အဖေနဲ့သား နှစ်ကိုယ်ကြား ဖြန့်မိုးထားတဲ့ မေတ္တာရိပ်နဲ့ ဘဝအလှပုံရိပ် ဖြိုးငွေစိုး

0
357

phyo

ပေါ်ပြူလာစာပေအနုပညာဂျာနယ်နှစ် ၂ဝ ပြည့်အထူးထုတ်မျက်နှာဖုံးအတွက် ဇွန်လ ၁၈ ရက်နေ့မှာကျရောက်မယ့် အဖေများနေ့ အမှတ်တရအဖြစ် အထူးတင်ဆက်မှုကဏ္ဍအနေနဲ့ သရုပ်ဆောင်ဖြိုးငွေစိုးတို့ သားအဖနှစ်ယောက်ဓာတ်ပုံများကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အခုလို အဖေများနေ့ အမှတ်တရ အထူးတင်ဆက်မှုကဏ္ဍမှာ အသက် ၂ နှစ်နဲ့ ၇ လရှိနေပြီဖြစ်တဲ့ သားလေးဂုဏ်ပြည့်စုံဖြိုးကိုတော့ ဖခင် တစ်ယောက်အနေနဲ့ သားဖြစ်ချင်တာကိုပဲ ဦးစားပေးလုပ်ပေးသွားဖို့ရှိတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူဖြိုးငွေစိုး ကိုယ်တိုင်ဖွင့်ဟပြောပြတဲ့ ဖခင်စိတ်ထားအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

phyoi2

ဆုံးဖြတ်နိုင်တဲ့ အရွယ်ရောက်လာရင် သူ့ဘာသာသူပဲ ဆုံးဖြတ်ခိုင်းမယ်

ဒီအရွယ်မှာက ငယ်ပါသေးတယ်။ သူတို့နားလည်လာတဲ့ အရွယ်ရောက်ရင် သူဘာလုပ်သင့်လဲ၊ ဘာလုပ်ချင်လဲကို ဆုံးဖြတ်ပေးမယ်။ သူတို့ပညာသင်တဲ့ အရွယ်ရောက်လာရင် သူတို့ သင်ရတဲ့ ပညာနဲ့ စဉ်းစားနိုင်တဲ့ စွမ်းအားနဲ့၊ အစ်ကိုတို့ တတ်ထားတဲ့ ပညာနဲ့ စဉ်းစားနိုင်တဲ့ စွမ်းအားနဲ့ အများကြီးကွာသွားတယ်။ ကိုယ်ကတော့ အဖေနဲ့သားဆိုပေမယ့် သူ့ဘဝနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ်၊ တစ်စုံတစ်ယောက်ရဲ့ဘဝကို မစွက်ဖက်တတ်ဘူး။ သူတို့ဆုံးဖြတ်နိုင်တဲ့ အရွယ်ရောက်လာရင် သူ့ဘာသာပဲ သူဆုံးဖြတ်ခိုင်းမယ်။ ဘာလုပ်မယ်လည်း မပြောဘူး။ ဘာလုပ်ပါလို့လည်း မပြောဘူး။ အတူတူမနေချင်လည်းရတယ်။ နေချင်လည်းရတယ်။ ဒါပေမယ့် သူ့လမ်းကြောင်းနဲ့ သူဆုံးဖြတ်။ ဘာဖြစ်လို့လဲဆိုရင် သူအသက်ကြီးလာလို့ သူ့ဘဝမှာ တစ်ခုခု မှားယွင်းသွားမှာဆိုရင် အဖေလုပ်ခိုင်းထားလို့ လုပ်ခဲ့မိလို့ ဖြစ်နေမှာကို ကျွန်တော်မဖြစ်ချင်ဘူး။ မိဘနဲ့ သားသမီးဆိုပေမယ့်လည်း အတိုင်းအတာတစ်ခုတော့ ရှိတာပေါ့။

phyo3

အဖေချင်းတူသော်လည်း ခေတ်ဖြတ်သန်းပုံချင်းမတူ ၊ သားချင်းမတူနိုင်

အစ်ကိုနဲ့ အစ်ကို့အဖေနဲ့၊ အစ်ကိုနဲ့ အစ်ကို့သားနဲ့ မတူပါဘူး။ အစ်ကိုဖြတ်သန်းလာရတဲ့ ပုံစံနဲ့ သူဖြတ် သန်းလာရတဲ့ ပုံစံက မတူဘူး။ သူကျတော့ အိမ်မှာ သူဗိုလ်ပဲ။ ဘာလုပ်ချင်လဲ။ အကုန်ဖြစ်တယ်။ အစ်ကို တို့တုန်းကကျတော့ အဖေတို့ စီးပွားရှာရတဲ့ အချိန်မှာ အိမ်မှာအစ်ကိုတို့က ကိုယ့်ဘာသာ ကိုယ်နေ တယ်။ မတူဘူး။ အစ်ကိုနဲ့ အစ်ကို့အဖေနဲ့ကျတော့ သူက အစ်ကို့ကို ချစ်လွန်းအားကြီးတယ်။ သူက အစ်ကို့ကို စိတ်ပူတဲ့အခါကျတော့ Guide Line တွေ အများကြီးပေးတယ်။ အစ်ကိုတို့ဘက်ကကျတော့ အစ်ကိုတို့ လုပ်ချင်တဲ့အရာက တစ်ခါတလေကျရင် ပျောက်ပျောက်သွားတယ်။ ဒါပေမယ့် အဖေနဲ့သားက အမြဲတမ်း စိတ်သဘောထားချင်း တူညီသင့်မြတ်တာနည်းပါတယ်။
အရင်းအနှီးဆုံးကလည်း သူတို့ပဲ။ ဒီအဖေနဲ့ သားဆိုတာ ကမ္ဘာပေါ်မှာ နောက်တစ်မျိုး မရှိတဲ့ဘက်က မိသားစုဆက်ဆံရေးတစ်မျိုးပါ။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here