နောင်တတရားတွေ ကင်းအောင် အစောကြီး ကတည်းက သတိတရားတွေနဲ့ ကြိုတင်ပြီး ပြင်ဆင်ကြဖို့ လိုတယ် ဆိုတဲ့ ပြေတီဦး

0
207

Pyay-Ti-Ooဝတ္ထုဇာတ်ညွှန်း လင်္ကာရည် ကျော် ရေးသားပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ နေဝင်အိပ်တန်းတက်ရုပ် ရှင်ဇာတ်ကားမှာ ပါမောက္ခ ဒေါက်တာ မြတ်ထွန်း အဖြစ် သရုပ်ဆောင်ထား တဲ့ ပြေတီဦးက ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ရတဲ့အတွက် အမြဲတမ်း ဝမ်းသာပြီး ဂုဏ်ယူနေမိမှာပါလို့ ပြောပါတယ်။

“ဒီဇာတ်ကားက ဘယ်လောက် ထိအောင်မြင်မှာလဲ မအောင်မြင် ဘူးလဲဆိုတာ အစ်ကို မသိပါဘူး။ ဒါပေမဲ့ လည်း ကိုယ့်ကိုကြည့် ရှုပြီး တော့ အားပေးခဲ့ကြတဲ့ မိဘ ပြည်သူ ပရိသတ်တွေ အတွက်ကို ဒီလိုမျိုး အကျိုးရှိတဲ့ ဇာတ်ကားလေး တစ်ကားရိုက်ကူးခွင့် ရတဲ့ အတွက် ကျေနပ်မိပါတယ်။ ရေးတဲ့စာရေး ဆရာကလည်း ကောင်းလို့ပါ။ ရေးတဲ့ စာရေးဆရာ ရဲ့ပေးချင်တဲ့ မက်ဆေ့ခ်ျ က လည်း တန်ဖိုး ရှိလို့ပါ။ အစ်ကိုတို့ ဘဝကို ဖြတ်သန်းတဲ့ အခါမှာ ဒီဇာတ် ကားလေးက အသိတရား လေးတွေ တော်တော်ရစေတယ်။ ကိုယ့်ကိုယ် ကိုယ် သတိပြန်ကပ်စေတယ်။ ငါတို့ရှေ့ဆက်လျှောက် ရမယ့်လမ်းတွေမှာ ဘယ်လိုမျိုးလျှောက် ရမှာပဲ ဆိုတဲ့ အသိတရားတွေလည်း ရစေတယ်။ ဒီ ဇာတ်ကားလေး ကို တော်တော်လေး ကျေနပ်မိ ပါတယ်။ ဒီဇာတ်ကားထဲ ကဇာတ်ကောင် ဒေါက်တာ မြတ်ထွန်း ကို တော်တော်လေး လေး စားပြီးတော့ ချီးကျူးမိပါတယ်။ သူ့လိုမျိုး ကျင့်ကြံ ပြီးတော့ နေထိုင်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံး ပဲပေါ့” လို့ ပြေတီဦးက ပြောပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး စာရေးသူပေးချင်တဲ့ မက်ဆေ့ခ်ျကို လည်း သဘောကျမိတယ်လို့ ဆိုတဲ့ ပြေတီဦးက..

“လူဆိုတာ တစ်သက်လုံးအောင် မြင်မှုတွေနဲ့ ရုန်းကန် ခဲ့ကြရတယ်။ လှုပ်ရှားခဲ့ကြရတယ်။ စီးပွားတွေ ရှာခဲ့ရတယ်။ ဒါပေမဲ့ လူတိုင်း လူတိုင်း က ဘဝရဲ့နေဝင်အိပ်တန်း တက်အချိန်ကို မလွဲမသွေရောက် လာကြမှာပဲ။ အဲဒီလို ရောက်လာတဲ့ အချိန်မှာ နောင်တ တ ရားတွေ ကင်းဖို့ တအား အရေးကြီးပါတယ်။ နောင်တ တရားတွေနဲ့သာ နေဝင် အိပ်တန်းတက်ချိန်ကို ဖြတ်သန်းရ မယ်ဆိုရင် ဘဝက သိပ်ကို အကျည်း တန်ပါလိမ့်မယ်။ နောင်တတရားတွေ ကင်းနိုင်သမျှ ကင်းအောင် အစော ကြီးကတည်းက သတိတရားတွေ နဲ့ကြိုတင် ပြီး ပြင်ဆင်ကြဖို့ လိုတယ် ဆိုတဲ့ ဒီဇာတ်ကားထဲက မက်ဆေ့ခ်ျ ကို အကြိုက်ဆုံးပါပဲ”လို့ ပြောပါ တယ်။ အခု လတ်တလောမှာ ပြေတီဦးက နယ်ပရိသတ် များအတွက် ဗီဒီယို ဇာတ်ကား နှစ်ကားဆက်တိုက် ရိုက် ကူးနေပြီး သရုပ်ဆောင်ကြေး ကို လည်း လျှော့ယူပြီး ရိုက်ဖြစ်တယ်လို့ သိရပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here