ဖခင်အမွေဆက်ကာထိန်းတဲ့ သဘင်အနုပညာရှင်များ

0
209

Tin Mg San Min Win

ဇွန်လ ၁၈ ရက်နေ့ကတော့ အဖေများနေ့ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ နိုင်ငံတစ်ဝန်းမှာ ဖခင်တွေနဲ့ ပတ်သက်လို့ အမှတ်တရပွဲများ၊ ဖခင်မေတ္တာကို အောက်မေ့သတိရဖွယ်များကို ပြုလုပ်လေ့ရှိပါတယ်။

ဖခင်ဆိုတာကတော့ သားသမီးတိုင်းအတွက် အနှိုင်းမဲ့မေတ္တာတွေနဲ့ အမြဲပေးဆပ်ပြီးချစ်နေတဲ့သူတစ်ဦးပါပဲ။ အမေတွေလိုပဲ အဖေ တွေရဲ့ ကျေးဇူးကလည်းမြင့်မိုရ် တောင်မ ကကြီးမားလှပါတယ်။ အနုပညာ လောကမှာဆိုရင်လည်း ဖခင်ရဲ့ အနုပညာအမွေကို ပြန်လည် ဆက်ခံရင်း အနုပညာကို တစ်စိုက်မတ်မတ်ကြိုးစားလုပ်ဆောင်နေတဲ့ သူတွေရှိပါတယ်။သဘင်လောကမှာ ဆိုရင်လည်း ဖခင်ရဲ့အနုပညာ အမွေကို ဆက်ခံနေတဲ့ မင်းသား၊ မင်းသမီးတွေ အများကြီးပါ။ အဲဒီ အထဲကမှ တချို့ကိုဖော်ပြရမယ်ဆို ရင် ရွှေမန်းသဘင်က တင်မောင် ဆန်းမင်းဝင်းဆိုရင်လည်း ဖခင် ဖြစ်သူ ဦးဆန်းဝင်းရဲ့ သဘင့် အမွေကို ဆက်ခံတဲ့သားတစ်ဦးပါပဲ။ဖခင်ဖြစ်သူဆီကနေ သဘင်နဲ့ ပတ်သက်တာတွေကို သင်ယူပြီး အဖေ့ရဲ့လမ်းပြမှု တွေနဲ့ ရှေ့ဆက် နေသူပါ။ သူကိုယ်တိုင်ကလည်း ဖခင်ကိုရိုသေလေးစားမှုတွေနဲ့အတူ အမြဲတမ်းမမေ့မလျော့ ဦးထိပ်ထားသူ တစ်ဦးလည်းဖြစ်ပါတယ်။

“ကျွန်တော်ကပြနေတာတွေကလည်း အဖေ့ရဲ့ ပြဇာတ်တွေ၊ အော်ပရာတွေပါပဲ။ ကျွန်တော်ကလည်း အဖေ့အမွေကိုယူသလို ကျွန်တော့် သားလေးကလည်း ကျွန်တော့်အမွေ ကိုယူတယ်ဆိုတော့ ကျွန်တော်တို့ မျိုးရိုးအတွက် ဒါကဂုဏ်ယူစရာပါ” လို့ အဖေဖြစ်သူဦးဆန်းဝင်းနဲ့ ပတ်သက်လို့ တင်မောင်ဆန်းမင်းဝင်း ကပြောပါတယ်။ ဒါ့အပြင်တင်မောင် ဆန်းမင်းဝင်းက သားဖြစ်သူမင်းရွှေ ရောင်တင်နဲ့ ပတ်သက်လို့လည်း ဖခင်ဝတ္တရားကျေပွန်သူတစ်ဦးပါ။ သားဖြစ်သူ မင်းရွှေရောင်တင်က လည်း ဖခင်ဖြစ်သူတင်မောင်ဆန်း မင်းဝင်းရဲ့ အနုပညာအမွေကို ဆက်ခံသူတစ်ဦးပဲဖြစ်ပြီး အခုအ ချိန်မှာဆိုရင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုပါ ရရှိထားသူပါ။

ဇာတ်စင်မြင့်ပေါ်မှာ သား အဖနှစ်ဦးရဲ့ တွဲဖက်တင်ဆက်မှု တွေကလည်း ပရိသတ်တွေအတွက်နှစ်သက်သဘောကျစေခဲ့ပါတယ်။ ထို့အတူပဲ စံပြသဘင်က ဟန်ဇာမိုး ဝင်းဆိုရင်လည်း ဖခင်ဖြစ်သူ သဘင်မင်းသားကြီးဦးမိုးဝင်းရဲ့ သဘင့်အမွေကိုဆက်ခံသူတစ်ဦးပါ။ ဒီလို ဆက်ခံရင်း သဘင်လောကမှာ မင်းသားတစ်ဦးအနေနဲ့ အောင်မြင်မှုတွေ ရရှိထားသူပါပဲ။ ဒါ့အပြင် မြို့ရွှေမန်းသား ဖိုးချစ်ဆိုရင်လည်း ဖခင်က ဆိုင်းဆရာကြီး ဦးစိန်ဝင်းသောင်းပဲ ဖြစ်ပါတယ်။ ဖခင်ကဆိုင်းဆရာကြီးတစ်ဦးဖြစ်တဲ့အတွက် ဖိုးချစ်မှာလည်း အနုပညာသွေးဗီဇက ပါရှိခဲ့ပါတယ်။

phochit

ဒါကြောင့်လည်း ဖိုးချစ်က ငယ်စဉ်ကတည်းက ဇာတ်သဘင်ကို ဝါသနာပါခဲ့ပြီး အစဉ်တစိုက်ကြိုးစားလာခဲ့တာ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဘဝကို ရောက်ရှိခဲ့တဲ့အပြင် အခုဆိုရင် သဘင်အစည်းအရုံး(ဗဟို)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘင့် မင်းသမီးထဲကမှ ဝင်းသပြေထွန်းဆိုရင်လည်း ဖခင်ဖြစ်သူဦးဝင်းထွန်းက ပြဇာတ်မင်းသားကြီးတစ်ဦးပါ။ ဒါကြောင့်လည်း ဝင်းသပြေထွန်းဟာ ဖခင်ဆီကနေ အနုပညာအမွေရရှိ ခဲ့တယ်လို့ပဲဆိုရ မှာပါ။ သူတို့သားအဖနှစ်ဦးရဲ့ အမှတ်တရတွေကိုလည်း ပရိသတ် တွေသိချင် နေကြမှာပါ။

wintp

” အဖေနဲ့ပတ်သက်တဲ့ အမှတ်တရတွေအများကြီးထဲက အမြဲမမေ့ တာနိုင်ကတော့ သူ့သမီးမင်းသမီးဖြစ်ဖို့ ပွဲကတဲ့ ညတိုင်းစက်ဘီးနင်းပြီးလိုက်ပို့ခဲ့တာပါပဲ။ ဆောင်းရာသီက အေးအေးနဲ့ အမေ့မာဖလာကြီး ခေါင်းပေါင်းခြုံပြီး အဖေ့စက်ဘီး နောက်က ထိုင်လိုက်ခဲ့ရတာတွေ၊ ပွဲခင်းထဲ အဖေ့စက်ဘီးနောက်ကနေမင်းသမီးလာပြီဆိုတဲ့ ပရိသတ်ထဲက အသံတွေနဲ့ ပီတိဖြစ်နေတဲ့ အဖေ့ မျက်နှာ ဘယ်တော့မှမမေ့ဘူး။ အဖေ့ဆီက အနုပညာအမွေလို့ပြောရရင် အဖေက သူငယ်ငယ်က ပြဇာတ်မင်းသားပါ။ ဒါပေမဲ့ သူ့သမီးကိုတော့ မင်းသမီး မဖြစ်စေချင်တာ အဖေနဲ့အမေ့ရဲ့ဆန္ဒပါ။ တကယ်လုပ်ပြီဆိုတော့လည်း အဖေကမင်းသား မကတတ်ပေမယ့် အငြိမ့်ကတဲ့ အခါ ပွဲလမ်းသဘင်ပေါ် မူတည်ပြီး ပြောရမယ့် စကားတွေ သင်ပြပေးခဲ့တော့ ဒါဟာလည်း အမွေတစ်ခုပါပဲ။ ပြီးတော့ အဖေနဲ့ အမေကအမြဲမှာပါတယ်။ အနုပညာ ဖြစ်စေ၊ ဘာလုပ်လုပ်စေတနာပါပါနဲ့ လုပ်ပါတဲ့။ အချိန်ပေးပြီးလာကြည့်တဲ့ ပရိသတ်ကိုမစော်ကားမိစေနဲ့တဲ့။ အခုထိလည်း ဝတ်တဲ့မင်းသမီး ဝတ်စုံက အဖေနဲ့အမေပဲ ဝယ်ပေး တာပါ။ အဖေများနေ့မှ၊ အမေများ နေ့မှ မဟုတ်ပါဘူး။ နေ့ရက်တိုင်း နှလုံးသားထဲမှာ အဖေနေ့၊ အမေနေ့ ပါ။အဖေနဲ့ အမေသက်ရှည်ကျန်းမာ ပျော်ရွှင်ဖို့ဆုတောင်းရသလို ကမ္ဘာပေါ်က မိဘတိုင်းသက်ရှည် ကျန်းမာပျော်ရွှင်ကြပါစေ” လို့ ဝင်းသပြေထွန်းက အဖေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဖခင်ဆိုတာမိသားစုအတွက် တော့ သူရဲကောင်းတစ်ဦးပါပဲ။ သားသမီးတွေလဲကျတဲ့အခါ
ကူညီဖေးမသူ၊ လမ်းပျောက်တဲ့အခါ လမ်းပြခေါ်ဆောင်သူ၊ တံတိုင်းကြီးသဖွယ်ကာကွယ်ပေးသူတစ်ဦး ဖြစ်တဲ့အတွက် ဖခင်မေတ္တာကို သတိတရရှိကြစေဖို့ ရေးသားလိုက် ရပါတော့တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here