ဖျော်ဖြေပွဲတွေနားပြီး စီစဉ်ခဲ့တဲ့ မိစန္ဒီ ရဲ့  စီးရီးသစ်ထွက်ပြီ

0
199

Mi-Sandi-(1)မိစန္ဒီက သူမရဲ့ တတိယစီးရီး ကို “အသဲလေး” လို့ နာမည်ပေးထား ပြီး သီချင်း ၁၅ ပုဒ်နဲ့အတူ ပွဲထွက် လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မိစန္ဒီရဲ့ စီးရီးသစ်မှာတော့ သားသား၊ X-Box, G-Fatt၊ နီနီခင်ဇော်နဲ့ Bobby Soxer တို့ က ပါဝင်ကူညီ သီဆိုပေးထားကြောင်း သိရပါတယ်။ မိစန္ဒီက ဒီစီးရီးသစ် အတွက် အချိန် တစ်နှစ်ခွဲကျော် ကြာ စီစဉ်ခဲ့ပြီးပရိ သတ်ကို သီချင်းသစ်တွေ ပေးချင်တဲ့ အတွက် အားသွန်ခွန်စိုက် ကြိုးစားခဲ့ ကြောင်း သူက ဆိုပါတယ်။

“ညီမ ဒီဘက်ပိုင်းသုံးလေးလ မှာ Show တွေလည်း မဆိုဖြစ်ဘဲ သီချင်းသစ်တွေ အတွက် အာရုံစိုက် ပြီး သေချာ လုပ်ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့  သီချင်းဟောင်းတွေပဲ ထပ် လာမှာလည်း စိုးတယ်။ သီချင်း ဟောင်းတွေပဲ ပြန်ပြန် ဆိုရတဲ့အခါ ပရိသတ်ကိုလည်း အားနာတယ်။အဲဒီအတွက် သီချင်းသစ်မြန်မြန်ပေး ချင်တာကြောင့် သီ ချင်းသစ်တွေ အ များကြီး လုပ် ထားတယ်။ သီချင်းတွေ လည်း အ များကြီး ရေးထားတယ်။အခု အခွေ မထွက်ခင် အထိကို သီချင်းတွေက ဟိုဟာလည်းထည့် ချင်၊ ဒီဟာလည်း ထည့်ချင်နဲ့ဖြစ်နေတာ။ အားလုံးက လည်း ဝိုင်းဝန်း ခေါင်းစားပေးကြပါ တယ်။ အခု ဇွန်လ ၁၇ ရက်နေ့မှာ ထွက်ပါမယ်” လို့မိစန္ဒီကပြောပါတယ်။

မိစန္ဒီရဲ့  ဒီတစ်ခေါက် စီးရီး သစ်မှာတော့ အချစ် သီချင်းတွေ အပြင် လူမှုဝန်းကျင်က ဖြစ်ပျက်နေ တဲ့  အကြောင်းအရာ တွေကိုပါ သူမ မြင်တဲ့ ရှုထောင့်က ရေးဖွဲ့ထားတဲ့ သီချင်းတွေလည်း ပါဝင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

“ဒီထဲမှာတော့ အမျိုးအစား အစုံပါပဲ။ ဒီဘက်ခေတ်မှာ အသစ် ထပ်ဖြစ်တဲ့ ဂီတ ပုံစံတွေလည်း ပါ သလို မိစန္ဒီ ဆိုနေကျ ပုံစံတွေလည်း ပါပါတယ်။ အကြောင်းအရာ လည်း အစုံပါပဲ။ဒီစီးရီးမှာ အချစ်၊ အလွမ်း တွေပါသလို ဟာသဆန်တဲ့ အကြောင်း အရာလေးတွေလည်း ပါမှာပါ” လို့ မိစန္ဒီက ပြောပါတယ်။ မိစန္ဒီက သူမရဲ့ စီးရီးသစ် ထွက်ရှိခြင်း အမှတ်တရအဖြစ် ဇွန်လ ၁၇ ရက်နေ့  မွန်းလွဲ ၃ နာရီ မှ ၆ နာရီအထိ လှည်းတန်း စင်တာမှာ အနုပညာမောင် နှမများ နဲ့အတူ လက်မှတ်ရေး ထိုး ဖျော်ဖြေပေးသွားမယ်လို့ လည်းသိရပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here