ဒိုင်လုပ်ခြင်း အပေါ်မှာလည်း မကြိုက်တဲ့ သူတွေရှိမှာပဲ တင်ဇာမော်

0
339

Tin Zar Maw

အဆိုတော် တင်ဇာမော်က သူမရဲ့ “၇” အခွေထွက်ရှိပြီး နောက် MTV ထွက်ရှိဖို့ အတွက် အချိန်ယူနေပြီဖြစ်ပါတယ်။ ဒါအပြင် ၂ဝ၁၆ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ရှိုးပွဲလည်းထွက်ရှိဖို့ ရှိကြောင်းလည်း ဆိုပါတယ်။ “တစ်ကိုယ်တော် အခွေသစ် “၇” အတွက် MTV လုပ်ဖို့ အချိန် ထပ်ယူနေတယ်။ လောလောဆယ် မလုပ်နိုင်သေးပါဘူး။ အင်္ဂလန်မှာက ပြန်ကာနီးမှပဲ လုပ်ဖြစ်မယ်ထင်တယ်။ အဲဒီအခါကျမှ MTV ရိုက်ဖို့ရော၊ ၂ဝ၁၆ တုန်းက လုပ်ခဲ့တဲ့ ရှိုးပွဲအခွေလေးတွေ ထွက်ရှိဖို့ရော ဆက်လုပ်နိုင်မယ်ထင်တယ်။ လောလောဆယ်တော့ အဲဒါတွေကို ခေါင်းထဲမှာ ခဏလေး ဖယ်ထားရတယ်” လို့ ပြောပါတယ်။

အဆိုတော် တင်ဇာမော်က myanmar Idol Season (2) မှာ ဒိုင်လူကြီးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ အချိန်ကသူမရဲ့ သီချင်းသီဆိုမှုပိုင်းအပြင် ဒိုင်လူကြီးအဖြစ် အားပေးလာတဲ့ ပရိသတ်တွေလည်းရှိလာတယ်လို့ ပြောပါတယ်။

” Myanmar Idol ပြီးမှ အစ်မရဲ့ ပရိသတ်တွေက အဆိုပိုင်းထက် ဒိုင်တစ်ယောက် ရဲ့ Comment တွေ အနေနဲ့ အားပေးလာတာကိုလည်း တွေ့ရပါတယ်။ ဒါက ရာခိုင်နှုန်းအပြည့်တော့ မဟုတ်ဘူး။ လူတစ်ယောက်အကြိုက်တစ်မျိုး ဖြစ်တယ်။ အစ်မရဲ့ဒိုင်လုပ်ခြင်း အပေါ်မှာလည်း မကြိုက်တဲ့သူတွေ ရှိမှာပဲ။ ဒါကဖြစ်စဉ်တစ်ခုရဲ့ သဘာဝပါ။ ဘာပဲဖြစ်ဖြစ်အစ်မတတ်စွမ်းတဲ့ အနုပညာပေါ်မှာပဲ အခြေခံပြီးအလုပ်လုပ်တာ ဖြစ်တဲ့အတွက် ကြောင့် ပရိသတ်တွေဆီက ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာကျေကျေနပ်နပ်ကြီးကို ခံယူရမှာပါ” လို့ အဆိုတော်တင်ဇာမော်က ပြောပါတယ်။ လတ်တလောမှာတော့ တင်ဇာမော်က အင်္ဂလန်က မိသားစုဆီပြန်သွားပြီ ဖြစ်ပြီး အင်္ဂလန်မှာ လေးလနီးပါး ကြာမယ်လို့လည်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here