၃၁နှစ်ပြည့် မွေးနေ့ အလှူဒါနများနဲ့ အေးမြတ်သူ

0
244

amtပုပ္ပါးမှာ ဇာတ်ကား ရိုက်ကူး နေတဲ့ သရုပ်ဆောင် အေးမြတ်သူက သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ဇွန်လ ၈ ရက်နေ့ မှာတော့ ရှုတင်တစ်ရက်နားခဲ့ပြီး ရန်ကုန်မှာ အလှူဒါနများ လာရောက်ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်က တော့ အေးမြတ်သူရဲ့ ၃၁ နှစ်ပြည့်တဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့ အလှူ အဖြစ် အလုံမြို့နယ်ရှိ ဗဟိုအမျိုး သမီးဆေးရုံမှာ နေ့လယ်စာနဲ့ ရန်ကင်း ကလေးဆေးရုံတို့မှာ ညစာ အာဟာရဒါနများ ကျွေးမွေးလှူဒါန်း ခဲ့ပါတယ်။ ညနေပိုင်း မှာတော့ ကျိုက်ဝိုင်းမသန်စွမ်း စောင့်ရှောက် ရေးဂေဟာမှာ ကလေးငယ် များနဲ့ အတူ မွေးနေ့ပါတီပွဲကျင်းခဲ့ပါတယ်။

amt2“ဗဟို အမျိုးသမီး ဆေးရုံနဲ့ ရန်ကင်း ကလေး ဆေးရုံတို့မှာ မနက် စာနဲ့ ညစာ အတွက် ကျွေးမွေး လှူဒါန်းခဲ့တယ်။ အလှူ အတွက် ရင်ထဲမှာ ပီတိဖြစ်ရပါတယ်။ ညနေ ပိုင်းမှာတော့ ကျိုက်ဝိုင်း မသန်စွမ်း ကျောင်းက ကလေးတွေနဲ့ မွေးနေ့ ကိတ် အသေးလေး တွေကို သူတို့ အတွက်ပါ တစ်ယောက် တစ်လုံး စီမှာပြီး Happy Birthday ဆိုပြီး ဖယောင်းတိုင် အကုန် မီးမှုတ်ကြ တယ်။ တစ်ယောက် တည်း ကိတ်မုန့် မီး မမှုတ်ချင်ဘူး။ ကလေးတွေလည်း ပျော်သွားအောင် စီစဉ်ထားတာပါ”  လို့ မွေးနေ့ ဖြတ်သန်းခဲ့ပုံ အကြောင်းကို ပြောပြ ပါတယ်။

ခိုင်ဝေလွင်
Photo- Phyo Min Zaw


LEAVE A REPLY

Please enter your comment!
Please enter your name here