သမီးဦးလေးကို ဇူလိုင်လမှာ မွေးဖွား တော့မယ့် ကောင်းခန့်တို့ ဇနီးမောင်နှံ

0
277

Kaung-Khantသရုပ်ဆောင် ကောင်းခန့်ရဲ့ ဇနီး မရူပါက ကိုယ်ဝန် ၈ လကျော်ရှိ နေပြီး ဇူလိုင်လထဲမှာ ပန်းလှိုင်ဆေးရုံ မှာ ခွဲမွေးမယ်လို့ သိရပါတယ်။ မကြာ ခင်မှာ သမီးဦးလေးကို ပိုင်ဆိုင်ရ တော့မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှား ပြီး အရမ်းရင်ခုန်နေတဲ့ ကောင်းခန့် က ဇနီးသည်ကို ဂရုစိုက် ပေးဖြစ်တာ နဲ့ ပတ်သက်ပြီးလည်း

“သမီးလေး ဆိုတော့ စိတ်လှုပ် ရှားတယ်။ ကျွန်တော်က သားလေးလို ချင်တာ။ အမျိုးသမီးက မိန်းကလေး လိုချင်တာ။ ဒါပေမဲ့ ဘာလေးပဲ ဖြစ် ဖြစ် ကိုယ့်သားသမီး ဆိုတော့ ချစ်ရ မှာပဲ။ အခုဆို အမျိုးသမီးကို ချော်လဲ တာတို့၊ လျှက်တစ်ပြက် အတော အတွင်းမှာ မတော်တဆ ဖြစ်မှာတို့၊ အဲလိုမျိုးလေးတွေ မဖြစ်အောင် ဂရု စိုက်ပေးရတယ်။ အင်တာနက်မှာ လည်း ကိုယ်ဝန် နဲ့ပတ်သက်တဲ့ ဗဟု သုတစာ တွေလည်း ဖတ်ဖြစ်တယ်။ ဖခင်လောင်း၊ မိခင်လောင်း ဖတ်ရ မယ့်စာတွေ ဖတ်ဖြစ်တယ်” လို့ ပြော ပါတယ်။

သာယာပျော်ရွှင်တဲ့ အိမ်ထောင် တစ်ခုကို ထူထောင်ထားတဲ့ ကောင်း ခန့်က သားသမီးရလာတော့ သူ့အ တွက် ပိုပြီး ကြိုးစားရတော့မှာ ဖြစ် ကြောင်းပြောပါတယ်။ “အခုဆို စဉ်း စားမှုအပိုင်းတွေ က များလာတာပေါ့။ မိန်းမ မယူခင် ကလည်း အိမ်ထောင် ကျခါနီးမှ အိမ် ထောင်ပြုဖို့ အတွက် ပြင်ဆင်ရတယ်။ အခုဆိုလည်း အိမ်ထောင်ကျပြီး သားသမီးယူမယ်လို့ ဆုံးဖြတ်ပြီးတော့လည်း သားသမီး ရလာရင်ဘယ်လို လုပ် ဆောင်သွား မလဲဆိုတာကို ရေရှည် ဏူညေ တော့ စဉ်းစားရတာပေါ့။ ပိုပြီး ကြိုးစားရ တော့မယ်” လို့ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here