နာမည်ကျော် Beauty Blogger တစ်ဦးနဲ့ ချစ်သူဖြစ်နေတဲ့ အောင်ရဲလင်း

0
332

Aung-Ye-Lin-2အောင်ရဲလင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “ဝိညာဉ်ကကြိုး” ရုပ် ရှင်ဇာတ်ကားကြီးက မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားကို ပြန်ကြည့်တဲ့ အခါမှာ ကျေနပ်အားရမှု ရှိတယ်ဆိုတဲ့ အောင်ရဲလင်းက ဒီဇာတ်ကားမှာ ပရိသတ်တွေ အနေနဲ့ သူ့ကိုပုံစံသစ် တစ်မျိုးနဲ့ တွေ့ရမှာ ဖြစ်ကြောင်း ပြောပြပါတယ်။

“ဒီဇာတ်ကားက ရုပ်ထွက်တွေ အကုန်လုံး လှပါတယ်၊ အားရ ကျေနပ်မှု ရှိပါတယ်။ အဓိကကတော့ ဇာတ်ရဲ့တီးလုံးကို ပိုကြိုက်တယ်။ ကားက အများကြီး ကြွသွားတယ်။ နောက်ပြီး ဒီဇာတ်ကားမှာ ကျွန်တော့် ကို ပုံစံသစ် တစ်မျိုးနဲ့ တွေ့ရမယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ် အစကတည်း ကိုက ကျွန်တော် ဒီပုံစံ ပြောင်းလိုက်တာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက အခုမှ ရုံတင်တဲ့ကား ဖြစ်တဲ့ အတွက်ကြောင့် နည်း နည်း နောက်ကျပြီးမှ ပရိသတ် ကြည့်ရတာပေါ့။ အရင်တုန်းက ပုံစံမျိုး တွေကို ကျွန်တော် မလုပ်ချင်တော့ဘူး။ ပုံစံပြောင်း သွားတဲ့ နောက် တစ်ယာက် အနေနဲ့ ကျွန်တော် ပြောင်းလဲချင်တယ်။ ဒါကြောင့်လည်း ကျွန်တော်ပြောင်းလဲ လိုက်တာပါ။ ဒီဇာတ်ကား ထွက်လာရင် ကျွန်တော့်ကို ကြည့်တဲ့ အပေါ်မှာ အမြင်အားလုံး ပြောင်းသွားမယ်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။

အောင်ရဲလင်းက လက်ရှိမှာတော့ နာမည်ကြီး Beauty Blogger  တစ်ဦးနဲ့ ချစ်သူတွေ ဖြစ်နေကြတယ် လို့လည်း သိရပါတယ်။ သူတို့နှစ်ဦး တစ်ယောက် နဲ့တစ်ယောက် အမြဲတမ်း ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် ရှိကြပုံကို အောင်ရဲလင်းက…

” တစ်ယောက်နဲ့တစ်ယောက် ကတော့ ကောင်းတိုင်ပင်၊ ဆိုးတိုင် ပင်ပါပဲ။ ကျွန်တော်က သူ့ရဲ့အလုပ်တွေ လည်း အများကြီး မကျွမ်းကျင် ပါ ဘူး။ ကျွန်တော် သိသလောက်လေးတော့ Share တယ်၊ သူလည်း ကျွန်တော့် အလုပ်တွေ အများကြီး မကျွမ်းကျင်ပါဘူး၊ သူသိ သလောက် ကျွန်တော့် ကို Share တယ်။ ဒါပေမဲ့ ဆုံးဖြတ်တာက သူ့ဆုံးဖြတ်ချက် နဲ့သူ၊ ကျွန်တော့် ဆုံးဖြတ်ချက်နဲ့ ကျွန်တော်။ ဒါပေမဲ့ အကြံပြုတာလေး တော့ ရှိတယ်” လို့ ပြောပါတယ်။

ချစ်သူရှိနေပေမယ့် အိမ်ထောင်ပြုဖို့ ကတော့ အများကြီးလိုပါ သေးကြောင်းလည်း အောင်ရဲလင်းက ပြောပါတယ်။

“အများကြီး လိုပါသေးတယ်။ ကျွန်တော့် အနေနဲ့ ခံယူထားတာ တစ်ခုကတော့ အိမ်ထောင်ပြုမယ့် ကံပါရင် ပြုမှာပေါ့။ အဲဒီလိုပဲ ခံယူထားပါ တယ်။ အများကြီး မတွေးထားဘူး။ အဓိက ကတော့ ကျွန်တော်သည် လူသား တစ်ယောက် ဖြစ်တယ်။ ဒါကြောင့် အချစ်ရေး နဲ့ ပတ်သက်မှုလည်း ရှိတယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ကျွန်တော် ထွေထွေထူးထူး ပြောစရာ မလိုပါဘူး။ ကျွန်တော်ခံယူ ထားတာတစ်ခုက အိမ်ထောင်ပြုရမယ့် ကံပါရင်ပြုမယ်။ ဘယ်လောက် ပဲ ချစ်ချစ် ဖူးစာမပါရင် ဘာမှပြောလို့ မရဘူး၊ ဘယ်လောက်ပဲ မချစ်မချစ် ဖူးစာပါရင် ညားတာပဲ ဆိုတော့ ယုံကြည်ရာတစ်ခုက ဖူးစာပဲ၊ ဖူးစာပါရင်တော့ တစ်ယောက်ယောက် နဲ့တော့ အိမ်ထောင်ပြုရ မယ်”လို့ ပြောပြပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here