ပျံသန်းရင်းသန်မာလာသောတောင်ပံ

0
198

sober

ပေါ်ပြူလာတည်းဟူသော ငှက်ကလေးတစ်ကောင်စာပေကောင်းကင်ယံမှာ အပျံသင်စကပင် ထိုငှက်လေးကိုအနီးကပ်ကြည့်မောခဲ့ရ သည်။ ငှက်ကလေးကတော့ စတင် ပျံသန်းကတည်းက ယုံကြည်မှုရှိခဲ့ လေသည်။ ထိုငှက်ကလေးကို တောင် ပံအားကောင်းဖို့ ဝိုင်းဝန်းကြ သူတွေကလည်း စိတ်နှစ်ပြီး ဝီရိယ ကောင်းခဲ့ ကြသည်ကို စာပေကောင်းကင်ယံထဲတွင် ရဲရဲဝင့်ဝင့် ပျံသန်းနေနိုင်တာက သက်သေထူနေသည်ဟုဆိုရပေမည်။

ပေါ်ပြူလာဂျာနယ်သည် ကျွန် တော်နှင့်အတော်ကြာအောင် နီးနီးကပ်ကပ် ရှိနေခဲ့သည်။ ပေါ်ပြူလာဂျာနယ်ကို အားကောင်းမောင်းသန် ဖြစ်အောင်ကြိုးပမ်းကြသည့် ဆရာ ဟိန်းလတ်မှသည် ကိုလွမ်းဝေနိုင်၊ ကိုမျိုး(မြန်မာစာ)၊ ညိုသစ်ငယ်၊ နေ ကွန်းထင်တို့နှင့်အတူ ကိုရဲကျော်မြင့် လိုပဲ ကျွန်တော်လည်း အဝေးရောက် ဝိုင်းတော်သားတစ်ဦး အဖြစ်ရှိနေခဲ့ သည်။ ရန်ကုန်ရောက်လျှင် ပေါ်ပြူလာဂျာနယ်တိုက်ကို မရောက်လျှင် ကျွန်တော့်အတွက် မပြည့်စုံပေ။ ပေါ်ပြူလာဂျာနယ်တိုက်ကို အရောက်သွား၊ပေါ်ပြူလာဂျာနယ် ဝိုင်းတော်သားတွေသာမကရတီဝိုင်း တော်သား၊ ပေါ်ပြူလာ နယူးစ်ဝိုင်း တော်သားတွေဖြစ်သည့် ကိုပန်းဈာန်၊ သျှီသူအောင်၊ ဖိုးနိုင်လင်းတို့နှင့်လည်း စကားဝိုင်းဖွဲ့ကြသည်။ ပေါ်ပြူ လာဂျာနယ်ကို စတင်မွေးဖွားချိန်ကစ ၍ပေါ်ပြူလာဝိုင်းတော်သားများ သည် အားကြိုးမာန်တက် ကြိုးစားခဲ့ ကြသည်ကို မြင်တွေ့နေရသည်။ ပေါ်ပြူလာက ပြုလုပ်သည့်ပွဲများကို လည်း အတတ်နိုင်ဆုံး ဝင်ရောက်ဆင် နွှဲခဲ့သည်။ ပေါ်ပြူလာဂျာနယ်နှင့် ဆက်ဆံရတာကလည်း မိသားစုပုံစံ နွေးထွေးလှသည်။ ပေါ်ပြူလာနှင့် ကျွန်တော်ရင်းနှီးချစ်ကြည်မှုနှင့် ခရီး ဆက်ခဲ့ကြသည်ဟု ခြုံပြောလိုက်လျှင် အထိုက်အလျောက်တော့ ပြည့်စုံလိမ့် မည်ဟု ထင်သည်။

ဂျာနယ်တွေခေတ်ကောင်းချိန် မှာ ပေါ်ပြူလာဂျာနယ်က သူ့မူနှင့် သူပရိသတ်အဆာကို ဖြေပေး နိုင်ခဲ့သည်ဟုဆိုရပေမည်။ ပရိသတ် အဆာကို ဖြေပေးနိုင်သဖြင့် ပေါ် ပြူလာဂျာနယ် အောင်မြင်ပြီးသက် တမ်းကြာရှည်ရပ်တည်နိုင်ခဲ့ခြင်းဖြစ် သည်။ ယခုဆိုလျှင် ပေါ်ပြူလာဂျာ နယ်သည် အနှစ်နှစ်ဆယ် သက်တမ်း ကိုပင် ရောက်ရှိလို့လာခဲ့ပေပြီ။ နှစ် နှစ်ဆယ်သက်တမ်းကို လက်ပန်း မကျဘဲ ချီတက်လာနိုင်ခဲ့သည်မှာ ဂုဏ်ယူစရာဖြစ်သည်။ မြန်မာ့စာပေ လောကတွင် ဂျာနယ်ခေတ်ကို သတင်းစာခေတ်က ဝင်ရောက်စီးနင်း ချိန်တွင် သတင်းနောက်ကိုလိုက်နေ သည့် ပရိသတ်ကြောင့်သတင်း အသားပေးဂျာနယ်များပင်လျှင် သတင်းစာများကြောင့်အင်အားချည့် နဲ့လာခဲ့ကြပြီး တချို့နောက်ဆုတ်သွားခဲ့ ကြရသည်။

ပေါ်ပြူလာဂျာနယ်ကတော့ မပျက်မကွက် ဆက်လက်ချီတက်ရင်း သက်တမ်းရှည်မှတ်တမ်းကို ထုဆစ် နိုင်ခဲ့သည်။ ထိုသို့ ထုဆစ်နိုင်ခဲ့ရာ တွင် ထုတ်ဝေသူ၊ ကြီးကြပ်သူ၊ ဦးဆောင်သူ၊အကောင်အထည်ဖော် သူတို့ကခေတ်၊ ပရိသတ်တို့နှင့် မျက် ခြည်မပြတ် လိုက်နိုင်သောကြောင့် ဟုဆိုရပေမည်။ ပေါ်ပြူ လာဂျာနယ် ကို စာပေအနုပညာ ဂျာနယ်မူဘောင် ထဲကနေ မပျက်ယွင်းစေဘဲ ပေါ်ပြူလာဝိုင်းတော်သားတွေ တီထွင်ဖန်တီး မှုက ခေတ်က တောင်းဆိုနေသည့် အနေအထားကို ချိန်သားကိုက် အောင်ကြိုးပမ်းကြလို့ပဲဖြစ်သည်။

ပေါ်ပြူလာဂျာနယ်သည် နှစ် နှစ်ဆယ်သက်တမ်းအတွင်းမှာ အပြောင်းအလဲတွေ၊ ဆန်းသစ်မှုတွေ ကို လုပ်ဆောင်ရင်း မူလမူကိုလည်းထိန်းသိမ်းထားနိုင်ခဲ့သည်။ စာပေ အနုပညာဂျာနယ်အဖြစ် ရသစုံကို လည်း ပေးနိုင်ခဲ့သည်။ သတင်းစာ တွေက သတင်းဆာလောင်မှုဖြစ်နေသောလူထု၊စာဖတ်အား ကျလာ သော လူထုကို သတင်းအခြေခံ ချီ တက်နေရာတွင် ပေါ်ပြူလာ ဂျာနယ် က သူ့မူအတိုင်း စာပေအနုပညာ သတင်းတွေကိုလည်း ဖွယ်ဖွယ်ရာ ရာတင်ဆက်ခြင်းဖြင့် သူ့ပရိသတ်၏ ယုံကြည်အားပေးမှုကိုရရှိခဲ့သည်။ စာပေအနုပညာ မဂ္ဂဇင်းတွေပါ တဖြုတ်ဖြုတ်ကျဆုံးသွားရသည့် မြန်မာ့စာပေလောက စာဖတ်အား ကျဆင်းလာမှုကို ကြံ့ကြံ့ခံကာ ပေါ် ပြူလာဂျာနယ်က စာဖတ်သူတွေကိုအတူတကွလက်တွဲခေါ်ဆောင်လာ ခဲ့သည်ဟုဆိုရပေမည်။ မဂ္ဂဇင်း၊ ဂျာနယ်တွေ ဆုတ်လျော့သွားချိန် တွင် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ ကြသည့် ပေါ်ပြူလာရဲ့စေတနာက ရောင်ပြန်ဟပ်သည်ဟုဆိုရပေမည်။ယခုနှစ်ပိုင်းကာလများမှာ မဂ္ဂဇင်း၊ ဂျာနယ်များသာမက ဦးဦးဖျားဖျား ဖော်ပြနိုင်သည့် နေ့စဉ်ထုတ်သတင်း စာများပင်လျှင် လူမှုကွန်ရက်စာမျက် နှာများနှင့်ရုပ်သံ၊ရေဒီယိုအစီအစဉ် များ၏ လက်ဦးမှုကိုယှဉ်ပြိုင်ကြဲနေ ကြရသည်။ ကမ္ဘာလုံးဆိုင်ရာ အမြန် သိနိုင်သော လူမှုကွန်ရက် စာမျက် နှာများက သတင်းဆာလောင်နေ သော ပရိသတ်ကိုသာမက ရသစာ အတိုအထွာများအထိ လွှမ်းမိုးလာ ကြသည်ဖြစ်ရာ ပုံနှိပ်မီဒီယာသည် စိန်ခေါ်မှုများစွာကို ယှဉ်ပြိုင်နေကြ ရတော့သည်။

ကျွန်တော်တို့တစ်တွေ ဝတ္ထုရေးကြတော့ ဝတ္ထုရေးဆရာတွေဟာ သူလည်းမြင်၊ ကိုယ်လည်းတွေ့သည့်အကြောင်းအရာပေါ်မှာ ကိုယ့်မူလ အစွမ်းအစဖြင့် ပုံဖော်ကြရသဖြင့် ထို မြင်တွေ့မှုအပေါ်မှာ ရေးသား ဖန်တီးသူ၏ကိုယ်ပိုင်က အရေးပါ လာသည်။သူ့အမြင်၊သူ့ရှုထောင့်၊သူ့အတွေးနှင့်သူ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်ကြရသည်။ ထို့အတူ ပုံနှိပ်မီဒီယာများသည်လည်း ခေတ် ကဖော်ဆောင်သော အာရုံခံစားမှု အပြောင်းအလဲတွင် ပရိသတ်နောက် ကို လိုက်ရတာတွေ များလာသော အခါတင်ပြပုံတွေကလည်း ထူးမကွဲ ပြားတွေဖြစ်လာရသည်။ ထိုအခါမိမိ ကိုယ်ပိုင်ဟန် ကို တိုက်မူအဖြစ်ထားရှိ အကောင်အထည်ဖော်လာကြရ တော့သည်။

လူမှုကွန်ရက်စာမျက်နှာများက မည်သို့ပင်စောပါစေ၊ ပရိသတ်က တိကျခိုင်မာသော အားကိုးရာအဖြစ် သံသယရှိနေရသေးသည်ဖြစ်ရာ အတည်ပြုမှုအဖြစ် ပုံနှိပ်မီဒီယာနှင့်အတည်ရုပ်သံတွေကိုလည်း အဖြေညှိ ရန် အားကိုးအားထားပြုကြရသည်။လူမှုမီဒီယာစာမျက်နှာများမှာ အတည်ပြုရန်လိုသော သတင်း အချက်အလက်တွေက မသေချာမ ရေရာဖြစ်နေသေးတာကပင် လူမှု မီဒီယာ၏အလုံးစုံ လွှမ်းမိုးမှုမဖြစ် သေးဘဲရှိနေသေးသည်။ ပေါ်ပြူလာ ဂျာနယ်မှာ စာပေအနုပညာဂျာနယ် ဖြစ်သဖြင့် စာပေနှင့်ပတ်သက်၍ အခြားယှဉ်ပြိုင်စရာ တွေကိုသိပ် အာရုံစိုက်စရာ မလိုသော်လည်း အ ခြားအနုပညာအပိုင်းနှင့် ပတ်သက် လျှင်တော့ လူမှုမီဒီယာအွန်လိုင်း လွှမ်းမိုးမှုက ပို၍မြန်ဆန်နေသဖြင့်ယင်းအွန်လိုင်းမီဒီယာကို အမီလိုက် ဖို့ရာ မမီနိုင်တာကို တွေ့ရမည်။ ဂျာနယ်က တစ်ပတ်အချိန်ယူရသည် ဖြစ်၍ သတင်းအချက်အလက်အနေဖြင့် နောက်ကျနေပြီဖြစ်လေရာ နောက်ကျသူ သာဖို့ဆိုလျှင် မတူညီ သော တင်ဆက်ဖော်ပြမှုလိုလာ သည်။ ပေါ်ပြူလာ ဂျာနယ်က ယင်း အချက်ကိုလက်တွေ့ အကောင်အ ထည်ဖော်သဖြင့် သူ့ပရိသတ်တွေ အခိုင်အမာရှိကာ သက်တမ်းရှည် ဂျာနယ်အဖြစ် ဆက်လက်ရပ်တည် အောင်မြင်နေခြင်းဖြစ်သည်ဟု ဆိုရပေမည်။

ပေါ်ပြူလာဂျာနယ်သည် ပရိသတ်၏ အပြောင်းအလဲနှင့် အာ ရုံ ကိုလိုက်ပါပြီး မိမိမူကို ထိရောက်အောင် အကောင်အထည် ဖော်နိုင် သဖြင့် ပရိသတ်ကြိုက်ရော၊ ပရိသတ် ကို ဦးဆောင်သော အပိုင်းများမှာပါ အခြေကျလာခြင်းဖြစ် သည် ဟုဆို ချင်သည်။ စာပေအပိုင်း မှာကတော့ ပေါ်ပြူလာဂျာနယ်က ရသစာပေကို ပါ ပရိသတ်နှင့် အဆက်ပြတ်မသွား အောင် အင်အားတစ်ခု အဖြစ်ပုံဖော် ထားခြင်းက ဂျာနယ်၏ ဂုဏ်ကိုလည်း မြှင့်တင်ထားရာရောက်လေသည်။ ရသစာပေကောင်းတွေကို ပေါ်ပြူ လာဂျာနယ်ပရိသတ်တွေက ဖတ်နေ ကြရသည်။ သတင်းစာတွေပေါ်လာ ခြင်း၊ ရသစာပေဖတ်အားကျလာခြင်း နှင့်အတူ စာများများမဖတ်နိုင်လျှင် နိုင်သလောက်ကို ဖတ်ကြမည်ဟူ သော ပရိသတ်အတွက်ပေါ်ပြူလာ ဂျာနယ်က သတင်းနှင့်ရသစုံ ဂျာနယ် အဖြစ် ရွေးချယ်စရာဖြစ်လာစေ သည်။ သတင်းစာတွေစုံအောင်လိုက် မဖတ်နိုင်တော့ တစ်စောင်တော့ ဖတ်တယ်။ ဂျာနယ်တွေစုံအောင် လိုက်မဖတ်နိုင်တော့ တစ်စောင် တော့ဖတ်တယ်။ မဂ္ဂဇင်းတွေ ဖတ်ဖို့ အချိန်မပေးနိုင်တော့ တစ်အုပ်တော့ ဖတ်တယ်ဟူသော ပရိသတ်တွေရဲ့ အင်အားကလည်း အတော်များသည် ကိုတွေ့ရသည်။ ထိုသို့သော ပရိသတ် အတွက် စာပေအနုပညာနှင့် ပတ်သက်သော ဂျာ နယ်ဖတ်မည်ဆို လျှင် ပေါ်ပြူလာဂျာနယ်ကို ရွေးချယ် မိကြပါလိမ့်မည်။စာပေအနုပညာ ဂျာနယ်ဟူ၍ ရှားပါးလာနေပြီဖြစ် သော ယခုကာလတွင် ရွေးချယ်ဖတ် စရာလည်း ရှားပါးလာသောကြောင့် ဖြစ်သည်။

ယှဉ်ပြိုင်မှုရှိမှသာ တိုးတက်နိုင် သည်ဟုဆိုကြပါသည်။ ယှဉ်ပြိုင်မှု ဆိုရာမှာလည်း မိမိကိုယ်ကိုယ် မနေ့ က၊ ယနေ့နှင့် မနက်ဖန်ယှဉ်ပြိုင်ရတာ မျိုးက မိမိကိုယ်ကိုယ်မြှင့်တင်ခိုင်မာ စေခြင်းဖြစ်ပါသည်။ မိမိသတင်းစာ၊ မိမိဂျာနယ်၊မိမိမဂ္ဂဇင်းတိုးတက်ပြီး ပရိသတ် အခိုင်အမာရရှိဖို့ဆိုလျှင် မိမိပရိသတ်ကို စိတ်ပျက်ငြီးငွေ့လာ စေတာမျိုးကို ရှောင်ရှားပြုပြင်နေ ဖို့လိုသည်။ ပရိသတ်ကို အလေးထား ကာ ပရိသတ်၏ ယုံကြည်မှုရရှိပြီး သြဇာတက်လာစေဖို့မှာ အစဉ်တစိုက် ဂရုစိုက်နေဖို့လိုသည်။ အောင်မြင်မှု ဆက်လက်တည်တံ့ တိုးတက်လာ ခြင်းမှာ မိမိတို့၏ ကြိုးပမ်းအားထုတ် တီထွင်မှုအပေါ်မှာ မူတည်နေလေ သည်။

ပုံနှိပ်မီဒီယာနှင့် ပတ်သက်၍ ရုန်းကန်နေကြရသော ယခုလိုအချိန် မှာ ဆက်လက်ရပ်တည်ဖို့ကိုပင် အတော်ခက်ခဲလာသည်။ ပရိသတ်ကို အပြောင်းအလဲဖြစ်စေဖို့၊ ပရိသတ် ကလက်ခံဖို့၊ ပရိသတ်ကိုဦးဆောင် နိုင်ဖို့အတွက် ကြိုးစားတိုင်း အကောင်အထည်ပေါ်ဖို့မှာလည်း မရေမရာဖြစ်နေသော ကာလဖြစ် သည်။အစပ်အဟပ်တည့်ဖို့ ဆိုသည် ကလည်း ပရိသတ်က ဘာလိုချင်နေ တယ်၊ ပရိသတ်ကို ဘာတွေပေးရမယ် ဆိုတာအပေါ်မှာ ဆုံးဖြတ်ချက်ချရ သည်မှာ လွယ်ကူသောကိစ္စ မဟုတ် ပေ။ ပေါ်ပြူလာဂျာနယ်၏နှစ်နှစ် ဆယ်သက်တမ်းကာလတွင် အပြောင်းအလဲတွေ လုပ်လုပ်သွား တာကို တွေ့ကြရမည်ဖြစ်သည်။ ပေါ်ပြူလာဂျာနယ် လျှောက်ခဲ့သော လမ်း၊ လျှောက်နေသောလမ်းကို ကြည့်လျှင် ပေါ်ပြူလာဂျာနယ်က မြန်မာ့စာပေလောက အနေအထား ကို ပြောပြနေသလို ခံစားရစေသည် ဟု ဆိုဖွယ်ရှိပါသည်။ ရပ်တန့်သွား သောဂျာနယ်များ၊ ရပ်တည်နေဆဲ ဂျာနယ်များကို သူတို့၏လာရာ လမ်း ကို နောက်ပြန်စောကြော ကြည့် လျှင် တွေ့နိုင်ပါသည်။ စာပေအနု ပညာဂျာနယ်တစ်စောင် သက်တမ်း ရှည်ရှည် ရပ်တည်ရှေ့ဆက်နိုင်ခြင်း မှာ ဘာလျှို့ဝှက်ချက်မှ မရှိတာ ကိုလည်း ဂျာနယ်ဖတ်ကြည့်၊ လေ့ လာကြည့်လျှင် တွေ့နိုင်သည်ပင် ဖြစ်သည်။

အကြံတူလျှင် နောက်လူသာစမြဲ ဆိုသောစကားရှိပါသည်။ ရှေ့က လူက ရပ်တန့်နေလျှင်တော့ နောက် လူက ကျော်တက်သွားကြမည်သာဖြစ် သည်။ အစီအစဉ်တွေစီမံချက်တွေ ရှိလျှင် နောက်လူရှေ့က ရောက်နေ သူအဖို့ရှေ့က ဦးဆောင်နေမြဲသာ ရှိပေလိမ့်မည်။ ပေါ်ပြူလာဂျာနယ်ကို ဦးတည်ကာပြောပြနေသည့် အကြောင်းများမှာ နှစ်နှစ်ဆယ် တည်းဟူသော သူ့အလုပ်ကအထင်အရှားရှိနေသောကြောင့်ဖြစ်သည်။ပေါ်ပြူလာဂျာနယ်ကို အထူးတလည် ဂုဏ်ဖော်ချီးမွမ်း တွန်းတင်ပေး နေစရာမလိုပေ။ ပေါ်ပြူလာဂျာနယ် က သူ့အနေအထား၊ သူ့ရောက်ရှိမှု နှင့် သူ့အဆင့်နှင့်သူ ရှိနေပြီးသား၊ သက်သေအထောက်အထား အလုပ် တွေရှိပြီးသားဖြစ်သည်။ နှစ်နှစ်ဆယ် သက်တမ်းအထိ ရပ်တည်နေသော ထိုအနေအထားများကို မြန်မာ့စာ ပေလောက၊ ပုံနှိပ်မီဒီယာလောက နှင့် တိုက်ဆိုင်ယှဉ်ထိုးကြည့်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရ လျှင် ပေါ်ပြူလာဂျာနယ်၏ ပညတ် သွားရာဓာတ်သက်ပါဆိုသလို ဖြစ်နေ သော လက်ရှိဂျာနယ်တစ် စောင်က နေဂျာနယ်ရေစီးကြောင်း အပြောင်းအလဲနှင့်ကြံ့ကြံ့ခံနိုင်မှုကို ခြေရာ ကောက်စစ်တမ်းထုတ်ကြည့်ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်ကတော့ ပေါ်ပြူလာနှင့် ဆက်တိုက်ဆိုသလို ရှိနေသဖြင့် ဂျာနယ်ထွက်လာတိုင်း၊ ဂျာနယ်အပြောင်းအလဲလုပ်တိုင်း သိရှိနေခဲ့တာပဲဖြစ်သည်။ တစ်ခါတစ် ရံပေါ်ပြူလာဂျာနယ်၏အပြောင်း အလဲအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်ရသော်လည်း သူတို့၏အပြောင်း အလဲကို ခိုင်မာအောင်ရှေ့ဆက်သွား သည့်အခါ ပေါ်ပြူလာဂျာနယ် အတွက် စိတ်ချလက်ချဖြစ်သွားရပြန် သည်။ မြန်မာ့စာပေလောကမှာ မဂ္ဂဇင်း တစ်စောင်ရပ်သွားရပြီဆို လျှင် စိတ်မကောင်းဖြစ်ရသည်။ ဂျာနယ်တစ်စောင်ရပ်သွားပြီဆိုလျှင် လည်း ရင်မောရသည်။ ထိုသို့သော အနေအထားများကြောင့် ဂျာနယ် တစ်စောင်သက်တမ်းရှည် ရပ်တည် ရှင်သန်အောင်မြင်နေခြင်း အပေါ် မှာ ကျွန်တော်တို့ဂုဏ်ပြုဖို့၊ ဆုမွန် ကောင်းတောင်းပေးဖို့ အဆင်သင့် ရှိပါသည်။ ပေါ်ပြူလာဂျာနယ်သည် စာပေအနု ပညာဂျာနယ်အဖြစ် ရသ စာပေကိုပါ အလေးဂရုပြုသည့် ဂျာ နယ်ဖြစ်သဖြင့် အနှစ်နှစ်ဆယ်မှသည် နှစ်ပေါင်းများစွာ သစ်လွင်ဆန်းသစ် အောင်မြင်မှုတွေ ရရှိပါစေကြောင်းဆု တောင်း ရင်းဂုဏ်ပြုလိုက်ရပါသည်။

စိုးဘားဒိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here