နေတိုး မိတ်ကပ်လိမ်းတာကိုခံခဲ့တဲ့ ခင်ဝင့်ဝါ

0
274

Khin
ခင်ဝင့်ဝါ ပါဝင်ထားတဲ့ “ကြောက်…ကြောက်…ကြောက်| ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ကား နမူနာ ပြသချိန်မှာ ပရိသတ်တွေ တစ်ခဲနက် အားပေး ကြတာကို တွေ့ရပါတယ်။ သရဲမိတ် ကပ် အပြင်အဆင်တွေ နဲ့အတူ ရိုက် ကူးရင်း ခင်ဝင့်ဝါ ကျောချမ်းခဲ့ရတဲ့ ရိုက်ကူးရေး အကြောင်းကို

“ဒီကားထဲမှာ သရဲမိတ်ကပ် အပြင်အဆင်တွေ အတွက် ကတော့ ကိုနေတိုးက လုပ်ပေးပါတယ်။ ညီမ ကိုလည်း ကိုနေတိုးပဲ သရဲမိတ်ကပ် ကို လိမ်းပေးတယ်။ ညီမက အမှောင် ထဲမှာ တစ်ယောက်တည်း နေရရင် တအား ကြောက်တတ်တယ်။ ဒီကား ကြီးက သင်္ချိုင်း အစစ်တွေမှာ သွား ရိုက်တော့ ကိုယ်က ကြောက်ရတယ်။ ဒီလို အစစ် နေရာတွေမှာ ရိုက်ရ တော့ ကျောလည်းချမ်းတယ်။ ပါဝင် တဲ့ သရုပ်ဆောင် တွေကလည်း အတွဲ ညီကြတဲ့ အတွက် အမှတ်တရတွေက အများကြီးပါ။ ဒီကားကြီး ကြော်ငြာ မှာတင် ပရိသတ်တွေ ကြိုက်ကြ တယ်။ ထင်ကြေးပေးနေ ကြတဲ့ အတွက် လည်း တအားပျော်ပါ တယ်။ ဒီကားကြီး ဇူလိုင်လမှာ ရုံတင်ရင် လည်း အားပေး ကြပါဦး”လို့ ခင်ဝင့်ဝါက ပြောပြပါတယ်။

ခင်ဝင့်ဝါက လတ်တလောမှာ လည်း ဒါရိုက်တာသားညီ ရိုက်ကူးတဲ့ ဇာတ်ကားမှာ နေတိုး နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါ တယ်။ မော်လဒိုက်ကမ်း ခြေကိုလည်း စန္ဒီမြင့်လွင်၊ အွန်ဆိုင်းတို့နဲ့အတူ အလည်အပတ် သွားခဲ့ တဲ့ခင်ဝင့်ဝါကမော် လဒိုက်ခရီးစဉ် အပြီး မှာလည်းဘန် ကောက် ကိုသွား ရောက်ဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here