စားသောက်ဆိုင် ဖွင့်လှစ်ဖို့အတွက် ဘန်ကောက်ကို သွားရောက် လေ့လာခဲ့တဲ့ ဝါဆိုမိုးဦး

0
179

War-Soe-Moe-Oo2ဝါဆိုမိုးဦးက သူငယ်ချင်းတွေ နဲ့ စားသောက်ဆိုင် ဖွင့်ဖို့ ရည်ရွယ်ထားတာကြောင့် မေလကုန်ပိုင်း လောက်က ဘန်ကောက်မြို့ မှာ အစားအသောက် နဲ့ပတ်သက်တာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ အခုလို သွား ရောက် လေ့လာဖြစ်ပုံနဲ့ ပတ်သက်ပြီး ဝါဆိုမိုးဦးက..

“အစားအသောက် နဲ့ပတ်သက်ပြီး ဘန်ကောက်ကို သွားလေ့လာတယ် ဆိုတာကလည်း ဘန်ကောက်က အစားအသောက် တွေက တအားကောင်းတယ်။ မြန်မာ Taste နဲ့လည်း ဆင်တယ်။ ပြီးတော့ မြန်မာ အများစုကလည်း ကြိုက်နှစ်သက်ကြတယ် ဆိုတော့ သွားပြီး လေ့လာဖြစ်တာပါ။ အဲဒီမှာ ဝါဆိုကြိုက်တဲ့ ဆိုင်တွေတော့တွေ့တယ်။ ဝါဆိုကြိုက်တဲ့ဆိုင်က Franchise ယူရမယ့် ဟာမျိုးဖြစ်နေ တယ်။ ရှေ့မှာ လည်း Franchise ယူဖို့ တော်တော်များများ ကြိုးစားကြတယ်လို့ ပြောတယ်။ ဒါယူဖို့က တအား ဈေးကြီးတယ်။ သာမန် ထက် ၅ ဆ၊ ၆ ဆလောက် ရှိတယ်ဆိုတော့ အဲဒါလည်း တစ်ခု စဉ်းစားနေရတယ်။ Franchise မယူဘဲ ကိုယ့်ဟာကိုယ် Taste  ထွင်ရင် ကောင်းမလား ပေါ့နော်။ အဲဒါမျိုးလေး စဉ်းစားထားပါတယ်” လို့ အစားအသောက် နဲ့ပတ်သက်ပြီး ဘန် ကောက် မြို့မှာ လေ့လာဖြစ်တဲ့ အကြောင်းအရာ များကို ပြောပြပါတယ်။ သူငယ်ချင်းတွေ နဲ့အတူ စားသောက်ဆိုင် ဖွင့်လှစ်ဖို့ စိတ်ကူးရှိခဲ့ပုံ ကိုတော့ ဝါဆိုမိုးဦးက…

“အခု သူငယ်ချင်းတွေ တော်တော်များများ ကလည်း အင်္ကျီတွေလုပ်နေကြတာတွေ့ တယ်။ ဝါဆိုလည်း ဝါဆို Feel  တွေ့တာလေး ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတဲ့ အချိန် စားသောက်ဆိုင်ပဲ သူငယ်ချင်းတွေ နဲ့ဖွင့်ရင်ကောင်းမလား၊ အင်္ကျီပဲလုပ်ရင် ကောင်း မလားပေါ့နော်။ အင်္ကျီတော့ လုပ်ဖို့ သိပ်မရှိပါဘူး။ စားသောက်ဆိုင် ဖွင့်လှစ်ဖို့တော့များ တယ်။ ဝါဆို့အပြင် ဝါဆို့ သူငယ်ချင်း၂ယောက် နဲ့ပေါင်းပြီး ဖွင့်လှစ်မှာပေါ့နော်။ ဒါကို ဝါဆိုတို့ စီးပွားဖြစ်လုပ်တာ မဟုတ်ပါဘူး။ ဝါဆို ကိုယ်တိုင်ကလည်း အစားအသောက် နဲ့ ပတ်သက်ရင် အစားအသောက် ဆန်းဆန်းလေးတွေကို စားချင်တယ်၊ ကြိုက်တယ်၊ သဘောကျ တယ်။ အဲဒီအတွက် ကြောင့် ဒီရန်ကုန်မှာ မရှိသေးတဲ့ အစားအသောက် တစ်ခုခုပဲဖြစ်စေ၊ ပရိသတ် အတွက် ဈေးနှုန်း ချိုသာပြီး အရသာရှိတဲ့ဟာ မျိုးလေးဖြစ်စေ အဲဒါမျိုးလေး ဖွင့်လှစ်ချင်တာ။ ဒါကို လည်း အခုမှ လေ့လာတုန်းပဲ ရှိသေးတော့ ဖွင့်လှစ်ဖြစ်ဖို့တော့ နည်းနည်းကြာဦးမှာပါ”လို့ ပြောပြ ခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here