အိန္ဒိယနိုင်ငံမှာ ကြော်ငြာ သွားရောက် ရိုက်ကူးနေတဲ့ သက်မွန်မြင့်

0
129

Thet-Monသရုပ်ဆောင် သက်မွန်မြင့်က မေလ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ကို ကြော်ငြာ သွားရောက် ရိုက်ကူးခဲ့ပြီး ဇွန်လ ၁ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့ပါတယ်။ “Mumbai, India ကို ကြော် ငြာရိုက် ၄ ရက်ခရီးစပါပြီ။  မရောက်ဖူးတဲ့ နိုင်ငံကို တခြား အဖော်မပါ ကိုယ်တွေ ညီအစ်မ နှစ်ယောက်တည်း သွားရ မှာ..ဟီး။ ကြောက်တာတော့ ကြောက်တာပေါ့နော်။ ဘိုလိုမှ မ ပြောတတ်တာ။ သားနဲ့ သမီးလေး ကို ၄ ရက်တောင် ခွဲသွားရမှာ ရင်ပူနေပေ မယ့် ဒါလည်း ဘဝ တစ်ခုပါပဲ။ Fighting TMM အရာရာ အဆင်ပြေစေကြောင်း ဆု တောင်းပေးကြပါရှင်” လို့ သက်မွန် မြင့်က သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ထက်မှာရေးသားထားပါတယ်။

သက်မွန်မြင့်က သူ့ရဲ့ We Love Thet Mon Myint  အဖွဲ့နဲ့ အတူ မေလ ၂၈ ရက်နေ့၊ နေ့လယ် ၁ နာရီ အချိန်က မရမ်းကုန်းမြို့နယ် မှာရှိတဲ့ မသန်စွမ်း သက်ငယ် သင်တန်းကျောင်းမှာ အလှူလုပ်ဖြစ် ခဲ့ပါတယ်။ “ကျွန်မကို ချစ်နိုင် လွန်း ကြသူတွေ (WLTM) နဲ့ ၇ ရက်သား သမီး တွေရဲ့ ဒါန၊ ငွေသား ၁၃ သိန်းနဲ့ ၁၅ သိန်းတန်ဖိုးရှိ ပစ္စည်းများ၊ သူတို့ လေးတွေနဲ့ တူတူအလှူ လုပ် ရတာ ပီတိလည်းဖြစ်ပါတယ်။ ဒီလို အလှူတွေကနေ ကျွန်မကို လောဘ ပိုပိုတက်စေတယ်။ တာဝန်ယူလိုမှု တွေ ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတွေ ပိုပို များလာတယ်။ အဲဒါ တွေနဲ့ပဲ ကျွန်မကလေးနှစ်ယောက် ကို အနား က မခွာတမ်းနေချင်တဲ့ စိတ်ကို စွန့်ရဦးမယ်” လို့ အလှူနဲ့ပတ်သက် ပြီး သက်မွန်မြင့် ကပြောပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here