ဝေလ၏ အဓိပတိဖွား DVD ထွက်တော့မည်

0
242

Wai La

ဝေလက သူ့ရဲ့တတိယစီးရီးဖြစ်တဲ့ အဓိပတိဖွားကို DVD အဖြစ် မကြာခင်မှာထွက်ရှိတော့မယ်လို့သိရပါတယ်။ ရိုက်ကူးမှုအပိုင်းတွေ အားလုံးပြီးပြီ ဖြစ်ပြီး ဆင်ဆာတင်မယ့် အပိုင်းတွေသာ ကျန်တော့တယ်လို့ သိရပါတယ်။”သီချင်းအားလုံးနီးပါး ပြီးသွားပြီ။ FG က ထုတ်မှာ။ အခုက ဆင်ဆာတင်မယ့် အပိုင်းပဲကျန်တယ်။ ဒီ၇လပိုင်းထဲမှာတော့ထွက်ရှိနိုင်ဖို့လုပ်ထားတယ်။သီချင်းအားလုံးတော့ ဗီဒီယိုရိုက်ကူးထားတာ အားရကျေနပ်ပါတယ်။ ဒါရိုက်တာက ကိုဏကြီးတို့  ထူးပိုင်ဇော်ဦးတို့ သည်ခေတ်နေတို့ လည်းပါမယ်။ ပြီးတော့ FG Entertainment က ဒါရိုက်တာတွေကလည်း ရိုက်ကူးပေးထားကြပါတယ်” လို့ ဝေလက ပြောပါတယ်။

ဝေလက ဒီကြားထဲမှာ ထွက်ရှိခဲ့တဲ့ ကုတင်အမှတ် 18 EP Album ကိုလည်း Music Video ရိုက်ကူးဖို့ရှိပြီး ရိုက်ကူးဖို့ကတော့ ကြာဦးမယ်လို့ဆိုပါတယ်။ ” ၃ ပုဒ်တည်း ပါတဲ့ အဲ့ဒီစီးရီးက သီချင်းလေးတွေက အရုပ်အနေနဲ့ရိုက်ရင်လည်း ရိုက်လို့ ကောင်း မယ့်ပုံစံတွေဆိုတော့ အဲ့ဒါလေးကို အချိန်ယူပြီး ရိုက်ဖို့ပြင်ဆင်နေတယ်။အခုကတော့ အဓိပတိဖွား DVD လည်း ထွက်မှာဆိုတော့အေးဆေးမှ ရိုက်မယ်” လို့ ဝေလက ပြောပါတယ်။ လတ်တလောမှာတော့ ဝေလက သူ့ရဲ့စတုတ္ထစီးရီးသစ်အတွက် စတူဒီယို ပြန်ဝင် နေပြီဖြစ်ပြီးသီချင်းအားလုံးအသံသွင်းပြီးမှသာ သီချင်းပုံစံတွေကိုပြောနိုင် မယ်လို့လည်းသူက ဆိုပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here