ရိုက်ကူးရေးတွေ နားထားတဲ့ ဝတ်မှုံရွှေရည်

0
232

whitmoneshwe-yeဝတ်မှုံရွှေရည်က အခုလတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတယ်လို့ သိရပါတယ်။ လပ်ကီးဆဲဗင်း ထုတ်လုပ်ရေး အတွက် “ကျေပါတယ် မအေးစိန်” နဲ့ “မင်္ဂလာကုတင်” ရုပ်ရှင်ဇာတ်ကား များကို မေလက မြင့်မြတ်နဲ့ ရိုက်ကူးပြီး နောက်မှာတော့ ဇာတ်ကား ရိုက်ကူးမှု တွေ နားထားတာဖြစ်ပါတယ်။ ဒီရက်ပိုင်း အတွင်းမှာတော့ ဝတ်မှုံရွှေရည်က ပိုပိုရဲ့  Music Video သီချင်း တစ်ပုဒ်မှာလည်း ပါဝင် သရုပ်ဆောင် ထားပြီး အောင်သမာဓိ ရွှေဆိုင် ကြော်ငြာကိုလည်း ပဲခူးမှာ သွားရောက် ရိုက် ကူးခဲ့ ပါတယ်။ ဒါ့အပြင် နေတိုး၊ မြင့်မြတ် တို့နဲ့အတူ ၂ဝ၁၈ ခုနှစ် ပြက္ခဒိန်အတွက် ဓာတ်ပုံများလည်း ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဇာတ်ကား ရိုက်ကူးမှု နားနေချိန် မှာ ကြော်ငြာတွေနဲ့ ၂ဝ၁၈ ခုနှစ် ပြက္ခဒိန်တွေ အတွက်ကို ရိုက် ကူးဖြစ်နေပြီး gym သွားကာ အားကစားတွေပဲ လုပ်ဖြစ် နေ တယ်လို့ ဝတ်မှုံရွှေရည် က ဆိုပါတယ်။ ဇာတ်ကားရိုက် ကူးမှုတွေကို ဇူလိုင်လမှသာ ပြန်လည် စတင်မှာဖြစ်ပြီး ဒါရိုက် တာ ကျော်ဇောလင်း၊ ပြေတီ ဦးတို့နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး သွားမှာဖြစ် ကြောင်း ပြောပါတယ်။ လတ်တလောမှာ နေတိုး၊ မြင့်မြတ်နဲ့ ဝတ်မှုံရွှေရည် တို့ ပါဝင်သရုပ်ဆောင် ထားတဲ့ “ကျွန်” ရုပ်ရှင် ဇာတ်ကားက ရုံတင်ပြ သလျက်ရှိပြီး ပရိသတ် များလည်း အထူး အားပေးကြတာ တွေ့ရပါတယ်။

ခိုင်ဝေလွင်  
ဓာတ်ပုံ  အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here