တစ္ဆေပျောက် ရှာကြမယ့် သူတို့အကြောင်း

0
250

Ghost-MovieBo Bo Entertainment  က စီစဉ်ပြီး ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “တစ္ဆေပျောက်ကြော်ငြာ” ဇာတ်လမ်းတွဲ မှာတော့ ကျော်ကျော်ဗို မြတ်သူအောင်၊ ကျော်ကျော်၊ ဇော် ဇော်အောင်၊ နန်းဆုရတီစိုး နဲ့ နွယ်ဒါ လီထွန်းတို့ အဓိက ပါဝင်သရုပ် ဆောင် ထားကြပါတယ်။ ဒီဇာတ်လမ်း တွဲကတော့ တစ္ဆေ၊သရဲတွေကို လိုက် လံရှာဖွေတဲ့ အဖွဲ့ ဇာတ်လမ်းပုံစံကို အခြေခံထားတာ ဖြစ်ပါတယ်။  အပိုင်း ၁၆ပိုင်း ပါဝင်မှာဖြစ်ပြီး ဇာတ် ညွှန်းကို ဆူးခက်မင်းက ရေးသား ထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ထူးခြားတဲ့ ဇာတ်လမ်းဖန် တီးမှုအကြောင်းကို..

“ကျွန်တော့်အတွက်က ဒီဇာတ် လမ်းတွဲက ပထမဆုံး ဇာတ်လမ်းတွဲ ပါ။ သရဲဇာတ်ကားလည်း ဖြစ်နေတော့ ညလုံးပေါက် ရိုက်ကူးကြရတယ်။ ဇာတ်ညွှန်းပိုင်းမှာလည်း ကိုဆူးခက် မင်းနဲ့ သေသေချာချာ တိုင်ပင်ခဲ့တယ်။ သရဲ ဖမ်းတဲ့အဖွဲ့တစ်ဖွဲ့က သရဲတွေကို ဖမ်းတယ်။ ကူညီကြတယ်။ ဒီဇာတ် ကားထဲမှာ သရဲအမျိုးအစား ၈မျိုး လောက် ပါပါတယ်။ ဥပမာ ကော လိပ်ဂျင်သရဲပုံစံမျိုး ဆိုရင် ကိုမိုးမိုးပါ တယ်။ ဒီလိုမျိုး ထူးထူးခြားခြားလေး တွေဖြစ်အောင် ကြိုးစားထားတယ်။ နောက်ထပ်လည်း ဂျပန်ခေတ်က သရဲဆိုရင် အဲဒီခေတ်ကို ပြန်ရောက် သွားတယ်။ ကျွန်တော်တို့ သင်္ချိုင်းတွေ ထဲမှာ ရိုက်ကူးကြတယ်။ အသား စိမ်းစားတာတွေလည်း ထည့်ထား ပါတယ်။ ပါဝင်တဲ့ ဗခအသမတွေလည်း မိုးလင်း ပေါက် ကြိုးစားထားကြပါ တယ်။ ဇာတ်လမ်းတွဲဟာ သရဲဇာတ် ကားလေးဖြစ်တဲ့ အတွက် ပရိသတ် တွေဆီက ကြောက်တာလေးကို မျှော်လင့်ပါ တယ်”လို့ ဒီဇာတ်ကားကို ပုံဖော်တဲ့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။ ဇာတ်လမ်းတွဲရဲ့ အပိုင်းဆက်တိုင်းမှာ သရုပ်ဆောင် တွေထပ်မံ ထည့်သွင်း ရိုက်ကူးထား တယ်လို့ သိရပါတယ်။ တစ္ဆေပျောက် ကြော်ငြာ ဇာတ်လမ်းတွဲကို ဇွန်လ ၁၁ ရက်နေ့က စတင်ပြီး MNTV ရုပ်သံ လိုင်းမှာ တနင်္ဂနွေနေ့ ည ၈ နာရီတိုင်း ထုတ်လွှင့်ပြသ သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲအခမ်း အနားကိုတော့ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here