အနောက်တိုင်းတူရိယာမထည့်သော ဆိုင်းဝိုင်းများနှင့် နောက်ပိုင်းဇာတ်တော်ကြီးညတိုင်းကပြသည့်ဇာတ်များကို သဘင်အစည်းအရုံး(ဗဟို)က ဂုဏ်ပြုချီးမြှင့်သွားမည်

0
241

Tabin1

ဇာတ်သဘင်ဖျော်ဖြေရေးနဲ့ ပတ်သက်ပြီးတော့ရော ဆိုင်းပညာရပ်နဲ့ ပတ်သက်ပြီးရော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်နိုင်ရေးအတွက် ရန်ကုန်နဲ့ မန္တလေးတွေမှာ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီး သဘောတူညီချက်တွေလည်း ရရှိခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲများမှ စည်းကမ်းသတ်မှတ်ချက်များအတိုင်း တီး ခတ်ကပြတင်ဆက်သော ဆိုင်းအဖွဲ့၊ ဇာတ်သဘင်အဖွဲ့များကို သဘင်အစည်းအရုံး(ဗဟို)က ဂုဏ်ပြုသွားမှာဖြစ်ကြောင်းလည်း အဆိုပါနေ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဦးဖိုးချစ်က ပြောခဲ့ပါတယ်။

” ကျွန်တော်တို့အနေနဲ့ချီးမြှင့်သွားမှာပါ။ မြန်မာ့ဆိုင်းတွေမှာ တခြားတူရိယာမထည့်ဘဲ တီးတဲ့ဆိုင်းတွေ၊ နောက်ပိုင်းဇာတ်တော်ကြီးတွေ ညတိုင်း ကပြီး အောင်မြင်အောင်ကြိုးစားတဲ့အဖွဲ့တွေကို စိစစ်ပြီးတော့ သီးခြားဂုဏ်ပြု ပေးဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ သဘင်ဘက်ကပဲ နိုင်သလောက်လေး ပြန်ထိန်းမှရမှာလေ။ အယူအဆတွေကွဲလွဲ နိုင်ပါတယ်။ ခေတ်မီချင်တာ ခေတ်ဆန်ချင်တာရှိမှာပေါ့။ ပုဂံဘုရားမှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကို ကောင်းစေချင်လို့ဆိုပြီး ဆေးသွားထပ်မသုတ်နဲ့။ ပျက်သွားမှာပေါ့။ ပြင် လိုက်ရင်ပျက်သွားမှာပဲ။ ဒီဆေးကို တို့လို့ထိလို့မရဘဲနဲ့ မပျက်စီးအောင် ထိန်းသိမ်းရမယ့်တာဝန်ပေါ့။ အဲဒါယဉ်ကျေးမှုပါပဲ။ မြန်မာ့ဆိုင်းကလည်း တီထွင်ဆန်းသစ်မှုနဲ့ ခေတ်တအားမီသွားတာနဲ့မတူဘူး။ တီထွင်ဆန်းသစ်တာက တခြား၊နိုင်ငံခြားတေးဂီတက အသံတွေကို မြန်မာ့ဆိုင်းနဲ့တီးလို့ရအောင် တီထွင်တာက တစ်မျိုးလေ။ ရောစပ်ပြီးတီးတာကျ တော့တစ်မျိုး။ အယူအဆတော့ကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရှင်ကြီး တွေကို ဖိတ်ခေါ်လိုက်တယ်။ အကြိမ်ပေါင်းများစွာ ဆွေးနွေးလိုက်တယ်။ အဆင်ပြေမှုတွေလည်းရှိမှာပါ။ ဒါပေမဲ့လည်း ဒီမိုကရေစီနည်းအရ အများဆန္ဒဖြစ်တဲ့အတွက်လိုက်နာရမှာပေါ့” လို့ ဂုဏ်ပြုချီးမြှင့်မယ့် အကြောင်းကို သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here