ချစ်သူနဲ့ လမ်းခွဲလိုက်ပြီ ဆိုတဲ့ သင်ဇာဝင့်ကျော်

0
252

Thin-zar-wint-kyawသင်ဇာဝင့်ကျော်က ဒါရိုက်တာစတီးလ် ရိုက်ကူးပုံဖော်တဲ့ “ဝိညာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ အောင်ရဲလင်းရဲ့ ချစ်သူတစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က “ဒီဇာတ်ကားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဆိုပေမယ့် ရသပိုတဲ့ ဇာတ်ကားလေး တစ် ကားပါ။ ဒီလိုမျိုး ကာရိုက်တာကို သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီဇာတ်ကားက ရုပ်ရှင် ဇာတ်ကား ကြီး ဖြစ်တဲ့ အတွက်ကြောင့် သူငယ်ချင်းကိုလည်း မလွန်ဆန်နိုင်ဘူး၊ ချစ်သူ ကိုလည်း ရင်ထဲက နှစ်နှစ်ကာကာ ချစ်ပြီးတော့ အရမ်းချစ်တဲ့ မိန်းကလေး တစ်ယောက် ဆိုတော့ အရင်ဇာတ်ကားတွေ ထက် ပိုလုပ်ရ တယ်။ အမှတ်တရက ကြီးကြီးမားမားတော့ မရှိပါဘူး။ အစွမ်းကုန် ကြိုးစားထားတဲ့အတွက် သူ့ နေရာနဲ့ သူတော့ အားရကျေနပ်ပါတယ်” လို့ ပြောပါတယ်။

နောက်ပိုင်းမှာ ကိုယ်လုပ်ကွက်ရမယ့် ဇာတ်လမ်းမျိုးတွေ ကို အဓိကထားပြီး ရိုက်ဖြစ် နေတယ် ဆိုတဲ့ သင်ဇာဝင့်ကျော် က ကိုယ်မကြိုက် လို့ မရိုက်ဖြစ်တဲ့ ဇာတ်လမ်းမျိုး တွေလည်းရှိကြောင်း ပြောပါတယ်။

“အဓိကကတော့ ကိုယ်လုပ်ကွက် ရမယ့် ကာရိုက်တာ၊ ကိုယ်လုပ်ကွက် ရမယ့် ဇာတ်မျိုးတွေ ကို အဓိကထားပြီး လုပ်ဖြစ်ပါတယ်။ ကိုယ် မကြိုက်လို့ မရိုက်ဖြစ်တဲ့ ဇာတ်လမ်းမျိုး တွေလည်း ရှိပါ တယ်။ အရမ်းဗန့်ဆန်ပြီး အဖြည်မပါတဲ့ ဇာတ်မျိုး၊ ပုဂ္ဂိုလ်ရေး ထိခိုက်စေမယ့် ဇာတ် မျိုးတွေ မရိုက် ပါဘူး။ တချို့နယ်က အရမ်းရိုးတဲ့ သူတွေဆို ဒီကာရိုက်တာကို မုန်းသွားတာတွေ ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီလိုမျိုးတော့ သိပ်မရှိတော့ပါဘူး” လို့ ပြောပါတယ်။

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ သင်ဇာဝင့်ကျော်က သူနဲ့သက်ဆိုင်မှု မရှိတော့တဲ့ အကြောင်းကို သူ့ရဲ့ အွန်လိုင်း စာမျက်နှာထက် မှာ ရေးသားထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က “တချို့က မပြတ်ကြသေးဘူး ထင်ပြီး ကြားထဲဝင်ချင်တဲ့ သူတွေရှိတယ်။ ကြားထဲ ဝင်တယ် ဆိုတာက သင်ဇာ့ကို အပြင်မှာ တစ်ယောက်ယောက် နဲ့ တွေ့လိုက်တယ်တို့၊ ဘာတို့။ ကိုယ်က သူငယ်ချင်းတွေ နဲ့ သွားတာလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒါကို ပြတ် တယ်ဆိုတာကို မသိကြဘဲ ကြားဝင် ဖြေရှင်းပေးချင်တဲ့ သူတွေရှိလို့ သူတို့လည်း သိသွား အောင် Officially  ကြေညာ လိုက်တာပါ” လို့ ပြောပါတယ်။

တစ်ယောက်တည်း ဘဝလေးက ပိုငြိမ်းချမ်းပြီး၊ အပူတွေမရှိတော့ဘဲ ကိုယ် ဆန္ဒရှိတာ လုပ်ပြီး လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ဘဝကို ပိုပြီးပြန်လိုချင် မိကြောင်းလည်း သင်ဇာဝင့်ကျော်က ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here