ဗီဒီယိုဈေးကွက်ပျက်သွားပြီလေ ဒါရိုက်တာ မောင်မောင်မြင့်လွင်

0
201

mg mg myint lwin

ကြောင်ကမ္ဘာထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးတဲ့ “မေမေစိတ်ဆိုးနေတယ် ဟွင်း ..ဟွင်း ..ဟွင်း” ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာ မောင်မောင်မြင့်လွင်က ခန့်စည်သူ၊ ရတနာဗို၊ သိင်္ဂီထွန်းတို့နဲ့ ပုံဖော်ရိုက်ကူးနေ ပါတယ်။ ဒီဗီဒီယိုဇာတ်ကားက ဟာသဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သိင်္ဂီထွန်းနဲ့ ရတနာဗိုက သားအမိအဖြစ် သရုပ်ဆောင်ထားပြီး ခန့်စည်သူက ရတနာဗိုရဲ့ ခင်ပွန်းနေရာကနေ သရုပ်ဆောင်ထားပါ တယ်။ ဒီဗီဒီယိုဇာတ်ကားလေးကို ကြည့်ရှုတဲ့ ပရိသတ်တွေရရှိလာစေမယ့် မက်ဆေ့ခ်ျကိုတော့ ဒါရိုက်တာမောင်မောင်မြင့်လွင်က ….

” တအားဆိုးတဲ့ ယောက္ခမ လောင်းကစား တွေဘာတွေလုပ်တဲ့ဟာကို သမက်တစ်ယောက်အနေနဲ့ သမီးကြောင့် သည်းခံ၊ သည်းခံရင်းနဲ့ နောက်ဆုံး သည်းမခံနိုင်တဲ့အဆုံး ပြဿနာတွေ ဖြစ်ကြတယ်။ ယောက္ခမနဲ့ သမက်ကြားက ပြဿနာလေးတွေကို ဟာသဒရာမာနှောပြီး ရိုက်ပြထားပါတယ်။ ဒီဖြစ်စဉ်လေးက အပြင် မှာလည်း တကယ်ရှိကြပါတယ်။ ဒီဇာတ်ကား လေးကို ကြည့်ရှုတဲ့ ပရိသတ်တွေ အနေနဲ့က တော့ ဟာသဇာတ်ကားတစ်ကား ကြည့်နေရင်းကနေ ပညာပေးမက်ဆေ့ခ်ျလေးကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

အခုအချိန်က ဗီဒီယိုဈေးကွက် ယိမ်းယိုင်နေသလို ဗီဒီယိုဇာတ်ကားကိုလည်း အရိုက်နည်းလာတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဗီဒီယိုဇာတ်ကား ရိုက်ကူးရတဲ့ ဒါရိုက်တာ တစ်ယောက်ရဲ့ စိတ်ခံစားမှုကို မေးကြည့်တဲ့ အခါမှာ ဒါရိုက်တာ မောင်မောင်မြင့်လွင်က …

” ကျွန်တော့်နယ်ကိုယ်စားလှယ်နဲ့ ပရိသတ် တွေကတော့ ဒီလိုမျိုးလေး ရိုက်ပေးတဲ့အခါကျ တော့၊ နောက် မင်းသားလည်း ကိုခန့်ဖြစ်တဲ့ အတွက် ကျွန်တော့်အနေနဲ့ နည်းနည်းလေး တပန်းသာတာပေါ့လေ။ ဘာလို့လဲဆိုတော့ မင်းသားကြီးကားက ရှားတယ်လေ။ ဘယ်သူမှ မရိုက်ကြဘူး။ အခုပြေတီဦးတောင် ဈေးလျှော့ ပြီး ရိုက်ကူးပေးနေတယ်။ ပြေတီဦးတောင် ဆင်း လာပြီ။ ဗီဒီယိုဈေးကွက်တွေက ပျက်သွားပြီလေ။ ကိုခန့်ကတော့ Fair ဖြစ်တယ်။ ရုပ်ရှင်ဇာတ် ကားကြီးရော၊ ဗီဒီယိုရော Fair ဖြစ်တယ်။ မင်းသားထဲမှာတော့ ကိုခန့်က Fair အဖြစ်ဆုံးပေါ့။ အလုပ် လုပ်ရတာ။ ကျန်တဲ့ဟာတွေက ဈေးတွေကြီးသွား တော့ လူတွေက မရိုက်ကူးနိုင်၊ စီးပွားရေးတွေရှုပ်တဲ့ သူတွေကရှုပ်၊ နယ်သမားတွေက အြေ<ွကးမပေး၊ အဲဒီမှာ တိုင်တွေပတ်တာ။ အခုပြေတီဦးက စပြီး ဈေးချပေးတယ်။ ဗီဒီယိုလေးလည်း မပျောက် ပျက်အောင်ဆိုပြီး ပြေတီဦးစရိုက်ကူးပေးတယ်။ ကျွန်တော်တို့၊ ကိုခန့်တို့က ကားကြီးရိုက်တယ်။ ရိုက်ကူးပြီး ဗီဒီယိုလည်း မပျက်အောင်၊ တိုက်လည်း မများအောင် ၂ကားစ၊ ၃ကားစ အဲဒီလိုလေး တွေတော့ ရိုက်ကူးထားပါတယ်” လို့ လက်ရှိ ဗီဒီယို ဇာတ်ကား ရိုက်ကူးနေရတဲ့ အခြေအနေများကို ပြောပြပါတယ်။ ဒါရိုက်တာ မောင်မောင်မြင့်လွင်က ၇ လပိုင်းမှာ ခန့်စည်သူ၊ သူထူးစံ၊ နေနော်တို့နဲ့ ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးသွားဖို့ရှိကြောင်း သိရပါတယ်။

ဇင်မာနွယ် ၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here