ဂျပန်မှာ ဖြန့်ချိမယ့် စီးရီးသစ်ကို အခုနှစ်အတွင်းထွက်ရှိမယ့် သားစိုး

0
207

Thar Soe

အဆိုတော်သားစိုးက ဂျပန်နိုင်ငံမှာ ဖြန့်ချိမယ့် သူ့ရဲ့စီးရီးသစ်ကို အခုနှစ်အတွင်းမှာ ထွက်ရှိသွားမယ်လို့ သိရပါတယ်။ ဒီစီးရီးကတော့ ပြည်ပမှာ ဖြန့်ချိမယ့် သားစိုးရဲ့ ပထမဆုံး စီးရီးဖြစ်ပြီး မြန်မာသီချင်းများအပါအဝင် ဂျပန်သီချင်းများလည်း ပါဝင်မယ်လို့ သိရပါတယ်။

” အခု မာစတာအဆင့်ထိရောက်ပြီ။ အရင်က မာစတာအဆင့်ထိ ရောက်ပြီးမှ မကြိုက်သေးလို့ ပြန်လုပ်နေတာ။ သီချင်း၁၂ ပုဒ်ထည့်ဖို့ပဲ။ သီချင်းသစ်တွေရော၊ သီချင်းဟောင်းတွေရောပါမယ်။ “ကိုကြီးကျော်”တို့၊ “လှုပ်လို့ရပြီ”တို့ ပြန်ပါမယ်။ အင်္ဂလိပ်သီချင်းနဲ့ ဂျပန်သီချင်း အသစ်တွေလည်းထပ်ထည့်မယ်ဆိုတော့ ၁၂ ပုဒ်ကနေ ၁၄ ပုဒ်အတွင်း ပါပါလိမ့်မယ်။ တေးရေးကတော့ ကျွန်တော် ရေးတယ်။ ဂျပန်သီချင်းတွေကျတော့ ကျွန်တော်က မြန်မာလိုရေးလိုက်တယ်။ အဲဒါကိုမှ ဂျပန်က လူတွေနဲ့ပေါင်းပြီး ဂျပန်လိုဘာသာပြန်ဆိုတယ်။ ဒီနှစ်အတွင်းမှာ ဖြန့်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ သားစိုးက ပြောပါတယ်။ သားစိုးက တစ်နှစ်သုံးဆိုတဲ့ မီဒီယာတစ်ခုကိုလည်း တည်ထောင်ထားပြီး ဒီမီဒီယာရဲ့ပွဲဦးထွက်လှုပ်ရှားမှုအနေနဲ့ “ဂျော်နီငပိနဲ့ တော်ကီချက်ကြီး” ဆိုတဲ့ ဇာတ်လမ်းတွဲကို MNTV ရုပ်သံနဲ့ ပူးပေါင်းထုတ်လွှင့်တော့မှာဖြစ်ပြီး ဇွန်လ ၁၄ရက် နေ့မှာ စတင်ထုတ်လွှင့်မယ်လို့ သိရပါတယ်။ “ဒီဇာတ်လမ်းက ကျွန်တော်ရေးတာပါ။ ညီထွဋ်ခေါင်၊ ကြက်ဖ၊ ဆုမြတ်နိုးဦးတို့ အဓိကပါဝင်ပြီး အခြားသရုပ်ဆောင် များစွာပါဝင်ပါမယ်။ ဒါကလျို့ဝှက်ဆန်းကြယ် ဟာသဇာတ်ကားပါ” လို့ ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here