ကလေးဆန်တဲ့ အိုက်တင်မျိုး မလုပ်တော့ဘူး အောင်ရဲလင်း

0
785

Aung-Ye-Linသရုပ်ဆောင် အောင်ရဲလင်း ဟာ အခုနောက်ပိုင်း မှာတော့ ကလေး ဆန်တဲ့ ကာရိုက်တာမျိုးတွေ မရိုက်ဖြစ်တော့ဘဲ ဇာတ်လမ်း အရ ဇာတ်ရုပ် ပီပြင်မယ့် ဇာတ်ကားမျိုး တွေကို ပိုပြီး ရွေးချယ် ရိုက်ကူးဖြစ်နေကြောင်း ဆိုပါတယ်။ “အရမ်း ကလေး ဆန်တဲ့ အိုက်တင် ကျွန်တော် မလုပ် တော့ဘူး။ အသက်အရွယ် ပေါ်မှာလည်း မူတည်တာလည်း ပါပါတယ်။ လူငယ်တော့ လူငယ်ပဲ၊ ဒါပေမဲ့ ရင့်ကျက်တယ်။ အဲဒီလို ပုံစံမျိုးကို နောက်ပိုင်းကြိုက်တယ်။ အရင်တုန်းကတော့ ကလေး နည်းနည်း ဆန်တယ်။ လူငယ်ဇာတ်ကားတွေ ရိုက်တာ များ တယ်။ ဒီနောက်ပိုင်း ကလေးဆန်တဲ့ ဇာတ်ကားတွေ သိပ်မရိုက် ဖြစ်တော့ဘူး။ ဇာတ်လမ်း အရ ကာရိုက်တာပီပြင်မယ့် ကားမျိုးတွေ ပိုပြီး ရွေးရိုက်ဖြစ်ပါတယ်။ အဲဒါပြောင်းလဲသွားတယ်။ အဓိကကတော့ ကျွန်တော် ကိုယ်တိုင် ပြောင်းလဲချင်တာလည်း ပါတယ်။ ကျွန်တော် လုပ်တဲ့ ပြောင်းလဲမှုတစ်ခု အောင်မြင် လာတယ်လို့ ပြောလို့ရမယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

ဇာတ်လမ်း ရွေးချယ်နေတဲ့ အတွက် ပရိသတ်နဲ့ အဆက်အသွယ် ပြတ်သွားမှာကို မကြောက်ဘူးလို့ ဆိုလာတဲ့ အောင်ရဲလင်းက ထွက်လာတဲ့ ဇာတ်ကားကို ပရိသတ် မကြိုက်မှာတော့ကြောက် ကြောင်း ပြောပြခဲ့ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here