သရဲအခြောက်ခံရတဲ့ နန်းဆုရတီစိုး ရဲ့ ကိုယ်တွေ့အဖြစ်အပျက်

0
106

Nan-Suသရုပ်ဆောင် နန်းဆုရတီစိုး ပါဝင်ထားတဲ့ “တစ္ဆေပျောက် ကြော် ငြာ” ရုပ်သံဇာတ်လမ်းတွဲ ကတော့ မကြာမီရုပ်သံလိုင်း တစ်ခုမှာ ထုတ် လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက နန်းဆုရတီစိုး အတွက် ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်ပြီး ဒီဇာတ်ကားမှာ နန်းဆု ရတီစိုးကို ရုပ်သံဌာန တစ်ခုမှာ အလုပ်လုပ်နေတဲ့ လေဒီယာဆိုတဲ့ မိန်းကလေးနေရာက တွေ့မြင်ရမှာဖြစ်ပါတယ်။

“ဒီဇာတ်ကားမှာ နန်းဆုက တီဗီ Program အတွက် Team ဖွဲ့ပြီး သရဲတွေ အကြောင်းကို လိုက်လံ စုံစမ်းတဲ့ ပုံစံလေးပါ ဝင်ထားပါတယ်။ သရဲအကြောင်းကို လိုက်လံရှာဖွေပြီး သတင်းယူတယ် တင်ဆက်တယ်ပေါ့။ သရဲတွေကိုလည်း ကူညီတဲ့ ပုံစံလေးပါ။ သရဲကား ဇာတ်လမ်းတွဲဖြစ်တဲ့ အတွက် ညမိုးချုပ်တွေမှာပဲ ရိုက်ကြတယ်။ အချိန်လည်း ပိုပေးရတယ်။ နန်းဆုတို့ ပြင်ဦးလွင်ရယ်၊ မှော်ဘီ ရယ်၊ ရန်ကုန်ရယ်မှာ မိုးလင်းပေါက် ရိုက်ကြတယ်။ မိုးလင်း၊ မိုးချုပ်၊ သန်းခေါင်ကျော် အထိ ရိုက်ရတဲ့အတွက် လူ လည်း တအား ပင်ပန်း ပါတယ်။ တခြား အလုပ်တွေကို ဖျက်ပြီး သေသေချာချာလေး နန်းဆု ကြိုးစားထားတယ်။ နန်းဆုလည်း နန်း ဆု တို့ရဲ့ဇာတ်ကား ကိုကြည့် ပြီး ကြောက်စရာတွေ၊ ပျော် စရာလေးတွေ၊ ဟာသတွေ ခံစားရပါတယ်”လို့ နန်းဆုရတီ စိုးက ပြောပြပါတယ်။ နန်းဆုရတီစိုးက အရင်က သရဲ တစ္ဆေကို အယုံအကြည် မရှိ ခဲ့ပေမယ့် တစ္ဆေပျောက်ကြော်ငြာ ရိုက်ကူးရင်း ကိုယ်တိုင်လည်း သရဲခြောက် ခံခဲ့ရလို့ အယုံ အကြည် ရှိသွားတယ်လို့ ဆိုပါတယ်။

“နန်းဆုတို့က သရဲ ကားရိုက်တာဖြစ်တဲ့ အတွက် လူမရှိဘဲ အသံ လုံးဝမကြားရတဲ့ ချောင်တွေထဲ မှာသွား ရိုက်ကြတယ်။ အဲဒီနေရာတွေ က ရိုက်နေရင်းနဲ့ လည်း ချောက်ချားစရာကောင်းတယ်။ ကောလာ ဟလတွေ လည်းရှိတယ်။ ဒါပေမဲ့ နန်းဆုက သရဲ မကြောက်တတ် ဘူး။ သိပ်ပြီးလည်း အယုံအကြည် မရှိဘူး။ ရိုက်ရဲ တယ်။ ဒါပေမဲ့ ရိုက်နေတုန်းအချိန်မှာပဲ ပစ္စည်းတွေ ရွေ့သွားတာမြင်ရတာတို့၊ ပစ္စည်း လွတ်လွတ် ကင်းကင်း ထားလို့ရတဲ့ နေရာမှာ ပစ္စည်းတွေ ပြုတ်ကျ တာတို့ဖြစ်တယ်။ ရှုတင် တည်ထားတဲ့ အိမ်ကြီးမှာ လည်း ဒီဘက်ခန်း မှာ နန်းဆု တို့ရိုက်နေတဲ့အချိန် ဟိုဘက်က လူမရှိတဲ့ အခန်းကနေ အသံတွေအစုံ ကြား ရတယ်။ ရေသံ၊ လူစကားပြောသံတွေ ကြားရတယ်။ အဲဒီတော့မှ သရဲဆိုတာ တကယ် ရှိပါလားဆိုပြီး ယုံကြည် သွားတယ်။ နန်းဆု တို့ကြောက်ရလန့်ရတယ်။ ဒါပေမဲ့ တစ် ယောက်တည်း မဟုတ်ဘဲ ရှုတင်အဖွဲ့နဲ့ ရှိနေတော့ တော်ပါ သေးတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here