မြန်မာ့ယဉ်ကျေးမှု အကြောင်းတွေကို လေ့လာရတာ ဝါသနာပါတဲ့ မိုးစက်ဝိုင်

0
169

mzyမိုးစက်ဝိုင်က မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့၊ ပျူမြို့ဟောင်း စောင့်ရှောက်ရေး အဖွဲ့တို့နဲ့အတူ ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင်တဲ့ ဟန်လင်းမြို့ဟောင်းကို သွားရောက်ခဲ့ပြီး လူနာတင်ယာဉ် လှူ ဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ အစည်းနှစ်ခု နဲ့လိုက်ပါပြီး မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု သမိုင်း အမွေအနှစ်တွေ အများကြီး လေ့လာ သိရှိခဲ့ရတယ် ဆိုတဲ့ မိုးစက်ဝိုင်က “မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ထဲမှာ မိုး စက်ပါတယ်။ သူတို့နဲ့  သရေခေတ္တရာ မြို့ဟောင်းကိုလည်း သွားခဲ့သေး တယ်။ အဲဒါက ပြီးခဲ့တဲ့ ၆ လလောက်က သွားခဲ့တာပါ။ အဓိက ကတော့ ဗဟုသုတတိုး တယ်။ မိုးစက်ကလည်း Amazing Cities အစီအစဉ် ရိုက်တုန်း ကဆိုရင် မြန်မာ့ယဉ်ကျေးမှု အကြောင်းတွေကို လေ့လာရတာ ဝါသနာပါတယ်။ အဲဒါ ကြောင့်မို့လို့  မိုးစက်ကလည်း ဒီအဖွဲ့ထဲကို ပါဝင်ဖြစ်တာပါ။ နိုင်ငံတိုင်းက ယဉ်ကျေးမှု အမွေ အနှစ်ရှိတာ မဟုတ်ဘူး။ ရှိချင်တိုင်းလည်း  ရှိလို့မရဘူး။ ကိုယ့်ဆီမှာ ရှိ နေတာကိုတော့ ထိန်းသိမ်း စောင့်ရှောက်ရမယ်။ ဘယ်နေရာမှာ မဆို သမိုင်းကို ပြန်ကြည့်ခြင်း အားဖြင့် ပညာတွေ အများကြီးရတယ်” လို့ ပြောပါတယ်။

မိုးစက်ဝိုင်က KIYA KIYA ဂျပန်ခရီးသွား အစီအစဉ်ကို ရိုက်ကူးဖို့အတွက် ဂျပန်ကို သွားရောက်ဖို့ ရှိသလို ဇူလိုင်နဲ့ သြဂုတ်လ များမှာတော့ အမေရိကန် နိုင်ငံနဲ့  ဥရောပနိုင်ငံများကို ခရီးသွားဖို့ရှိကြောင်း သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here