လူမှုရေးနဲ့  အနုပညာကို ခွဲမြင်စေလိုတဲ့ မိုးမိုး

0
198
ဓာတ်ပုံ- မိုးမိုး ဖေ့စ်ဘုတ်ခ်
 ဓာတ်ပုံ- မိုးမိုး ဖေ့စ်ဘုတ်ခ်
ဓာတ်ပုံ- မိုးမိုး ဖေ့စ်ဘုတ်ခ်

အဆိုတော် မိုးမိုး က သူ အနုပညာ လုပ်လာတဲ့ သက်တမ်းတလျှောက်မှာ အစဉ်တစိုက် အားပေးလာခဲ့တဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်တယ်လို့ ပြောပြီး ဆက်လုပ်မယ့် အနုပညာ အလုပ်တွေမှာလည်း ပရီတ်သတ်တွေရဲ့ ရင်ကို အေးမြစေတဲ့ အလုပ်တွေပဲ ပြုလုပ်သွားမှာ ဖြစ်တယ် လို့  ဆိုပါတယ်။

“အေးအေးချမ်းချမ်း လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာအောင် ရှေ့ ဆက်လုပ်ဆောင်သွားပါ့မယ်။အနုပညာသမားမှာလည်း လူမှုရေး ရှိပါတယ်။လူမှုရေးနဲ့  အနုပညာကိုတော့ ခွဲမြင်စေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကလည်း ကျွန်တော် အားပေးတဲ့ အနုပညာရှင်တွေကို လူမှုရေးနဲ့ အနုပညာ တွဲဖက်ပြီး မမြင်ပါဘူး။ကျွန်တော်တို့ ကိုလည်း အနုပညာအားပေးတာ သတ်သတ် ဆိုတာမျိုးလေး ဖြစ်စေချင်ပါတယ်။ဒါကတော့ ကျွန်တော် ဖြစ်စေချင်တာလေးကို ပြောတာပါ။စေတနာ နဲ့  ပြောကြတဲ့ သူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” လို့  မိုးမိုး က သူ့ ရဲ့ လူမှုရေးကိစ္စတွေနဲ့ အနုပညာလုပ်ငန်းတွေပေါ်မှာ ခွဲခြား မြင်စေလိုကြောင်းပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here