နန်းဆုဦး စိတ်လှုပ်ရှားနေတဲ့ ဇာတ်ကားတစ်ကား

0
340

nan-su-ooမကြာခင်မှာ ဒါရိုက်တာ ကျော်နှင်းဆီ ရိုက်ကူး ပုံဖော်မယ့် ဗီဒီယိုဇာတ်ကား တစ်ကားမှာ နန်းဆုဦးက ဇေရဲထက် နဲ့အတူ ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေး မှာ တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် စိတ်လှုပ်ရှားနေကြောင်း နန်းဆုဦးက ပြောပါတယ်။

“အဲဒီ ဇာတ်ကားလေးက ဗီဒီယိုကားလေးပါ။ နန်းဆုကို လာပြီး ဇာတ်လမ်း လာပြကတည်းက နန်းဆု Excited  ဖြစ်သွား တယ်။ နန်းဆုတစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာတစ်ခုပါ။ အဲဒီ ကားလေးမှာ နန်းဆု သရုပ်ဆောင်ရမယ့် ကာရိုက်တာက သူ့ Family က စကား မပြောတတ်တဲ့ Family Background  ဖြစ်တဲ့ အတွက်ကြောင့် သူ့ပတ်ဝန်းကျင်က သူတွေနဲ့ စကားပြောရင် လက်ဟန် ခြေဟန် နဲ့ပဲ ပြော တယ်။ အဲဒီ လက်ဟန် ခြေဟန်နဲ့ ကာရိုက်တာကို နန်းဆု တစ်ခါမှလည်း သင်မထားဘူး။ အဲဒါ ကြောင့် ဒီဇာတ်ကား ရိုက်ဖို့ အတွက် ကို အချိန်ယူပြီးတော့ ကိုဇေရဲ ထက် နဲ့အတူ သင်ရမယ်။ နန်းဆု အိုက်တင်နဲ့တွဲပြီး အဲဒီလိုကာ ရိုက်တာ လုပ်ရတဲ့ ဇာတ်ကားလေး အတွက်ကို Excited အရမ်း ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်ကားလေးက ကိုယ် မလုပ်ဖူးတဲ့ ကာရိုက်တာ ဖြစ်တဲ့ အတွက် စိုးရိမ်စိတ် ရှိလားဆိုတာကို နန်းဆုဦးက….

“ဒါရိုက်တာ ကျော်နှင်းဆီက သူ့ဆီမှာရှိတဲ့ ဇာတ်ကားလေးကို သူ ရိုက်ချင် တယ်။ ဇာတ်ကားကလည်း ဆန်းဆန်းလေး၊ တစ်ခါမှ မလုပ်ဖူးဘူး။ မင်းသားနဲ့ မင်း သမီးနှစ် ယောက်စလုံးက အခုလို လက် ဟန် ခြေဟန်နဲ့ တစ်ကားလုံးနီးပါး သရုပ် ဆောင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် လုပ် ကြည့်ချင်တယ်။ စိုးရိမ်စိတ်ရယ်လို့တော့ မဟုတ်ဘူး။ Excited ဖြစ်တာတော့ရှိတယ်။ ကိုယ်မလုပ်ဖူး သေးတဲ့ ကာရိုက် တာ တစ်ခု ဆိုတော့ ကိုယ်ဘယ်လိုလေး လုပ်ရင်ကောင်းမလဲ ဆိုတာကို ဒါရိုက်တာနဲ့ အမြဲတမ်း တိုင်ပင်ဖြစ်တယ်။ ရင်ခုန်တာတော့ ရှိတယ်”လို့ ပြောပါတယ်။

ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတွေ ထွက်လာရင်လည်း ပရိ သတ်တွေကို ကြည့်စေချင်တဲ့ နန်းဆု ဦးက ပရိသတ်တွေရဲ့ အကြံ ပြုချက်တွေကို အမြဲတမ်း နားထောင်နေ ကြောင်း ပြောပါတယ်။ မကြာခင်မှာလည်း နန်းဆုဦး ပါဝင်သရုပ်ဆောင်ထားတဲ့ “ချေ”ဗီဒီယို ဇာတ်ကားလေးလည်း ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး နန်းဆုဦးက…

“ချေ” ဇာတ်ကားလေးက အချစ် ဇာတ်လမ်းလေးပါ။ ဒါပေမဲ့ အချစ်ဇာတ်လမ်းကိုပဲ ဇာတ်လမ်း အဆန်းနဲ့ ရိုက်ထားတာ။ ကိုဇေရဲ ထက်က ဒီဇာတ်ကားမှာ မင်းသား၊ နန်းဆုက သူ့ကို အရမ်းကြိုက်တဲ့ Crazy Fanတစ်ယောက်။ ဒါပေမဲ့ ကိုယ် ကြိုက်တာကို မပြောပြဘဲ ဘေးရောက်လာရင် အမြဲတမ်း “ချေ” နေမယ့်ပုံစံလေးလို့ ပြောပါတယ်။

ဗီဒီယိုဇာတ်ကားပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်ကား ပဲဖြစ်ဖြစ် ကိုယ့် သရုပ်ဆောင်မှုကို ပရိသတ်တွေကို ချပြတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကြိုးစား အားထုတ်မှုက အပြည့်ပဲလို့ နန်းဆုဦးက ဆိုပါတယ်။

“နန်းဆုဘက်က အတတ်နိုင်ဆုံး ရာခိုင်နှုန်း အပြည့်ကို လုပ်တယ်။ ရုပ်ရှင် ဇာတ်ကားကြီး ဆိုရင်တော့ နန်းဆု စိတ်ထဲမှာ Pressure တစ်ခုပဲ ပိုသွားတာရှိတယ်။ ရုပ်ရှင်ဇာတ်ကားကျ တော့ ပိတ်ကားကြီး ပေါ်မှာ ကိုယ် သရုပ်ဆောင်တာကို အသေးစိတ် တွေ့နေကြရမှာ ဆိုတော့ တစ်ခုခု မှားသွားမှာ စိုးရိမ်တဲ့ အတွက် ပိုပြီး သတိထားရတယ်”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here