ကိုယ်တိုင်ရေး သီချင်းတွေကို အွန်လိုင်းက တစ်ဆင့် ဖြန့် ချိတော့မယ့် နီနီခင်ဇော်

0
244

Niနီနီခင်ဇော်က သူမကိုယ်တိုင် ရေးသားထားတဲ့ သီချင်း နှစ်ပုဒ်ကို အွန်လိုင်းက တစ်ဆင့် ဇွန်လကုန်နဲ့  ဇူလိုင်လကုန် တို့မှာ ဖြန့်ချိသွားမယ် လို့ သိရပါတယ်။ ဒီသီချင်း နှစ်ပုဒ်ကတော့ အဆွေးသီချင်းတွေပဲ ဖြစ်ပြီး ဇူလိုင်လကုန်မှာတော့ မိုးနဲ့ ပတ်သက်တဲ့ သီချင်း ပုံစံလေး ဖြစ် တယ် လို့လည်း သိရပါတယ်။ တေးရေး ဆရာတွေရဲ့ သီချင်းတွေကိုပဲ ဆိုနေကျဖြစ်တဲ့ နီနီခင်ဇော်က ကိုယ်တိုင် ရေး သီချင်းတွေနဲ့ စတင်ပွဲ ထွက်လာပုံ အကြောင်းကတော့…

“နီနီ့ရဲ့ အခြားခြေလှမ်းတစ်ခု လို့ ပြောလို့ရသလို စွန့်စားမှု တစ်ခု လို့လည်း ပြောလို့ရပါတယ်။ တစ်ခါ တလေ ကျတော့ သီချင်းတွေပဲ ဆိုနေ တာထက် ကိုယ်တိုင် ဖန်တီးတဲ့ အရာလေးကို ချပြချင်တယ်။ ကိုယ်ကိုယ် တိုင် ရင်ထဲကနေ ဖန်တီးချင်တဲ့ အရာလေးကို ထုတ်ပြခွင့်ရတာ ဝမ်းသာစရာပါပဲ။ နီနီက ပရော်ဖက်ရှင်နယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇွန်လကုန် မှာ ထွက်မယ့် သီချင်းကိုတော့ အားရပါတယ်။ တခြားသီချင်းတွေ မှာတော့ လိုအပ်ချက်တွေရှိပါ လိမ့်မယ်။ ဒါကိုလည်း နီနီ့ရဲ့ ဆရာတွေက ဝိုင်းဝန်းပြီး ပြင် ဆင်ပေး နေ ကြပါတယ်။ တအား မတော်သေးပါဘူး။ နီနီ့ရဲ့ Official Page က တစ်ဆင့် တင်ပေးသွားမှာပါ” လို့  နီနီခင်ဇော် က ပြောပြပြီး သူမရဲ့ စီးရီးသစ် ကိုတော့ ၁ဝ လပိုင်းမှာ ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတယ် လို့ လည်း သိရပါတယ်။

နီနီခင်ဇော်ကို Safety First ဆိုတဲ့ Short Flim တစ်ခုမှာလည်း သရုပ်ဆောင် အဖြစ် တွေ့ရတာကြောင့် ဒီအပေါ်မှာ မေးကြည့်တော့…

“အဲဒါက (ရယ်လျက်) Short Flim ဆိုပြီး ကိုရွှေမန်း (Media 7) က တင်လိုက်လို့။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးလေး ပါ။လမ်းပြောင်း ပြန်ကျော်မောင်း သွားတယ်။ ဒါမလုပ်သင့်ဘူးပေါ့။ အဲဒါလေးကို ရိုက်တာ။ စကားလည်းမ ပြောရပါဘူး။ အိုက်တင်နဲ့ပဲ သရုပ်ဆောင် ရတာ။ Short Flim မှာ ပါတယ်ဆိုတော့ သရုပ်ဆောင်နေပြီ ထင်တာ။ တကယ်က ဒီတိုင်းပဲ ပါတာပါ။ နီနီသရုပ်ဆောင် မလုပ်သေးပါဘူး”လို့ နီနီခင်ဇော်က ပြောပြ ခဲ့ပါတယ်။

ရဲရဲ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here