တစ်လငါးထောင်နှုန်းဖြင့် လေးလနှစ်သောင်းစုပြီး ဘိုးဘွားရိပ်သာ ဆောက်လုပ်ရန် အတွက်လှူဒါန်းနိုင်

1
233

tabin old

ပုလဲမြို့သစ်မှာတည်ဆောက်နေတဲ့ အနုပညာဆည်းဆာရိပ်၊ သဘင်ဘိုးဘွာ ရိပ်သာကတော့ အဆောင်နှစ်ဆောင် ပြီး စီးခဲ့ပြီ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဘိုး အဘွားများလည်း နေထိုင်လျက်ရှိ နေပြီဖြစ်ပြီး ကျန်ရှိတဲ့အဆောင်များကိုလည်း မကြာခင်မှာဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း မြို့ရွှေမန်းသား ဖိုးချစ်က ပြောပါတယ်။

လက်ရှိဖွင့်လှစ်ပြီးသား အဆောင်နှစ်ဆောင်မှာတော့ တစ်ဆောင်ကို အဘိုးအဘွား ၁၂ ယောက်နေထိုင်လို့ရမှာဖြစ်ပြီး အဆောင်များကိုလည်း သန့်ရှင်းသပ်ရပ် အောင် တည်ဆောက်ထားပါတယ်။ အဆောင်များမှာ တူရိယာပစ္စည်းများလည်း ထားရှိပေးသွားမှာဖြစ်ပြီး အဘိုးအဘွားများအနေနဲ့ ကိုယ်တိုင်တီးမှုတ်လို့ရအောင် စီစဉ်ထားတာပဲဖြစ်ပါတယ်။

အဆောင်တစ်ဆောင်ကို ကျပ်သိန်း ၄၅ဝ ပတ်ဝန်းကျင်လောက်ကုန်ကျပြီး လှူဒါန်းလိုသူများအနေနဲ့ စုပေါင်းလှူဒါန်းလို့ ရအောင်လည်း စီစဉ်ထားကြောင်း လည်း သိရပါတယ်။ ဒီအစီအစဉ်ကိုတော့ ဖိုးချစ်က “အများကောင်းမှုအနေနဲ့ပါပဲ။ ကျွန်တော့်အနေနဲ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ပွဲက ရန်ပုံငွေတွေရော၊ အလှူငွေ တွေရောပေါင်းပြီးလှူတာပါ။ အခုစဉ်း စားတာက လူနှစ်ထောင် တစ်ယောက် ကို၂သောင်းဆိုရင် သိန်း၎ဝဝရမယ်။ ချက် ချင်း၂သောင်းပေးလို့မပြောဘူး။ ၁လမှာ၅ ထောင်ပဲပေးပါ။ ၄လစုပါ။ ၁လမှာ ၅ ထောင်ဆိုရင် ဝန်မပိဘူးလေ။ အဲဒီလိုနဲ့ လူ၂ထောင်စုလိုက်ရင် သိန်း၎ဝဝတစ် ဆောင်ပြီးသွားပြီ။ အဲဒီလိုလေးတွေး ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်း လှူတာထက်စာရင် အများကောင်းမှုအနေနဲ့ လုပ်ချင်တာပါ” လို့ ပြောပြပါတယ်။ ဘိုးဘွားရိပ်သာအတွက် လှူဒါန်းလိုသူများအနေနဲ့ ဆရာတော် ဒေါက်တာအရှင်ခေမာသီရိ (လှတော) ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရပါတယ်။

လင်းအက္ခရာ


1 COMMENT

  1. ဒီလို သတင်းမျိုးကို open လုပ်ပေးထားနိုင်ရင် ပို လူသိများပြီး အလှူရှင်တွေလည်း များများ ရနိုင်မယ်လို့ ထင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here