(၈) ကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ

0
217

ပြည်ပရောက် မြန်မာများရဲ့ မြန်မာပြည်တွင်း ကိုယ်ကျိုးစွန့် အနစ်နာခံကာ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အဖွဲ့ အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့်ခဲ့တာဟာ ယခု နှစ်မှာတော့ (၈) ကြိမ် တိုင်ခဲ့ပြီဖြစ် ပါတယ်။ ယခုနှစ်ကတော့ အဋ္ဌမ အကြိမ်မြောက် ဖြစ်ပြီး ဆုပေးပွဲကို တော့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင် နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

“မြန်မာပြည်သားချင်း ရိုင်းပင်း ကူညီ ပြည်သူ့ဂုဏ်ရည်” ဆိုတဲ့ ဆောင် ပုဒ်နဲ့အညီ ပြည်သူ့ ဂုဏ်ရည် အဖွဲ့ရဲ့ ဆုကိုတော့ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး တွဲ ဖက် အထက်တန်းကျောင်း၊ လိင်မှု ဆိုင်ရာ ပညာပေးနဲ့ Single Mother တွေကို ကူညီဆောင်ရွက် ပေးနေသူ ကိုစိုးထိုက်(ဖဒို)၊ မြန်မာ ပြည်တွင်း လျှပ်စစ်၊ရေ၊ အမှိုက်ဆိုင်ရာ လိုအပ်ချက် များကို တစ်ပိုင်တစ်နိုင် လုပ်ဆောင်နေသူ ကိုအေးကျော် ကျော်နဲ့ပရဟိတစာကြည့်တိုက်လုပ် ငန်းများ ပြန်လည် ရှင်သန်လာစေရန် ဆောင်ရွက်နေတဲ့ Save the Library စာကြည့်တိုက်အဖွဲ့တို့က ဆုရရှိခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနား မှာတော့ ပညာရေးနဲ့ ပတ်သက်လို့ ဖောင်တော် ဦး ပရဟိတဘုန်းတော်ကြီးသင် တွဲ ဖက် အထက်တန်းကျောင်းမှ ဆရာ တော် ဦးနာယက က မိန့်ကြားရာမှာ တော့ “ဦးဇင်းတစ်ခု ပြောချင်တာက မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ နောက်ကျနေတယ်။ အလွတ်ကျက် နေတဲ့ စနစ်ကနေ ထိုးဖောက်ပြီး မထွက်နိုင်ရှာသေးဘူး။သူများ နိုင်ငံ မှာ စာမေးပွဲ စနစ်တွေကို ပဓာန မထားဘဲနဲ့ စဉ်းစားတွေးခေါ်တဲ့  စနစ် ပဓာနထားပြီး ဆောင်ရွက်နေ ချိန် မြန်မာပြည်မှာတော့ စာမေးပွဲ စစ်ပြီးတော့ သွားနေတာက ယနေ့ ထိ ရှိတုန်းပဲ။ အဲဒီတော့ ဦးဇင်း မေတ္တာရပ်ခံချင်တာက မြန်မာပြည် မှာ ရှိတဲ့ ပညာရေး စနစ်ကို အလွတ် ကျက်တဲ့ စနစ်ကနေပြီးတော့ စဉ်း စားတွေးခေါ်တဲ့ စနစ်ကို အားလုံးဝိုင်း ဝန်းပံ့ပိုး ကူညီပါလို့ပြောချင်ပါတယ်” လို့ ဆရာတော် ဦးနာယက ကမိန့်ကြား ခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here