နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ့် ဘီလီလမင်းအေး ရဲ့ တစ်ကိုယ်တော်တေးစီးရီး

0
184

Bay Li

သီချင်းတွေ ဆက်တိုက်သီဆိုနေပြီး ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပြီဖြစ်တဲ့ ပြMyanmar Idol Season – 2 ရဲ့ 1st winner up ဆုရှင် ဘီလီလမင်းအေးကတော့ နှစ်ကုန်ပိုင်းမှာထွက်ရှိမယ့် သူ့ရဲ့တစ်ကိုယ်တော် စီးရီးအတွက် စတင်ပြင်ဆင်နေပြီလို့ဆိုပါတယ်။ တစ်ကိုယ်တော်စီးရီးနဲ့ ပတ်သက်ပြီး ဘီလီလမင်းအေးက ..

“ဒီနှစ်မကုန်ခင်လောက်မှာထွက်ဖို့ ကြိုးစားနေပါတယ်။ အခုထိ အခွေ Title ကိုမစဉ်းစား ရသေးဘူး၊ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတော့ မပါဘူး၊ နာမည်ကြီး တေးရေးဆရာတွေနဲ့ တေးရေးဆရာအသစ်တွေရဲ့ သီချင်းတွေပါ မယ်၊ ပေါ့ပ်သီချင်းလေးတွေများမယ်၊ နားထောင်တဲ့သူတွေ ရိုးမသွားအောင် အနှေးအမြန်ပုံစံနှစ်မျိုးရောထားပါတယ်” လို့ဆိုပါတယ်။ အရင်ကကျောင်း ဆရာမအဖြစ်ရပ်တည်ခဲ့ရတာကနေ အခုလက်ရှိအချိန်မှာ အဆိုတော်တစ်ယောက်ဖြစ်လာပြီး ကိုယ့်အိမ်မက်တွေ အကောင်အထည်ပေါ်လာတဲ့အခါ ခံစားချက်တွေ မတူတော့ဘူးလို့လည်း ဘီလီလမင်းအေးက ပြောပါတယ်။ “ကွာတော့ကွာတာပေါ့၊ အရင်တုန်းက ဆရာမတစ်ယောက်ရဲ့ Life နဲ့ အခု Life က အရမ်းကွာတယ်။ ဒါပေမဲ့ ပရိသတ်တွေဆွဲခေါ်လာတဲ့ ဒီနေရာမှာပျော်ပါတယ်” လို့ ဘီလီလမင်းအေးက ပြောပြခဲ့ပါတယ်။

ထူးရွှေရည်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here