ကျန်းမာရေး သာလျှင် အဓိကဖြစ်သည်

0
209

ZinYawMgMg
ဒါရိုက်တာ စင်ရော်မောင် မောင်က ဇွန်လ ၃ ရက်နေ့ က ကိုရီးယားနိုင်ငံ၊ WOORIDUL (POHANG) ဆေးရုံကြီး မှာ ဆေး ကုသမှုသွား ရောက် ခံယူခဲ့ပါတယ်။ အဆိုပါ ဆေးရုံကြီးမှာ ကုသမှု ခံယူခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ဒါရိုက်တာ စင်ရော် မောင်မောင်က အခုလို ပြောပြခဲ့ပါတယ်။

“ကိုရီးယားနိုင်ငံက WOORIDUL (POHANG) ဆေးရုံ ကို ရောက်ရှိတဲ့အခါမှာ ဆေးရုံအုပ် ကြီးDr Gun  Choi M.D, Ph.D  (Chairman of Hyeonam Medical Foundation) ကိုယ်တိုင်နဲ့ ဆရာဝန် အဖွဲ့ဝင်များ၊  Nurse အဖွဲ့ဝင်များ နဲ့ ဝန်ထမ်းအားလုံး ကဝတ်စုံ အပြည့် နဲ့ ကြိုဆိုကြပါတယ်။  ကျွန်တော့်ကို Wheel Chair  နဲ့ ခေါ်သွားပြီးတော့ ကျွန်တော်နေမယ့် အခန်းကို လိုက်ပို့ ပါတယ်။ အခန်းက တော်တော်လေး ကောင်းပါတယ်။ နားမယ့်အခန်းမှာ ရေချိုးခန်း၊ စားသောက်မယ့် အခန်း အပြည့်အစုံ ပါပါတယ်။ အဲဒီမှာ ကျွန် တော့်ကို နေရာချပါတယ်။ ပြီးတော့ ကျွန်တော့်ကို သွေးဖောက်ပါတယ်။ ညနေမှာ ဓါတ်မှန်ကို Position မျိုး စုံရိုက်ပါတယ်။ မတ်တတ်ရပ်တစ် မျိုး လေးဖက်ထောက် တစ်မျိုး ရိုက်ပေး တယ်။ ကျောကုန်း ရိုက်တယ်။ ပင့်   ရိုက်တယ်၊ စောင်းရိုက်တယ်၊အောက် ကနေရိုက်တ ယ်။ ပြီးတော့ CT Scan  ကိုစက်ကြီးပေါ်တင်ပြီး  မျိုးစုံရိုက် ပါတယ်။ နောက် ည ၁ဝနာရီကနေ စပြီး ၁၄ နာရီတိတိ ဘာမှလုပ်ခိုင်းဘဲ အစားအသောက် မစားခိုင်းပဲ MRI ကိုရိုက်ပါတယ်။ ပက်လက် အနေ အထား နဲ့ အလုံပိတ်အခန်းမှာ ၁ နာရီကျော် ကြာရိုက်ပါတယ်။ Tube ထဲကို ဝင်အိပ်ရပါတယ်။ ထောင် လျက်တပ်ထားတဲ့  MRI  ကို နောက် ထပ်နာရီဝက် ထပ်ရိုက်ပါ တယ်။ ပြီးတော့ ထွက်လာတဲ့ Result  တွေကို ပေါင်းပြီး ခွဲစိတ် မယ့်ဆရာဝန်ကြီး ရယ်၊ Neuro ဆရာဝန်ကြီးရယ်၊  အပ်ထိုး မယ့် မေ့ဆေး ဆရာဝန်ရယ်၊   Laser  ထိုးမယ့်ဆရာဝန်ရယ်၊ Camera ထည့်မယ့်ဆရာဝန်ရယ်၊ အစရှိတဲ့ ဆရာဝန်တွေနဲ့ ခွဲစိတ်ခန်း ဝင်မယ့်လူ တွေ အားလုံး တိုင်ပင်ပါတယ်။ တိုင်ပင်ပြီး ချက် ချင်းမခွဲ စိတ်ဘဲ MRI Result ကထားထားတဲ့ သတ်မှတ်နေရာတွေကို နောက် တစ်နေ့မှာ တစ်ဖက်က Camera တစ်ဖက်က ဆေးရည်ပါတဲ့ အပ်နဲ့ စိုက်ပြီး အချက် ၅ဝ စမ်းပါတယ်။ ၁ဝ ချက်မှာ သတ်မှတ်ထားတဲ့နေရာ အားလုံး ထိပါတယ်။ အချက် ၄ဝ သည် လုံးဝနာကျင်ခြင်း မရှိပါ။ သတ်မှတ် ထားတဲ့ နေရာကိုထိတဲ့ အခါမှာ နာကျင်မှု အထူးခံစားရပါ တယ်။ သို့သော် ထုံဆေးထိုးထားတာ ဖြစ်လို့ ခံနိုင်ပါတယ်။

အဲဒီနေရာ ကိုဆေးဖျန်းပြီး အရည်နဲ့ နေရာတွေမိတဲ့ နေရာကို သူတို့ TV မော်နီတာက ကြည့်ပြီး နေရာတွေ အားလုံး Marking မှတ်ပါတယ်။  Target ထားပါတယ်။ နောက်တစ်နေ့ ညနေ ၁ နာရီမှာ စခွဲပါတယ်။ ၃နာရီ ကြာပါတယ်။ 1/2/3/4/5/6 အတက် တွေ ရှင်းပါ တယ်။ တင်ပါးဆုံရိုးက အပေါက် ဖောက်ပြီးပေါင် နဲ့ ဒူးခေါင်းနဲ့ ခြေဖနောင့်ထိ သွားတဲ့လမ်းကြောင်း မှာ ပိတ်နေတဲ့ အတက်တွေကို ရှင်းပါ တယ်။ အရိုး၊ အဆစ်တွေ ကြားထဲမှာ အဆီထပ်လို အထပ် တွေတက်နေ တယ်။ ဒါဟာလေ့ကျင့် ခန်းမလုပ်မှု၊ အစားအသောက် မရှောင်မှု အဲဒီ ဒဏ်တွေပေါ့။ အဲဒီအဆီ အထပ် တွေအားလုံးကုန်အောင် စုပ်ထုတ်ပြီး ရှင်းပါတယ်။ အမာရွတ်လိုပဲ အထပ် ဖြူတွေပေါ့။ အနာလို့ လည်း ပြောလို့ ရတယ်။ တင်ပဆုံကနေ ခြေဖနောင့် ထိသွားတဲ့ လမ်းကြောင်းတွေ ရှင်းပါတယ်။ ကျွန်တော် ပြန်လာပြီး အိပ်ဆေး နဲ့အိပ်ပါတယ်။ နောက်တစ် နေ့ နံနက်မှာလမ်း လျှောက်နိုင်ပါ တယ်။ စက်တွေနဲ့ လေ့ ကျင့်ခန်းမျိုးစုံ လုပ်ပါတယ်။ စောင်းလျက်၊ ပက်လက် စက်တွေနဲ့ လျှပ်စစ် ဓာတ်ပေးခြင်း၊ အသံလှိုင်း ပေးခြင်း အစရှိတဲ့အရာ များ လုပ်ပါတယ်။ ခန္ဓာကိုယ်ကို လက်ဖြင့် Nurse  များက နှိပ်နယ် ပေးခြင်း စတဲ့အရာတွေ လုပ်ပါ တယ်။

ဒီဆေးရုံဟာ နည်းစနစ်ပိုင်း အ ဆင့်အတန်း အရမ်းမြင့်မား ပါတယ်။ ခါးနဲ့ပတ်သက်လို့ ကိုရီးယားမှာ အ ကျော်ကြား ဆုံးလည်း ဖြစ် ပါတယ်။ သုံးတဲ့စက်များ ဟာလည်း  International အဆင့်ဖြစ်ပါတယ်။  ဆရာဝန်ကြီးများ၊ ဆရာဝန်များနဲ့ Nurse  များဟာလည်း ကိုရီးယား ဇာတ်ကားတွေထဲ အတိုင်းပဲ ရုပ်ရည် ချောမောလှပကြပြီး အလွန်သဘော ကောင်း သိမ်မွေ့ကြသူများ ဖြစ်ပါ တယ်။ ကျွန်တော် အံ့အားသင့်သွား တယ်။ လုံးဝ ထင်မထားပါဘူး။ အိပ် မက်တစ်ခုလိုပါပဲ။ ဒီဟာကို ဆောင် ရွက်ပေးခဲ့ပါသော Korea Galaxy Group နဲ့ Samsung မှ တာဝန်ရှိ သူများ၊ ဆေးရုံအုပ်ကြီး Dr Gun Choi M.D,Ph.D ( Chairman of Hyeonam Medical Foundation) နှင့် ဝန်ထမ်းများ အားလုံး၊ မှတ်တမ်း တင် လိုက်လံရိုက် ကူးပေးတဲ့ MRTV-4 မှ ရိုက်ကူးရေး အဖွဲ့သား များအားလုံးကို ကျေးဇူး အထူးတင်ရှိ ပါတယ်။”

ကျန်းမာရေး သာလျှင် အဓိက ဖြစ်တယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ လိုအပ် သည့် ဝန်ထက် ပို၍ အလုပ်လုပ်ခြင်း၊ မဆင်မခြင် Position ဖြင့် နေထိုင် ခြင်းများ ရှောင်ကြဉ်ပြီး ကျန်းမာရေး အတွက် လိုအပ်သည့် လမ်းလျောက် ခြင်း၊ GYM ကစားခြင်းတို့ ကိုလည်း ဆောင်ရွက်သင့်ပါကြောင်း ဘဝနှင့် ရင်း၍ တင်ပြလိုက်ရပါသည်။

ချစ်ခင်လေးစားလျှက်
စင်ရော်မောင်မောင်


LEAVE A REPLY

Please enter your comment!
Please enter your name here