“ဇ” တေးစီးရီးနဲ့ ပွဲဦးထွက်လာခဲ့တဲ့ ဟစ်ဟော့အဆိုတော်

0
203

Y Z

Orchid Hotel မှာ ဇွန်လ ၅ ရက်နေ့ နေ့ခင်းက ဟစ်ဟော့ပ်အဆိုတော် Y.zet ရဲ့ “ဇ ” တေးစီးရီးကို စာနယ်ဇင်း တွေနဲ့မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ ဇွန်လ ၁ဝရက်နေ့က မင်္ဂလာ မန္တလေးမှာ ပရိုမိုးရှင်းပွဲပြုလုပ်တဲ့ Y.zet ကို သူ့အခွေထဲက သီချင်းအကြောင်း အရာတွေနဲ့ပတ်သက်ပြီးမေးမြန်း ဖြစ်ခဲ့ ပါတယ်။

” အကြောင်းအရာကတော့ “သူရဲကောင်းတို့မိခင်”သီချင်းဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အမွေအနှစ်တစ်ခုကို ကျွန်တော်တတ်စွမ်းတဲ့ အနုပညာနဲ့ ဂုဏ်ပြုထားတဲ့ပုံစံမျိုးလေးပေါ့။ ပြီးတော့ “သင်းကွဲတိမ်” ဆိုလို့ရှိရင် လမ်းဘေးက လူငယ်တစ်ယောက်ရဲ့ ခံစားချက်တွေကို ကျွန်တော်ထုတ်ပြတဲ့ပုံစံမျိုးလေးတွေပေါ့။ တတ်နိုင်သမျှတော့အကြောင်းအရာတွေကို စုံအောင်လုပ်ထားပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ဆယ်ကျော်သက် ပရိသတ်တွေ သဘောကျအောင်လို့ အချစ်သီချင်းလေးတွေ၊ ကောင်မလေးစိတ်ကောက်တဲ့အကြောင်းလေး တွေ၊ အဲဒီလိုမျိုးလေးတွေလည်း ကျွန်တော်ထည့်ရေးထားပါတယ်”လို့ Y.zet က ပြောပါတယ်။ ပရိုမိုးရှင်းကို မန္တလေးမှာပဲ လုပ်တော့ ရန်ကုန်က ပရိသတ်တွေက စိတ်မဆိုးကြဘူးလားလို့ Y.zet ကို မေးတဲ့အခါ.. “စိတ်ကောက်ကြတာပေါ့။ ရန်ကုန်မှာ မလုပ်ဘူးလားပေါ့။ အဲဒီအတွက်လည်း ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်။ သူတို့ကိုချော့တဲ့အနေနဲ့ အခွေထွက်ပြီးသွားတဲ့အခါကျလို့ရှိရင် တစ်ခုခုလုပ်ပေးဖို့ စီစဉ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here