အခုနှစ် မိုးရာသီ အထူးဖျော်ဖြေပွဲမှာ ရွှေမန်းတင်မောင်ရဲ့ နောက်ပိုင်း ဇာတ်တော်ကြီးတွေကို တင်ဆက်ကပြသွားမယ့် တင်မောင်ဆန်းမင်းဝင်း

0
183

Tin Mg

တင်မောင်ဆန်းမင်းဝင်းက မိုးရာသီအထူးဖျော်ဖြေပွဲကို ဇွန်လ ၃ဝ ရက်နေ့၊ မျှော်စင်ကျွန်းမှာ စတင် ဖျော်ဖြေတော့မှာဖြစ်ပါတယ်။ မျှော်စင်ကျွန်းမှာဖျော်ဖြေခဲ့ တာက အခုနှစ်နဲ့ဆိုရင် ၃ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာတော့ နောက်ပိုင်းဇာတ်တော်ကြီးနဲ့ အော်ပရာ တို့ကိုအဓိကထား ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ် ကြောင်းသိရပါတယ်။ နောက်ပိုင်း ဇာတ်တော်ကြီးကို တော့ အဘိုးဖြစ်သူ အလင်္ကာကျော်စွာ ရွှေမန်းဦးတင် မောင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ နောက်ပိုင်း ဇာတ် တော်ကြီးတွေကို ပြန်လည်ကပြ သွားမှာဖြစ်ပါတယ်။

” ဒီနှစ်ကတော့ အရင်နှစ်ကနဲ့ မတူတာတွေတင်ဆက်သွားမှာပါ။ နောက်ပိုင်းနဲ့ အော်ပရာပေါ့။ အဘိုးရဲ့ နောက်ပိုင်းဇာတ်တော်ကြီးတွေကို ပြန်ကပြတ က အဘိုးကိုမီလို့ကပြတာမျိုးမဟုတ်ပါဘူး။ ပရိသတ်တွေကို ပြန်လည်ကပြချင်တဲ့အတွက် ကပြတာမျိုးပါ။ ဆက်တင်တွေကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ပရိသတ်တွေလည်း အားပေးကြစေ ချင်ပါတယ်” လို့ တင်ဆက်မှုပိုင်းနဲ့ ပတ်သက်ပြီး တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

ဒီနှစ်မှာလည်း တင်မောင်ဆန်းမင်းဝင်းရဲ့သားဖြစ်သူ မင်းရွှေရောင်တင် ပါဝင်ကပြမှာဖြစ်ပေမယ့် နောက်ပိုင်းဇာတ်တော်ကြီးတွေမှာတော့ ကပြမှာမဟုတ် ဘဲ သူ့အတွက် စီစဉ်ထားတဲ့ကဏ္ဍတစ်ခုမှာပဲ ကပြ ဖျော်ဖြေသွားမှာဖြစ်သလို သူတို့ သားအဖနှစ်ယောက် ရဲ့ နှစ်ပါးသွားကိုလည်း ပရိသတ်တွေ ကြည့်ရှု ရမှာပါ။ တင်မောင်ဆန်းမင်းဝင်းတို့အနေနဲ့ မျှော်စင်ကျွန်း၊ မိုးရာသီ ဖျော်ဖြေပွဲကို နှစ်စဉ်ကပြရခြင်းက ငွေရေး ကြေးရေး အမြတ်အစွန်းကြောင့်မဟုတ်ဘဲ မြန်မာ့ဇာတ် သဘင်ကို လူငယ်ပရိသတ်တွေနဲ့ ပြည်ပဧည့်သည်များ ကြည့်ရှုစေနိုင်ဖို့အတွက် ရည်ရွယ်ပြီးကပြတာဖြစ် ကြောင်းလည်း သိရပြီးအရင်နှစ်တွေထက် ဒီနှစ်က ကုန်ကျစရိတ်တွေလည်း ပိုများကြောင်းသိရပါတယ်။

ဒီနှစ်မှာ မိုးရာသီဖျော်ဖြေပွဲကို စီစဉ်ရတာအခက် အခဲတွေရှိပေမယ့် ပရိသတ်တွေကို ဖျော်ဖြေချင်တဲ့ စိတ်တွေနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားခဲ့တယ်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ ၃လတာ ကပြလေ့ရှိတဲ့ မိုးရာသီအထူး ဖျော်ဖြေပွဲက ဒီနှစ်မှာ လည်း သောကြာ၊ စနေရက်တွေမှာပဲ ကပြသွားမှာ ဖြစ်ပြီး ပရိသတ်တွေကြည့်ရကျိုးနပ်စေရမှာဖြစ်သလို တင်ဆက်မှုတွေ၊ ဆက်တင် အပြင်အဆင်တွေနဲ့ ဇာတ် မှာတင်ဆက်မယ့် အဝတ်အစားတွေကအစ အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here