမှာပါ။ ကျွန်တော်တို့လည်း သင်ကြား ရေးအဖွဲ့ထဲမှာပါပါတယ်။ လူငယ်တွေအနေနဲ့ ခေတ်ပညာဘက်ကိုလည်း မလိုက်စားရဘူးမပြောပါဘူး။လိုက်စား ရမှာပါ။ နို့မို့ဆိုရင်ကမ္ဘာကြီးနဲ့ မျက်ခြည်ပြတ်သွားမှာလေ။ ဒါပေမဲ့ ဒို့ဂီတက ဒါဆိုတာကို ပြနိုင်အောင်လည်း တာဝန်ရှိပါတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်။ နိုင်ငံတကာနဲ့ ပခုံးချင်းယှဉ်နိုင်အောင်လည်း နိုင်ငံတကာ ဂီတကိုလည်း လေ့လာရမယ်။ ကိုယ့်ဂီတကိုလည်း ပစ်မထားရဘူး”လို့ သူကပြောခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here