အရေးပေါ် လူနာတင်ယာဉ် လှူဒါန်းဦးမယ့် မေသက်ထားဆွေ

0
259

maythswe

လက်ရှိမှာ နဝမတန်းကျောင်းသူအဖြစ် ကျောင်းတက်နေတဲ့ အဆိုတော် မေသက်ထားဆွေက အကူ အညီလိုအပ်နေတဲ့ နယ်မြို့လေး တစ်မြို့မှာ လူနာ တင်ယာဉ် တစ်စီးလှူဒါန်းဖို့ရှိကြောင်း ပြောပါတယ်။ ” တောင်ငူနားက ရွာတစ်ရွာမှာ လူနာတင်ကားပေါ့။ အရေးပေါ်လူနာတင်ယာဉ် တစ်စီး လှူဖို့ရှိပါတယ်။ သမီးရော၊ သမီးရဲ့ ပရိသတ်ကြီးရော ပေါင်းပြီး လှူဒါန်းမှာပါ။ ဒီဇွန်လ၊ ဒါမှမဟုတ် ဇူလိုင်လထဲမှာ လှူ ဖြစ်မှာပါ” လို့ သူမက ဆိုပါတယ်။

မေသက်ထားဆွေအနေနဲ့ ဒီ့အရင်ကလည်း အလောင်းတော် ကဿပသွားရာလမ်းမှာတည်ရှိတဲ့ “စန္ဒကိန္ဒရီရွှေ ဆံပင်” တံတားကို ဆောက်လုပ်လှူ ဒါန်းခဲ့ဖူးပါတယ်။ သူမရဲ့ အနုပညာကြေးတွေရယ်၊ ပရိသတ်တွေ ရဲ့လှူဒါန်းငွေတွေရယ် အားလုံး ပေါင်း ငွေကျပ်သိန်း ၅ဝဝနီးပါး ကုန်ကျခဲ့ကြောင်းလည်း သိရပါတယ်။

” သမီးတို့ ဒီအလောင်းတော် ကဿပသွားတဲ့လမ်းမှာပေါ့။ အဲဒီလမ်းက မိုးရွာရင် ရေကြီးတဲ့အခါကျတော့ ရွှေဆံပင်ဆရာတော် ဘုန်းဘုန်းက ရေကြီးတဲ့အခါမှာ လူတွေ သွားလာရေးခက်ခဲပြီး အသက် တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတယ်လို့ ပြောပြတယ်။ ဒါကြောင့် သမီးက တပည့်တော်နဲ့ ပရိသတ်တွေ အားလုံးပေါင်းပြီးတော့ လှူချင် ပါတယ်လို့ ဘုန်းဘုန်းကို လျှောက်တင်ပါတယ်။ ဒါကြောင့်သမီးရယ်၊ ၇ရက် သားသမီး ရယ်အားလုံးပေါင်း ပြီးတော့ ဒီတံတားလေးကို ဆောက် လုပ်လှူဒါန်းဖြစ်တာပါ” လို့ မေသက်ထားဆွေက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here